Sunday, July 7, 2019

သီရိလင်္ကာကို ဝင်ငွေ အလယ်အလတ်အထက် ရရှိသော နိုင်ငံအဖြစ် ကမ္ဘာ့ဘဏ် တိုးမြှင့်သတ်မှတ်

ကမ္ဘာ့ဘဏ်သည် သီရိလင်္ကာနိုင်ငံကို ဝင်ငွေအလယ်အလတ်အောက် နိုင်ငံအဆင့်မှ ဝင်ငွေအလယ်အလတ်အထက်နိုင်ငံအဆင့်သို့ တိုးမြှင့်သတ်မှတ်ပေးလိုက်သည်။ ၂၀၂၀ ဘဏ္ဍာရေးနှစ် ကမ္ဘာ့နိုင်ငံများ အဆင့်သတ်မှတ်ချက်တွင် ကမ္ဘာ့ ဘဏ်က ထည့်သွင်းဖော်ပြထားခြင်း ဖြစ်သည်။ နိုင်ငံသားတစ်ဦးချင်း ပျမ်းမျှဝင်ငွေအပေါ် အခြေခံကာ ဝင်ငွေမြင့်၊ အလယ်အလတ်အထက်၊ အလယ်အလတ်အောက်နှင့် ဝင်ငွေနိမ့်ဟူ၍ နိုင်ငံများကို အဆင့်သတ်မှတ်ခြင်းဖြစ်သည်။ အဆင့်သတ်မှတ်ချက်ကို နှစ်စဉ် ဇူလိုင် ၁ ရက်၌ အသစ်ထုတ်ပြန်လျက်ရှိသည်။ သီရိလင်္ကာသည် နိုင်ငံသားတစ်ဦးချင်း နှစ်စဉ် ပျမ်းမျှဝင်ငွေ ၄၀ ၆၀ ဒေါ်လာဖြင့် ရပ်တည်နေပြီး ကိုဆိုဗို၊ ဂျော်ဂျီယာတို့နှင့်အတူ ၂၀၁၉ ခုနှစ်၌ ဝင်ငွေ အလယ်အလတ်အထက် နိုင်ငံအဆင့် တက်လှမ်းလာခြင်းဖြစ်သည်။ သီရိလင်္ကာသည် ယခုနှစ်အဖို့ စီးပွားတိုးနှုန်း ၃ ဒသမ ၅ ရာခိုင်နှုန်းရှိမည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသည်။

No comments:

Post a Comment