Sunday, July 7, 2019

ဗစ်တိုးရီးယားအမှုမှန် အမြန်ဆုံး ပေါ်ပေါက်ရေးနှင့် အမှုမှန်ပေါ်ပေါက်ရေးအတွက် တရားဥပဒေစိုးမိုးရေးကဏ္ဍဍ၏ အဓိကသက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဆက်စပ်ပတ်သက်သူများ ပူးပေါင်းပေးရန် NLD ဗဟို အမျိုးသမီးလုပ်ငန်းကော်မတီ တိုက်တွန်း

ဗစ်တိုးရီးယားအမှုမှန် အမြန်ဆုံးပေါ်ပေါက်ရေးနှင့် အမှုမှန်ပေါ်ပေါက်ရေးအတွက် တရားဥပဒေစိုးမိုးရေးကဏ္ဍဍ၏ အဓိကသက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဆက်စပ်ပတ်သက်သူများ ပူးပေါင်းပေးရန် NLD ဗဟိုအမျိုးသမီး လုပ်ငန်းကော်မတီက တိုက်တွန်းကြောင်း ကြေညာချက် ဇူလိုင် ၆ ရက်တွင် ထုတ်ပြန်သည်။ ထုတ်ပြန်ချက်တွင် မေ ၁၆ရက် နေပြည်တော် Wisdom Hill ပုဂ္ဂလိကမူကြိုကျောင်းတွင် ဖြစ်ပွားခဲ့သော အသက်သုံးနှစ်အရွယ် မူကြိုကျောင်းသူ ဗစ်တိုးရီးယားအပေါ် ကျူးလွန်ခဲ့သော အမှုဖြစ်စဉ်နှင့်ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအမျိုးသမီး လုပ်ငန်းအဖွဲ့မှ မျက်ခြည်မပြတ်စောင့် ကြည့်လျက်ရှိကြောင်း ပါရှိသည်။



သို့သော် ဗစ်တိုးရီးယား၏အမှုမှန်ပေါ်ပေါက်ရေးမှာ ကျူးလွန်ခံရသူသမီးငယ် ဗစ်တိုးရီးယားအတွက်သာမက အများပြည်သူ၏ မျက်ခြည်မပြတ် စောင့်ကြည့်မှုနှင့်အတူ မြန်မာနိုင်ငံ၏ တရားမျှတမှုနှင့် တရားဥပဒေ စိုးမိုးရေးဆိုင်ရာ ကဏ္ဍဍအတွက် စမ်းသပ်ခံမည့် အမှုတစ်ခု ဖြစ်လာနေကြောင်း ရေးသားထားသည်။ တရားဥပဒေအရ အမှန်တကယ် မကျူးလွန်ဘဲ ပြစ်ဒဏ်အပေးခံရခြင်းမျိုး မဖြစ်သင့် သလို အမှန်တကယ် ပြစ်မှုကျူးလွန်သူကို တရားမျှတစွာ ဖော်ထုတ်အပြစ်ပေးနိုင်ရေးမှာ တရားမျှတမှုနှင့် တရားဥပဒေစိုးမိုးရေး အတွက် အသက်တမျှအရေးကြီးကြောင်း ရေးသားထားသည်။ ထို့အတူ မျက်မြင်သက်သေများ၏ လွတ်လပ်စွာဖြင့် အမှန်တရားကို ထုတ်ဖော်ပြောဆိုခြင်းသည် အမှုမှန်ပေါ်ပေါက်ရေးအတွက် လွန်စွာအရေးကြီးကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

ゞင်းတို့အနေဖြင့် ၂၀ဝ၈ ခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့တွင် ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် “မည်သည့်အ ကြောင်းပြချက်နှင့်မျှ မုဒိမ်းမှုနှင့် မုဒိမ်းမှုကျူးလွန်သူကို လူ့အစည်းမှ ခွင့်လွှတ်လက်ခံရန် အကြောင်းမရှိ၊ ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်းနှင့် ကျူးလွန်ခံရသူ၏ တရားမျှတမှုအတွက် တတ်စွမ်းသည့်ဘက်မှ အထောက်အကူဖြစ်နိုင်ရေး ကြိုးပမ်းသွားကြရမည်ဖြစ်သည်” ဟု သက်ငယ်မုဒိမ်းမှုအပါအဝင် မုဒိမ်းမှုခင်းများအပေါ်  NLD  ဗဟိုအမျိုးသမီးလုပ်ငန်းကော်မတီ၏ သဘောထားရပ်တည်ချက်ကို ရှင်းလင်းစွာ ဖော်ပြခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ကြောင့် မူကြိုကျောင်းသူ ဗစ်တိုးရီးယား၏ အမှုမှန် အမြန်ဆုံးပေါ်ပေါက်ရေးအတွက် တရားဥပဒေစိုးမိုးရေးကဏ္ဍဍ၏ အဓိက သက်ဆိုင်ရာတာဝန်ရှိသူများ၊ အမှုတွင် ဆက်စပ်ပတ်သက်သူများ (တရားလို၊ တရားခံ၊ သက်သေများ)မှ အမှုမှန်ပေါ်ပေါက်ရေး ဝိုင်းဝန်းပူးပေါင်းနိုင်ကြရန် တိုက်တွန်းကြောင်း NLD  ဗဟို အမျိုးသမီးလုပ်ငန်းကော်မတီက ထုတ်ပြန်သည်။ 

No comments:

Post a Comment