Sunday, July 7, 2019

အာဖရိက လွတ်လပ်စွာ ကုန်သွယ်ရေးဇုန် ၂၀၂၀ ပြည့်နှစ်တွင် စတင်အသက်ဝင်မည်ဟု ခန့်မှန်းထား

ယခုသီတင်းပတ်တွင် နိုင်ဂျာနိုင်ငံ၌ ပြုလုပ်မည့် ထိပ်သီးဆွေးနွေးပွဲတစ်ခုတွင် လုပ်ထုံးလုပ်နည်းအရ စတင်ဆောင်ရွက်ရန် သတ်မှတ်ထားသည့် အထင်ကရ အာဖရိက လွတ်လပ်စွာ ကုန်သွယ်ရေးဇုန်ကို ၂၀၂၀ ပြည့်နှစ် ဇူလိုင်တွင် စတင်အသုံးပြုနိုင်ခြေရှိကြောင်း အာဖရိကသမဂ္ဂ ( AU )  ၏ ကုန် သွယ်ရေးဆိုင်ရာအထူးတာဝန် ပေးအပ်ခံရသူတစ်ဦးက ဇူလိုင် ၅ ရက်တွင် ပြောကြားခဲ့သည်။

“ကုန်သွယ်ရေး တကယ် စတင်မယ့်ရက်က ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၁ ရက် ဖြစ်သင့်တယ်လို့ ထိပ်သီးဆွေးနွေးပွဲကို ကျွန်တော်တို့ အကြံပေးခဲ့တယ်။အခုထိတော့ မပြောင်းလဲသေးဘူး။ ထိပ်သီးဆွေးနွေးပွဲက ဒီအကြံပြုချက်ကို သုံးသပ်နေတယ်” ဟု အဖွဲ့ဝင်နိုင်ငံ ၅၅ နိုင်ငံပါ ဝင်သည့် AU ၏ ကုန် သွယ်ရေးနှင့်စက်မှုလုပ်ငန်းတာဝန်ခံ အဲဘတ်မူချန်ဂါက ပြောကြားခဲ့သည်။

ကုန်သွယ်ရေးဝန်ကြီးများက လက်ခံခဲ့သည့်အတွက် နိုင်ငံ့ခေါင်းဆောင်များကလည်း လက်ခံနိုင်ခြေရှိသည်ဟု ခန့်မှန်းကြောင်း ゞင်းက ပြောကြားခဲ့သည်။ ၁၇ နှစ်ကြာ ညှိနှိုင်းခဲ့ရသည့် အာဖရိကဆိုင်ရာ လွတ်လပ်စွာ ကုန်သွယ်ရေးဒေသ (AfCFTA) သည် AU ထိပ် သီးဆွေးနွေးပွဲတွင် အဓိကအာရုံစိုက်မည့် ကိစ္စရပ် ဖြစ်နိုင်ခြေရှိသည်။

အာဖရိက၏လူဦးရေအထူထပ်ဆုံး နိုင်ငံနှင့် ဘီနင်၊ အီရစ်ထရီးယားနိုင်ငံတို့နှင့်အတူ ယင်းသဘောတူညီမှုတွင် အထင်ရှားဆုံး ပျက်ကွက်သည့်နိုင်ငံဖြစ်သော နိုင်ဂျီးရီးယားက နိုင်ဂျာနိုင်ငံ၏ မြို့တော် Niamey တွင် AfCFTAကို လက်မှတ်ရေးထိုးမည်ဟု ယခုသီတင်းပတ်အစောပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

 အာဖရိကနိုင်ငံများအကြား ရောင်းဝယ်ဖောက်ကားသည့် ကုန်စည်ပစ္စည်း ၉၇ ရာခိုင်နှုန်းအပေါ်တွင် အကောက်ခွန်များ အဆင့်ဆင့်ရပ်ဆိုင်းမည့် ယင်းသဘောတူညီချက်သည်  ဖွံ့ဖြိုးတိုးတက်မှုအတွက်  တွန်းအားတစ်ခုဖြစ်လာလိမ့်မည်ဟု မူချန်ဂါက ပြောကြားခဲ့သည်။

“ အကြီးမားဆုံး အကျိုးအမြတ်က အာဖရိက တစ်စစီ ကွဲထွက်မှုကနေ ဖယ်ရှားပေးတာပါပဲ”  ဟု မူချန်ဂါက ပြောကြားခဲ့သည်။ နိုင်ငံခြားငွေလုံးငွေရင်းစုပြုံဝင်ရောက်မှုသည် အလုပ်အကိုင်အခွင့်အလမ်းနှင့် ကြွယ်ဝချမ်းသာခြင်းကို ဖန်တီးပေးနိုင်လိမ့်မည်ဟု ゞင်းက ခန့်မှန်းခဲ့သည်။

AU ၏ ထုတ်ပြန်ချက်အရ အာဖရိက၏လူဦးရေ  ၁.၂ ဘီလျံကို စုစည်းစေပြီး ကမ္ဘာ့အကြီးဆုံး ကုန်သွယ်ရေးအုပ်စုဖြစ်စေသည့် လွတ်လပ်စွာကုန်သွယ်ရေးဇုန်သည် ၂၀၂၂ ခုနှစ် မတိုင်မီ အာဖရိကနိုင်ငံများ အတွင်း ကုန်သွယ်မှုကို ရာခိုင်နှုန်း ၆၀ ကျော် မြင့်တက်လာနိုင်ခြေရှိသည်ဟု ခန့်မှန်းထားသည်။

သို့သော် ဈေးချိုသည့် သွင်းကုန်များက အသေးစားထုတ်လုပ်သူများနှင့် စိုက်ပျိုးမွေး မြူရေး လုပ်ဆောင်သည့်မိသားစုဝင်များကို ထိခိုက်မှုရှိလာနိုင်သည်ကို အချို့က စိုးရိမ်ခဲ့ကြသည်။ အချို့နိုင်ငံများသည် အခွန်အတွက် ကာလတို ထိခိုက်မှုနှင့် ကြုံတွေ့နိုင်ခြေ ရှိသော်လည်း ယှဉ်ပြိုင်မှုသည် ဆန်းသစ် ပြောင်းလဲမှုဖြစ်လာစေရန်စေ့ဆော်ပေးနိုင်သည်ဟု မူချန်ဂါက ပြောကြားခဲ့သည်။

ကူညီထောက်ပံ့မှုလိုအပ်သည့်နိုင်ငံများအတွက် အာဖရိကပို့ကုန်သွင်းကုန်ဘဏ်က ဘဏ်စာရင်းရှိ ဒေါ်လာ တစ်ဘီလျံ ကို ကြိုတင်လျာထားကြောင်း ゞင်းက ကြေညာခဲ့သည်။

နိုင်ငံ ၂၂ နိုင်ငံထက်မနည်း သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီးနောက် လွတ်လပ်စွာကုန်သွယ်ရေးဇုန်သဘောတူညီမှုသည် မေ နှောင်းပိုင်းတွင် သဘောတရားအရ စတင်ဖြစ် တည်လာခဲ့သည်။

No comments:

Post a Comment