Sunday, July 7, 2019

အမျိုးသမီးတစ်ဦးအား လည်ပင်းညှစ်ပြီး ငွေလုယူထွက်ပြေးမှု အမရပူရမြို့နယ်တွင် ဖြစ်ပွား

ကန်တော့ကြေးပေးရန် အိပ်ခန်းအတွင်း ငွေယူစဉ် အမျိုးသမီးအား လည်ပင်းညှစ်ပြီး ငွေလုယူထွက်ပြေးမှုဖြစ်ပွားပြီး တရားခံဖြစ်သူအား ဖမ်းဆီးထားကြောင်း ရဲတပ်ဖွဲ့ မှ သတင်းရရှိသည်။ ဇူလိုင် ၅ ရက် ညနေ ၅ နာရီ ၁၅ မိနစ် က အမရပူရမြို့နယ် တောတွင်းရွာအုပ်စု၊ ထုံးဘိုတောင်ရွာတွင် လူတစ်ဦး အိမ်အတွင်း ဝင်ရောက်၍လုယူနေသည်ဟု သတင်းရရှိခဲ့သဖြင့် (နယ်မြေရဲစခန်း၊ မြစ်ငယ်) မှ ရဲအုပ် မိုးခိုင်နှင့်အဖွဲ့သည် သက်သေများနှင့်အတူ စစ်ဆေးရာ ညနေ ၄ နာရီ ၄၅ မိနစ် ထုံးဘို တောင်ကျေးရွာနေ  ဒေါ်စန်းမြိုင် ၆၅ နှစ်သည် နေအိမ်တွင် တစ်ဦးတည်းရှိနေစဉ် ယခင်က ゞင်း၏ ခင်ပွန်းလုပ်ကိုင်သည့်  ကုမ္ပဏီကျောက်ထုတ်လုပ်ရေးမိုင်း နည်းပြထံတွင် ကျောက်ထုတ်လုပ်သားအဖြစ် လုပ်ကိုင်နေသော မျိုးမင်းဟန် ၂၆ နှစ် ကြည်ဝန်း ကျေးရွာ၊ ပုသိမ်ကြီးမြို့နယ်နေသူ ရောက်ရှိလာပြီး
ကန်တော့ကာ အမျိုးသမီးက ကန်တော့ကြေးပေးရန် အိပ်ခန်းအတွင်း ငွေယူစဉ် မျိုးမင်းဟန်က အဆိုပါအမျိုးသမီးအား လည်ပင်းညှစ်ပြီး မေ့လဲသွားစဉ် ငွေကျပ် ၈၁၅၀ဝ၀ဝ ခန့်အား ယူဆောင်ထွက်ပြေးသွားကြောင်းနှင့် ဒေါ်စန်းမြိုင်၏လည်ပင်း နှင့် မျက်နှာတို့တွင် ပွန်းခြစ်ဒဏ်ရာ (မစိုးရိမ်ရ)ရရှိထားကြောင်း တွေ့ရှိပြီး အမရပူရဆေးရုံသို့ တင်ပို့ကုသခဲ့ကြောင်း သတင်းရရှိ သည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိနိုင်ရေးအတွက် ရဲအုပ်မိုး ခိုင်နှင့်အဖွဲ့မှအဖွဲ့များခွဲပြီး စုံစမ်းဖမ်းဆီး ဆောင်ရွက်ခဲ့ရာ ညနေ ၅ နာရီ ၄၅ မိနစ် အချိန်တွင် မျိုးမင်းဟန်အား အမျိုးသမီး၏ နေအိမ်အနီးတွင် နံပါတ်မပါ Zhan Shaing -125 ဆိုင်ကယ်နှင့်အတူ ဖမ်းဆီးရမိပြီး သက်သေများရှေ့ ရှာဖွေစစ်ဆေးရာ ゞင်းထံမှ အရိုးအသွား ၁၀ လက်မခွဲခန့်ရှိ ဓားဦးချွန်တစ်ချောင်း၊ ငွေစက္ကူရောရာကျပ် ၈၁၅၀ဝ၀ဝ ခန့်၊ ဘေးလွယ်အိတ်တစ်လုံး၊ မျက်မှန် တစ်လက် ၊ ဦးထုပ်တစ်လုံး၊ Mask အနက်ရောင်တစ်ခုတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်နှင့်ပတ်သက်ပြီး နယ်မြေရဲစခန်း (မြစ်ငယ်) မှ (ပ)၄၈၆/၂၀၁၉၊ ရာဇ သတ်ကြီးပုဒ်မ ၃၉၄ အရ အမှုဖွင့်ဖမ်းဆီး စစ်ဆေးလျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment