Sunday, July 7, 2019

ဘရာဇီး ဗိုလ်စွဲရန် ရေပန်းစားသော်လည်း အနိုင်ယူနိုင်သည့်အင်အားရှိဟု ပီရူးနည်းပြ ကြုံးဝါး

အိမ်ရှင်ဘရာဇီးအ သင်းသည် ကိုပါအမေရိကဗိုလ်လု ပွဲတွင် အနိုင်ရမည်ဟု ရေပန်းစား နေသော်လည်း မိမိ၏ အသင်းသားများအပေါ် ယုံကြည်မှုရှိကြောင်း ပီရူးအသင်း၏ အာဂျင်တီးနားနည်းပြရီကာဒိုဂါရီကာက ပြောကြားသည်။ ‘‘ဗိုလ်လုပွဲကို ရောက်လာ ချိန်မှာ အနိုင်ရအောင်ကြိုးစားရပါ မယ်။ တခြားရွေးချယ်စရာမရှိပါ ဘူး။ ကျွန်တော်တို့ရဲ့ကိုယ်ပိုင်အ ရည်အချင်းကြောင့် ဗိုလ်လုပွဲ ရောက်လာတာပါ။ ဒီအုပ်စုက အရမ်း အင်အားတောင့်တင်းပါ တယ်။ အဲဒါဟာ အဓိကကျတယ် လို့ ကျွန်တော်ထင်ပါတယ်။ ကျွန် တော်တို့မှာ ပြိုင်ဘက်တွေကို ကျော်ဖြတ်ဖို့ အင်အားရှိပါတယ်’’ ဟု ဂါရီကာက ပြောကြားသည်။



ယခုဗိုလ်လုပွဲတွင် ဗိုလ်စွဲရန် စွမ်းဆောင်နိုင်သည့် ကစားသမား များ မိမိတို့၌ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ပီရူးဝါရင့်တိုက်စစ်မှူး ပေါ် လိုဂူအာရီရိုကလည်း ဘရာဇီး သည် လူများစွာ၏ လေးစားခြင်းခံ ရသော အသင်းဖြစ်ကာ မိမိတို့ လူအများလေးစားခြင်း မရှိသော် လည်း နိုင်ငံအတွက် ဖလားရရေး အကောင်းဆုံး ကြိုးပမ်းမည်ဟု ပြောသည်။

ဘရာဇီးသည် ၂၀၀၇ နောက်ပိုင်း ကိုပါဖလားလက်မဲ့ ဖြစ်မှုကို ယနေ့ညဥ့်သန်းခေါင် ကျော်တွင် အဆုံးသတ်ရန် ကြိုး ပမ်းမည်ဖြစ်ပြီး အာဂျင်တီးနားကို နိုင်သောပွဲ၌ အနည်းငယ်နာကျင် မှုရှိခဲ့သော ဂိုးသမား အလီဆင် ဘက်ကာသည် ဗိုလ်လုပွဲမတိုင်မီ လေ့ကျင့်ခန်း မဆင်းနိုင်သော် လည်း ပီရူးကိုရင်ဆိုင်မည့်ပွဲတွင် ပါဝင်မည်ဖြစ်သည်။

ဘရာဇီးသည် တိုက်စစ်က စားပုံလှပခြင်းကြောင့် လူကြိုက် များသော အသင်းဖြစ်နေစဉ် ယခု ပြိုင်ပွဲတွင် ဗိုလ်လုပွဲအထိ တက် လှမ်းရာလမ်းကြောင်း၌ ငါးပွဲပေး ဂိုးမရှိဖြင့် အကောင်းဆုံးခံစစ်ကို ပိုင်ဆိုင်ထားကာ အုပ်စုအဆင့်က ၅-၀ ဂိုးဖြင့်နိုင်ခဲ့သော ပီရူးကိုအ နိုင်ယူပြီး ဗိုလ်စွဲမည်ဟု ရေပန်း စားနေသည်။

သို့သော် ဘရာဇီးအနေဖြင့် ပီရူးခံစစ်ကြောင်းကို ထိုးဖောက် ရာတွင် သည်းခံရန်၊ စောင့်ဆိုင်း ရန် လိုမည်ဖြစ်ပြီး ပီရူး၏တန်ပြန် တိုက်စစ်ကို သတိထားရမည်ဖြစ် သည်။

No comments:

Post a Comment