Sunday, July 7, 2019

တရုတ်ထုတ်စိုက်ပျိုးရေးဆေးများ တင်သွင်းမှုကို ပိတ်ဆို့စစ်ဆေးနေကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့ပြော

ကချင်ပြည်နယ်တွင် တစ်သျှူးငှက်ပျောစိုက်ပျိုးခြင်းကို လုံးဝတားမြစ်ထားပြီး တရုတ်နိုင် ငံထုတ် တရားမ၀င် စိုက်ပျိုးရေး ဆေးများတင်သွင်းမှုကို နယ်စပ် ဂိတ်များမှတစ်ဆင့် ပိတ်ဆို့စစ် ဆေးနေကြောင်း ကချင်ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဦးကျော်ကျော်ဝင်း က ပြောသည်။ ဇူလိုင် ၅ ရက်က ပြုလုပ် သည့် ကချင်ပြည်နယ်အစိုးရ၏ သတင်းစာရှင်းလင်းပွဲအပြီး 7Day Daily သတင်းစာ၏ ဆက်သွယ်မေးမြန်းမှုကို ၀န်ကြီးဦးကျော် ကျော်ဝင်းက ပြောကြားသည်။



‘‘တရုတ်တံဆိပ်နဲ့ ဆေးဝါး တွေလုံးဝ အသွင်းမခံဘူး။ နယ် စပ်ကနေ ပိတ်ဖမ်းနေတယ်။ မိ တာတွေရှိတယ်။ ဖျက်ဆီးနေ တယ်’’ဟု ၀န်ကြီးက ပြောသည်။

တရုတ်နိုင်ငံသားများနှင့် ဆက်စပ်သော ဒေသတွင်းလုပ် ငန်းရှင်များက တရားမ၀င် စိုက် ပျိုးရေးဆေးများကို နည်းမျိုးစုံဖြင့် တင်သွင်းနေကြောင်း ဒေသခံများ က ဝေဖန်ပြီး ယင်းကဲ့သို့ တင်သွင်း မှုများ ရှိသည်ကိုလည်း ကချင်ပြည် နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးက ၀န်ခံ သည်။ စိုက်ပျိုးရေးကုမ္ပဏီများက တရားမ၀င်ဆေးဝါးများ တင်သွင်းမှုကို ယခင်က ကားကြီးများဖြင့် ခိုးဝှက်သွင်းလာပြီး ယခုကားလေး နှင့် နည်းမျိုးစုံဖြင့် သွင်းနေသည် ကို စစ်ဆေးတွေ့ရှိ၍တင်းကျပ် စွာစစ်ဆေးနေသည်ဟု ၀န်ကြီးက ပြောသည်။ သို့သော် ဖမ်းမိသော အမှုအရေအတွက်ကိုမူ ပြောကြားခြင်း မရှိပေ။

တရားမ၀င် ဆေးဝါးများ တင်သွင်းခြင်းကို တားမြစ်ထား သည်ဟု ကချင်ပြည်နယ်အစိုးရ က ပြောသော်လည်း တစ်သျှူး ငှက်ပျောခင်းများအတွင်း အန္တ ရာယ်ရှိ ပိုးသတ်ဆေးများ သုံးစွဲနေဆဲဟု ဒေသခံများက ပြောသည်။ဝိုင်းမော်မြို့နယ် စန်းကားကျေးရွာ ရှိ ဆွတ်ဘောမ်ကုမ္ပဏီ တစ်သျှူး ငှက်ပျောစိုက်ခင်းတွင် အလုပ်သ မားလေးဦး ပိုးသတ်ဆေးအဆိပ် သင့်မှု ဇူလိုင် ၁ ရက်က ဖြစ်ပွားပြီး ဆေးရုံ၌ ကုသနေရသည်။

တစ်သျှူးငှက်ပျောစိုက်ပျိုးမှု ကို အကန့်အသတ်မရှိ တားမြစ် ထားပြီး ဌာနဆိုင်ရာ ပေါင်းစုံပါ ၀င်သော Standard Operation Procedure(SOP) ထွက်ပေါ်လာ မှသာ ဥပဒေအတိုင်း စိုက်ပျိုးခွင့် ပြုမည်ဟု ကချင်ပြည်နယ်အစိုးရ က သတင်းစာရှင်းလင်းပွဲတွင် အ သိပေးခဲ့သည်။ SOP ၌ နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှုအပိုင်း၊ နယ်စပ် ထွက်ပေါက်များမှ တားဆီးစစ် ဆေးခြင်း၊ မြေယာပြဿနာများ ကိုင်တွယ်ဖြေရှင်းခြင်းစသည့် လုပ်ထုံးလုပ်နည်းများပါဝင်ပြီး လ အနည်းငယ်အတွင်း ထွက်ပေါ် လာနိုင်ဖွယ်ရှိသည်ဟု ၀န်ကြီး ဦးကျော်ကျော်ဝင်းက ပြောသည်။ ကချင်ပြည်နယ်တွင် ဗန်း မော်၊ ၀ိုင်းမော်၊ မိုးမောက်၊ ဒေါ့ ဖုန်းယန်မြို့နယ်တို့၌ တစ်သျှူး ငှက်ပျောအများအပြား စိုက်ပျိုး ထားပြီး စိုက်ခင်းဧကအတိအကျ ကို အစိုးရက တိုင်းတာနိုင်ခြင်း မရှိသေးပေ။

No comments:

Post a Comment