Sunday, July 7, 2019

အစိုးရပိုင် ရုံးအဆောက်အဦများတွင် မျက်နှာအုပ်ဝတ်ဆင်ခြင်းကို လုံခြုံရေးအကြောင်းပြချက်ဖြင့် တူနီးရှားဝန်ကြီးချုပ် တားမြစ်

Image may contain: 3 people, people standingတူနီးရှားနိုင်ငံရဲ့ အစိုးရပိုင် ရုံးအဆောက်အဦတွေမှာ မျက်နှာအုပ် ဝတ်ဆင်ခြင်းကို ဝန်ကြီးချုပ်က ပိတ်ပင်လိုက်ပြီဖြစ်ကြောင်း ဇူလိုင် ၅ ရက်မှာ သတင်းရရှိပါတယ်။ အာဏာပိုင်တွေအလိုရှိနေတဲ့ စစ်သွေးကြွတစ်ဦး ဇူလိုင် ၂ ရက်နေ့တုန်းက တူနီးရှားမြို့တော် တူးနစ်မှာ အသေခံဗုံးခွဲခဲ့တဲ့နောက်မှာ ဝန်ကြီးချုပ်က ထိုသို့ဆုံးဖြတ်လိုက်ခြင်း ဖြစ်ပါတယ်။ ၄င်းစစ်သွေးကြွဟာ မျက်နှာအုပ်ဝတ်ဆင်လျက် ရုပ်ဖျက်လာပြီး ဗုံးခွဲခဲ့ကြောင်း မျက်မြင်သက်သေ တွေက ထွက်ဆိုထားပါတယ်။ ၄င်းထွက်ဆိုချက်ကို ပြည်ထဲရေးဝန်ကြီးဌာနကတော့ ငြင်းဆိုပါတယ်။



အဆိုပါဗုံးခွဲမှုဟာ တူနီးရှားမှာ တစ်ပတ်အတွင်း သုံးကြိမ်မြောက် တိုက်ခိုက်ခံရခြင်းဖြစ်ပါတယ်။ တိုက်ခိုက်မှုတွေအတွက် Islamic State အကြမ်းဖက်အဖွဲ့က တာဝန်ယူ ကြေညာထားပါတယ်။
ထို့အတွက်ကြောင့် အစိုးရပိုင် ဌာနချုပ်၊ ညွှန်ကြားရေးရုံးနဲ့ အဖွဲ့အစည်း အဆောက်အဦတွေမှာ မျက်နှာဖုံးအုပ်ခြင်းကို ပိတ်ပင်ကြောင်း ဝန်ကြီးချုပ်က အမိန့်ထုတ်လိုက်တယ်လို့ အရာရှိတစ်ဦးက သတင်းပေးလာပါတယ်။

တူနီးရှားဟာ လောကီဝါဒီ သမ္မတဟောင်း ၂ ယောက် အုပ်ချုပ်ခဲ့စဉ်တုန်းက အမျိုးသမီးတွေ နိကာ့ဘ်နဲ့ဟေဂျဘ် ဝတ်ဆင်ခြင်းကို ဆယ်စုနှစ်များကြာအောင် ပိတ်ပင်ထားခဲ့ရာ ၂၀၁၁ ခုနှစ်ကျမှ ပြန်လည်ခွင့်ပြုပေးခဲ့ပါတယ်။ နိုင်ငံရေးပိုင်းမှာဆိုလျှင် တူနီးရှားဟာ အစ္စလာမစ်ဝါဒီတွေနဲ့ လောကီဝါဒီတွေ အာဏာခွဲဝေအုပ်ချုပ်တဲ့ ဒေသတွင်း ရှားပါးနိုင်ငံတွေအနက်မှ တစ်ခုဖြစ်ပါတယ်။

No comments:

Post a Comment