Sunday, July 7, 2019

ဗင်နီဇွဲလား လွတ်လပ်ရေးနေ့တွင် နိုင်ငံရေးပြိုင်ဘက်များက အပြိုင်အဆိုင်စုဝေးမှု ပြုလုပ်ခဲ့

ဗင်နီဇွဲလားတွင် တရားဥပဒေစိုးမိုးမှု တစ်စတစ်စ ယုတ်လျော့လာနေကြောင်း ကုလသမဂ္ဂက သတိပေးထားချိန်တွင် ဇူလိုင် ၅ ရက်တွင် ကျရောက်သော လွတ်လပ်ရေးနေ့၌ သမ္မတနီကိုးလက်မာဒူရိုနှင့် အတိုက်အခံခေါင်းဆောင် ဟွမ်ဂွါအီဒိုတို့က ဦးဆောင်၍ အပြိုင်အဆိုင် စုဝေးမှုများ ပြုလုပ်ခဲ့ကြသည်။ ဗင်နီဇွဲလား၏ တရားဝင်ကြားဖြတ်သမ္မတအဖြစ် ကိုယ့်ကိုယ်ကိုယ် ကြေညာခဲ့သည့် ဂွါအီဒိုက မြို့တော်ကာရာကက်ရှိ လမ်းများပေါ်တွင် စုဝေးနေသည့် ထောက်ခံသူများအား မျှော်လင့်ချက်ကို မစွန့်လွှတ်ရန်  တိုက်တွန်းခဲ့သည်။ “ထွက်မသွားကြနဲ့။ ကျွန်တော်တို့တွေ ဒီနေရာကို ရောက်မှာပါ။ သံသယလည်း မဝင်ကြပါနဲ့။ ကျွန်တော်တို့တွေ အောင်မြင်မှာပါ” ဟု ゞင်းက ပြောကြားခဲ့သည်။



မာဒူရို၏ အခွင့်အာဏာအား တိုက်ရိုက် စိန်ခေါ်မှုအဖြစ် ပြီးခဲ့သော ဇန်နဝါရီတွင် ကြားဖြတ်သမ္မတအဖြစ် ကြေညာခဲ့သည့် ဗဟိုလက်ယာယိမ်းခေါင်းဆောင် ဂွါအီဒို၏ မိန့်ခွန်းပြောမှုကို နားထောင်ရန် စုဝေးသူ အင်အားသည် ယခုနှစ်အစောပိုင်းတွင်  ပူးပေါင်းခဲ့သည့် အင်အားထက် အလွန်အမင်း နည်းပါးသွားခဲ့သည်။ ဗင်နီဇွဲလားတွင် ဇူလိုင် ၅ ရက်သည် ၁၈၁၁ ခုနှစ်၌ လွတ်လပ်ရေးကြေညာမှု နှစ်ပတ်လည်နေ့ဖြစ်သည်။

သမ္မတ မာဒူရိုကလည်း နိုင်ငံထူထောင်သူများအား ဂုဏ်ပြုထားသည့် နေရာဖြစ်သည့်  Paseo de los  Proceres တစ်လျှောက် စစ်ရေးပြမှုကို ဦးဆောင်ခဲ့ပြီး စစ်ဘက်ထိပ်တန်း ပုဂ္ဂိုလ်များ၏ ထောက်ခံမှုများကိုလည်း ရရှိခဲ့သည်။ လက်နက်ကိုင် တပ်ဖွဲ့ဝင်များကိုသာ အားကိုးပါက မိမိတို့သည် နိုင်ငံ၏ရန်သူများအား ရင်ဆိုင်ရန် မကြောက်ရွံ့ကြောင်း စစ်ဆင်ရေးဆိုင်ရာ မဟာဗျူဟာတပ်မှူး ဗိုလ်ချုပ်ကြီး ရီမီဂီယိုဆီဘယ်လိုက သမ္မတကို အာမခံခဲ့သည်။

ဗင်နီဇွဲလားတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်ချက်ဖြင့် ညှဉ်းပန်းနှိပ်စက်ခံရခြင်း၊ လူထောင်ပေါင်းများစွာ သတ်ဖြတ်ခံရခြင်းတို့အပါအဝင် နိုင်ငံရေးအတိုက်အခံများနှင့် တက်ကြွ လှုပ်ရှားသူများအား တိုက်ခိုက်မှုကို ထောက်ပြလျက် ဗင်နီဇွဲလားအား ရှုတ်ချသည့် အစီရင်ခံစာကို ကုလသမဂ္ဂ လူ့အခွင့်အရေးအကြီးအကဲ မီရှဲဘာချီလက်က ထုတ်ပြန်ခဲ့သည်။

သို့သော် မကြာသေးမီ ရက်များအတွင်း ဂျာနယ်လစ် Braulio Jatar ၊  တရားသူကြီး Lourdes Afiuni တို့ အပါအဝင် အကျဉ်းသား ၂၂ ဦးအား ပြန်လွှတ်ပေးမှုအတွက် ဘာချီလက်က ကြိုဆိုခဲ့သည်။ လက်တင်အမေရိက အင်အားကြီး နိုင်ငံများအပါအဝင် အခြားနိုင်ငံ ၅၀ ခန့်နှင့် အတူ အမေရိကန်က မာဒူရိုသည် သမ္မတ အဖြစ် တရားမဝင်ဘဲ ဂွါအီဒိုသည်သာ ကြား ဖြတ်ခေါင်းဆောင်ဖြစ်ကြောင်း ကြေညာခဲ့ သည်။ သို့သော် ရုရှား၊ တရုတ်နှင့် ကျူးဘား တို့၏ ထောက်ခံမှုရထားဆဲဖြစ်သည့် မာဒူရို က အာဏာကို ဆက်လက်ချုပ်ကိုင်ထားနိုင် ဆဲဖြစ်သည်။   

No comments:

Post a Comment