Sunday, July 7, 2019

မိုရီဆာကီဝင်းနဲ့ ရုပ်သံဇာတ်လမ်းတွဲ ရိုက်ကူးမယ့် နေခြည်ဦး

အောက်တိုဘာတွင် မိုရီ ဆာကီဝင်းနှင့်အတူ ရုပ်သံစီးရီး တစ်ခု ရိုက်ကူးရန် လက်ခံထား ကြောင်း သရုပ်ဆောင် နေခြည်ဦး က ပြောသည်။  ယင်းရုပ်သံစီးရီးကို MNTV ရုပ်သံလိုင်းက ပြသမည်ဖြစ်ပြီး ဒါရိုက်တာ ပွင့်သိင်္ဂီဇော်က ရိုက်ကူးမည်ဖြစ်ကာ မိန်းကလေး ဇာတ်ကို အဓိက ဦးစားပေးရိုက် ကူးမည့် ဇာတ်လမ်းတွဲဖြစ်သည်။  ‘‘ဒီဇာတ်လမ်းတွဲလေးက အားလုံးကြည့်လို့ရတယ်။ မိသား စုကားဖြစ်တယ်။ Leading က နေခြည်ပေးမယ့် ကာရိုက်တာ တွေအားလုံးကို သေချာရိုက်ပြမှာ ပါ။ ဒီကားလေးကြည့်လိုက်ရင် ကိုယ့်အိမ်မှာဖြစ်နေတဲ့ ဦးလေး တွေ၊ အဒေါ်တွေ၊ အဖေတွေ၊ အမေတွေ၊ မောင်တွေ၊ ညီမတွေ ရဲ့ ဂယက်မျိုးစုံကိုကြည့်နေရ သလို ခံစားရမှာပါ။ ဟဲဗီးဒရာမာ မဟုတ်ပေမယ့် အပြင်က ပုံစံလေး ကိုရအောင်လုပ်ပြီး ဟာသလေးနဲ့ နှောပြီးရိုက်မယ့် ပုံစံမျိုးလေးပါ’’ ဟု နေခြည်ဦးက ပြောသည်။


မိုရီဆာကီဝင်းနှင့် အပြင်၌ မဆုံဖူးသေးသော်လည်း တီဗီထဲ တွင် တွေ့မြင်ရသည့် အဝင်း သည် ပရိသတ်ကို ချစ်သူတစ်ဦး ဖြစ်ကြောင်း ၎င်း၏ ပြောပုံဆိုပုံနှင့် ပြုမူနေထိုင်ပုံများက သိသာသည် ဟု နေခြည်ဦးက ပြောသည်။

ရုပ်ရှင်ဇာတ်ကားရိုက်ကူး ရေး မီဒီယာ 7 က ဇာတ်များ ပေးဖတ်ထားသော်လည်း ၂၀၂၀ တွင် စာအုပ်ထုတ်ရန်ရှိသဖြင့် စဉ်းစား နေသည်ဟု ဆိုသည်။ ‘‘၂၀၂၀ မှာ ပလန်ထားတာ စာအုပ်အသစ်၊ ဗားရှင်းအသစ် ပေါ့။ အမြင်အသစ်နဲ့ လာပါမယ်။ ကြိုးစားနေတုန်းပါပဲ။ ပထမတစ် ခေါက်က ကိုယ်လုပ်ချင်တာ ကိုယ်လုပ်ထားတယ်။ အခုတစ်ခေါက် ကတော့ ပရိသတ်ရဲ့ လိုအပ်ချက် ကို ဂရုစိုက်ပြီး အသုံးဝင်ဆုံး စာ အုပ်ဖြစ်အောင် ကြိုးစားပါမယ်’’ ဟု နေခြည်ဦးက ပြောသည်။

No comments:

Post a Comment