Sunday, July 7, 2019

စစ်ကိုင်းတိုင်းဒေသကြီး၌ H1 N1 ရောဂါပိုး တွေ့ရှိခဲ့သော်လည်း အခြားရောဂါအခံကြောင့် သေဆုံးသူ နှစ်ဦးအထိ ရှိလာဟု သိရ

စစ်ကိုင်းတိုင်းဒေသကြီးတွင် မြို့နယ်ပေါင်း ၃၇ မြို့နယ်တည်ရှိပြီး ရွှေဘိုမြို့နယ်နှင့် မုံရွာမြို့တို့တွင် H1N1 ရောဂါပိုး တွေ့ ရှိခဲ့သော်လည်း အခြားရောဂါအခံကြောင့် သေဆုံးသူ နှစ်ဦးအထိ ရှိလာကြောင်း စစ်ကိုင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းက ပြောကြားသည်။မုံရွာမြို့တွင် H1 N1 ရောဂါပိုးတွေ့ရှိ သော်လည်း H1 N1 ကြောင့် သေဆုံးခြင်းမဟုတ်ဘဲ ဦးနှောက်ရောင်ရောဂါကြောင့် သေဆုံးခြင်းသာဖြစ်ကြောင်း ရွှေဘိုမြို့နယ်အတွင်း နေထိုင်သည့် အသက် ခြောက်နှစ်အရွယ် ကလေးငယ်တစ်ဦး၏ နှာခေါင်းမှထွက်ရှိသည့် အရည်များကို သက်ဆိုင်ရာဓာတ်ခွဲခန်းသို့ ပို့ ဆောင်စစ်ဆေးရာတွင် H1 N1 ရောဂါပိုးတွေ့ ရှိခဲ့ကြောင်း ယင်းကလေးငယ်သည် သေဆုံးသွားခဲ့ကြောင်း သိရသည်။
“မုံရွာက တစ်ယောက်သေတယ်။ ရွှေဘို မြို့နယ်က တစ်ယောက်သေတယ်။ သေတာ ကလေးနှစ်ယောက်ဟုတ်တယ်။ နောက်ထပ် သံသယလူနာကတော့ မတွေ့သေးဘူး။ ရွှေဘိုမှာဖြစ်တဲ့ကိစ္စကတော့ ရွှေဘိုဆေးရုံကနေ မန္တလေးကိုပို့တာ။ မန္တလေးကနေ ဆုံးပြီး ပြန်လာတာ။ ရွှေဘိုက အဲဒီရွာကလူတွေရော အဲ ဒီအိမ်ကလူတွေရော အားလုံးနေကောင်းကြပါတယ်” ဟု စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် လူမှုရေးဝန်ကြီးဒေါက်တာဇော်ဝင်းက ပြောကြားသည်။စစ်ကိုင်းတိုင်းဒေသကြီးတွင် ဓာတ်ခွဲစစ်ဆေးသူ ငါးဦးအထိရှိခဲ့ပြီး ဓာတ်ခွဲအတည်ပြုဖြစ်ပွားသူ လေးဦးအထိရှိခဲ့ကြောင်း ယင်းအနက် ဓာတ်ခွဲအတည်ပြုသေဆုံးသူဦးရေ နှစ်ဦး အထိရှိခဲ့ကြောင်း သိရသည်။

No comments:

Post a Comment