Sunday, July 7, 2019

လက်တုံ့ပြန်သည့်အနေဖြင့် ဗြိတိန်သင်္ဘောကို ဖမ်းဆီးမည်ဟု အီရန်တပ်မှူးပြော

အီရန်ရေနံတင်သဘောင်္ ဖမ်းဆီးခံရတာကို လက်တုံ့ပြန်ပြီး ဗြိတိန်သင်္ဘောကို ဖမ်းဆီးသွားမယ်လို့ အီရန်တော်လှန်ရေး အစောင့်တပ်မှူးက ဇူလိုင်လ ၅ ရက်မှာ ခြိမ်းခြောက်လိုက်ပါတယ်။ အီရန်တော်လှန်ရေး အစောင့်တပ်မှူး မိုဇန်ရက်ဇာက “အီရန် ရေနံတင်သင်္ဘောကို မလွှတ်ပေးရင် ဗြိတိန်ရေနံတင်သင်္ဘောကို ဖမ်းဆီးရမှာက အာဏာပိုင်တွေရဲ့ တာဝန်ဖြစ်တယ်” လို့ တွစ်တာမှာ ရေးခဲ့ပါတယ်။ ဆီးရီးယားနိုင်ငံဆီ ဦးတည်ခုတ်မောင်းလာတဲ့ ရေနံတင်သင်္ဘောတစီးကို ဗြိတိန်တော်ဝင် မရိမ်းတပ်ဖွဲ့က ဇူလိုင် ၄ ရက်နေ့မှာ ဖမ်းဆီးလိုက်ခဲ့တာပါ။



အဲဒီသင်္ဘောဟာ အီးယူဒဏ်ခတ်မှုတွေကို ချိုးဖောက်ပြီး ဆီးရီးယားနိုင်ငံကို  ရေနံပို့ဆောင်နေတယ်လို့ အာဏာပိုင်တွေက စွပ်စွဲလိုက်တဲ့အတွက် ဒီဖြစ်ရပ်ဟာ အနောက်နိုင်ငံတွေနဲ့ အီရန်အကြား ထိပ်တိုက်တွေ့မှုကို အရှိန်မြင့်စေခဲပါတယ်။

ဂျီဘရော်တာအစိုးရကတော့ အီရန်ရေနံတင်သဘောင်္ Grace 1 သွားရောက်မယ့် နေရာကို အတည်ပြုလိုတဲ့အတွက် သင်္ဘောပေါ်က အမှုထမ်းတွေကို တရားခံတွေ လိုမဟုတ်ဘဲ သက်သေတွေလို မေးမြန်းခဲ့တာလို့ ပြောပါတယ်။

အီရန်ဟာ အီးယူအရေးယူဒဏ်ခတ်မှုတွေကို  ချိုးဖောက်ပြီး ဆီးရီးယားကို ရေနံပို့ဆောင်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် ဗြိတိန်တော်ဝင် မရိန်းတပ်သားတွေက ဂျီဘရော်တာကမ်းလွန်မှာ အီရန်ရေနံတင်သင်္ဘောပေါ် တက်ခဲ့ပါတယ်။

တော်ဝင် မရိန်းတပ်သားတွေဟာ ခုတ်မောင်းနေတဲ့ ရေနံတင်သင်္ဘောပေါ်ကို ရဟတ်ယာဉ်နဲ့ ညအချိန် ဆင်းခဲ့တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။

No comments:

Post a Comment