Sunday, July 7, 2019

GGS နှင့် စာချုပ်ဖျက်ပြီးနောက် ထားဝယ်ခရိုင် လျှပ်စစ်တင်ဒါအသစ် ပြန်ခေါ်

အဂတိလိုက်စားမှုများ ကြောင့် GGS ကုမ္ပဏီနှင့် ချုပ်ဆို ထားသော လျှပ်စစ်ထုတ်လုပ်ရေး စာချုပ်ကို ဖျက်သိမ်းပြီးနောက် တနင်္သာရီတိုင်းအစိုးရက ထား ဝယ်ခရိုင် လျှပ်စစ်ဓာတ်အားပေး ရေး တင်ဒါအသစ်ကို ယနေ့က စ၍ ခေါ်ယူသည်။ တင်ဒါလျှောက်လွှာများကို တနင်္သာရီတိုင်း အစိုးရအဖွဲ့ရုံး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန က ဇူလိုင် ၈ ရက် နံနက် ၁၀ နာရီ ကစ၍ တစ်လကြာရောင်းချ မည်ဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့က ဇူလိုင် ၅ ရက်တွင် ကြေညာ သည်။



တင်ဒါနှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုပါက ဖုန်း ၀၅၉- ၂၀၂၂၅၉၁ နှင့် ၀၅၉-၂၀၂၃၄၉၅သို့ ဆက်သွယ်မေးမြန်းနိုင် ကြောင်း ကြေညာချက်တွင် ဖော် ပြထားသည်။

‘‘တင်ဒါစနစ်ကိုတော့ ကြိုက် တဲ့သူတွေ၊ စိတ်ဝင်စားတဲ့သူတွေ ဝင်ပြိုင်ရမှာပဲ။ နိုင်ငံခြားကုမ္ပဏီ တွေကတော့ ရေရှည်ရင်းနှီးမြှုပ်နှံ မှုလုပ်ဖို့ လာပြီးရှင်းပြထားတာ တော့ရှိတယ်။ ကြမ်းခင်းဈေးက တော့ ပြောလို့မရဘူး။ လျှို့ဝှက် ပါ’’ဟု တိုင်းလျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီး ဦးအောင်သူရက ရှင်းပြ သည်။ သို့သော် ယခုခေါ်ယူမည့် တင်ဒါအသစ်အတွက် တိုင်း အစိုးရအဖွဲ့က လျှပ်စစ် တစ်ယူ နစ်ဈေးနှုန်းကို ကြမ်းခင်းဈေး သတ်မှတ်ထားကြောင်း ဦးအောင် သူရကဆိုသည်။

လက်ရှိတွင် GGS ကုမ္ပဏီ နှင့် ချုပ်ဆိုထားသည့် စာချုပ်ကို ဖျက်သိမ်းပြီးဖြစ်သော်လည်း ယခု နှစ် စက်တင်ဘာအကုန် (တင်ဒါ အသစ်ခေါ်ယူသည့်ကာလ) အ တွင်း ထားဝယ်ခရိုင် လျှပ်စစ်မီး ပြတ်တောက်မှုမရှိစေရန် GGS ကုမ္ပဏီကို လျှပ်စစ်ဓာတ်အားခ တစ်ယူနစ်လျှင် ကျပ် ၂၅၀ နှုန်း ဖြင့် တိုင်းအစိုးရအဖွဲ့က လုပ်ပိုင် ခွင့် ဆက်လက်ပေးထားသည်။

ပြည်သူများနှင့် တိုင်းလွှတ် တော်ကိုယ်စားလှယ်များ၏ တိုင် ကြားမှုများကြောင့် ယခင်ဝန်ကြီး ချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော် နှင့် GGS ကုမ္ပဏီ ထိပ်တန်း တာဝန်ရှိသူ သုံးဦးတို့အကြား အဂတိလိုက်စားမှုများ ဖြစ်ပေါ်ခဲ့ ကြောင်း အဂတိလိုက်စားမှုတိုက် ဖျက်ရေးကော်မရှင်က စစ်ဆေး တွေ့ရှိခဲ့သည်။ ထို့ကြောင့် ၎င်းတို့ကို ထား ဝယ်အကျဉ်းထောင်အတွင်း ထိန်း သိမ်းထားပြီး အဂတိကော်မရှင်က တနင်္သာရီတိုင်း တရားလွှတ်တော် တွင် အမှုလေးမှုဖွင့်ကာ တရားစွဲ ဆိုထားသည်။

No comments:

Post a Comment