Sunday, July 7, 2019

မူးယစ်ဆေး ရောင်းချငွေ ဒေါ်လာ ၁၂.၇ ဘီလျံကို ဒဏ်ကြေးငွေအဖြစ်ပေးရန် အမေရိကန်က အယ်ခပိုထံမှ တောင်းဆို

မက္ကဆီကိုနိုင်ငံသား မူးယစ်ဘုရင် ယော်ကွင်းအယ်ခပိုဂူဇမန်၏ မူးယစ်အဖွဲ့က အမေရိကန်တွင် မူးယစ်ဆေးဝါးရောင်းချမှုမှ အမြတ်ငွေများကို မယုတ်မလွန် ခန့်မှန်းထားမှုကို အခြေခံပြီး ၎င်းထံမှ ဒဏ်ကြေးအဖြစ် ဒေါ်လာ ၁၂.၇ ဘီလျံ တောင်းဆိုခဲ့သည်ဟု အမေရိကန်အစိုးရ ရှေ့နေများက ဇူလိုင် ၅ ရက်တွင် ပြောကြားခဲ့သည်။ တရားခံ၏ မူးယစ်ဆေးဝါးနှင့် ဆက်စပ်သည့် ရာဇဝတ်မှုများမှ ရရှိသည့် ငွေကြေး အားလုံး (သို့မဟုတ်) ပိုင်ဆိုင်မှုအားလုံးကို ပြစ်ဒဏ်အဖြစ်သိမ်းယူရန် အာဏာပိုင်များက ခွင့်ပြုခဲ့သည်ဟု အမေရိကန်အစိုးရ ရှေ့နေ Richard Donoghue က တင်သွင်းခဲ့သည့် အဆိုပြုချက်တစ်ခုအရ သိရသည်။


မျက်မြင်သက်သေများစွာကို ကိုးကားထားသည့် မူးယစ်ဆေးဝါးဈေးနှုန်းများအရ ဂူဇမန်က၂၅ နှစ်ကြာ အုပ်ချုပ်ခဲ့သည့် မူးယစ်ဆေးအဖွဲ့ Sinaloa cartel သည် ကိုကင်း ရောင်းချမှုမှ ဒေါ်လာ ၁၁.၈ ဘီလျံ၊ ဆေး ခြောက်ရောင်းချရမှုမှ ဒေါ်လာ ၈၄၆ သန်း နှင့် ဘိန်းဖြူရောင်းချရမှုမှ ဒေါ်လာ ၁၁ သန်း အသားတင်အမြတ်ရရှိခဲ့သည်ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။

အသက် ၆၂ နှစ်အရွယ် ဂူဇမန်သည် လွန်ခဲ့သည့် ၂၅ နှစ်အတွင်း အမေရိကန်နိုင်ငံသို့ ကိုကင်း၊ ဘိန်းဖြူ၊ မက်သာဖက်တမင်း နှင့် ဆေးခြောက်တန်ချိန် ရာနှင့်ချီ တရားမဝင် ကုန်ကူးမှုအတွက် သုံးလကြာ ရုံးတင် စစ်ဆေးခံခဲ့ရပြီးနောက် ၎င်း၌ အပြစ်ရှိကြောင်း ဖေဖော်ဝါရီတွင် စစ်ဆေးတွေ့ရှိခဲ့သည်။

No comments:

Post a Comment