Sunday, July 7, 2019

ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် မှတ်ကျောက်တင်ရမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရေး အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် အတူတကွ ပူးပေါင်း ဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဆို

ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလတွင် ရွေးကောက်ပွဲကော်မရှင်နှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများသည် မိတ်ဖက်များဖြစ်ကြသည့် အားလျော်စွာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် မှတ်ကျောက်တင်ရမည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရေး အတူတကွပူးပေါင်း ဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဌ ဦးလှသိန်းက ပြောကြားသည်။

ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အရပ်ဘက်လူမှုအဖွဲ့အစည်းများ ပါဝင်သော  Vision 2020 က မြန်မာနိုင်ငံရွေးကောက်ပွဲများအတွက် အရေးကြီးအချက် ငါးချက်နှင့် ပတ်သက်၍ ကဏ္ဍဍစုံမှ ဆက်စပ်ပတ်သက်နေသူများအကြား ဆွေးနွေးပွဲကို ဇူလိုင် ၅ ရက် နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ ကျင်းပခဲ့ပြီး အဆိုပါအခမ်းအနား အဖွင့်အမှာစကားပြောကြားရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဌ ဦးလှသိန်းက ထိုသို့ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက သတင်းဖော်ပြသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲကို လွတ်လပ်မှု၊ တရားမျှတမှု၊ ပွင့်လင်းမြင်သာမှု၊ အများယုံကြည်လက်ခံမှု၊ ပြည်သူ့ဆန္ဒနှင့် ရွေးကောက်ပွဲရလဒ်တစ်ထပ် တည်းဖြစ်စေရေးဆိုသည့် စံငါးချက်နှင့်အညီ ကျင်းပပေးမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဌ ဦးလှသိန်းက ပြောကြားသည်။


ထို့ပြင် ကြိုတင်မဲပေးခြင်းနှင့်စပ်လျဉ်း၍ ပွင့်လင်း မြင်သာမှု၊ သမာသမတ်ကျမှုကို ဥပဒေ၊ နည်းဥပဒေများနှင့်အညီ သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲများက ကြီးကြပ်ဆောင်ရွက်နေကြောင်း၊ ရွေးကောက်ပွဲကုန်ကျစရိတ် တင်သွင်းခြင်းနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်လောင်းများအနေဖြင့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်းလည်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဌက ပြောကြားသည်။

ဆက်လက်၍ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံတကာနှင့် ပြည် တွင်းရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေး အဖွဲ့များကို ခွင့်ပြုပေးမည်ဖြစ်ပြီး ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များ အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲဥပဒေ၊ ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌဌ ဦးလှသိန်းက  ဆက်လက်ပြောကြားသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ မဟာဗျူဟာစီမံကိန်း (၂၀၁၉-၂၀၂၂ ) တွင် အမျိုးသမီးများ၊ တိုင်းရင်းသားလူမျိုးများနှင့် မသန်စွမ်းသူများအားလုံး ပါဝင်ဆောင်ရွက်မှု မြှင့်တင်ရန်အတွက် ကဏ္ဍဍစုံမှ ပါဝင် ပတ်သက်သူများနှင့် ဆက်ဆံခြင်း၊ အားလုံးပါဝင်မှုမြှင့်တင်ခြင်းအခန်းများ ထည့်သွင်းရေးဆွဲ၍ အကောင်အထည်ဖော်ဆောင်ရွက်နေပြီး ၂၀၁၉ ခုနှစ်ကို မဲဆန္ဒရှင်စာရင်းပြုစုခြင်း နှစ်အဖြစ် သတ်မှတ်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် သက်ဆိုင်ရာအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ် ရေးဦးစီးဌာနတို့နှင့် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဌက ပြောကြားသည်။

လက်ရှိအခြေအနေအရ နိုင်ငံတော် အစိုးရ၊ ပြည်သူနှင့် နိုင်ငံရေးပါတီအားလုံးတို့သည် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်နိုင်ရေးရည်ရွယ်ချက်တူညီစွာဖြင့်  ပူးပေါင်းဆောင်ရွက်ရန် အချိန်အခါကျရောက်နေပြီဖြစ်သည့်အတွက် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရေး နိုင်ငံကြီးသားပီသစွာ ကျရာကဏ္ဍဍက တာဝန်ယူဆောင်ရွက်ပေးပါရန်  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဌ ဦးလှသိန်းက တိုက်တွန်းပြောကြားသည်။

ဆွေးနွေးပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌဌ ဦးလှသိန်းနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့် အရပ် ဘက်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

No comments:

Post a Comment