Sunday, July 7, 2019

ကန့်ကွက်သူ များပြောနေသကဲ့သို့ ကလေးသူငယ်ဆိုင်ရာ ဥပဒေတွင် ကလေးမွေးစားရုံဖြင့် နိုင်ငံသားဖြစ်ခွင့်ရမည် ဆိုသည့် အချက်မှာ မဟုတ်မှန်ဟု သမ္မတရုံးပြောခွင့်ရ ဆို

နေပြည်တော်ရှိ သမ္မတအိမ်တော်တွင်ကျင်းပ သည့်သတင်းစာရှင်း လင်းပွဲ၌ ”ကန့်ကွက်နေသူများပြောဆိုနေသကဲ့သို့ ကလေးသူငယ် ဆိုင်ရာဥပ ဒေတွင် ကလေးမွေးစားရုံဖြင့် နိုင်ငံသားဖြစ်ခွင့်ရ မည်ဆို သည့်အချက်မှာ မဟုတ်မှန်ကြောင်း” သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးက ပြောသည်။ လက်ရှိအချိန်တွင် ကလေးသူငယ်ဆိုင်ရာ ဥပဒေကြမ်းအ တည်ပြုမှု အပေါ် ပြည်ခိုင်ဖြိုးပါတီ၊ အမျိုးသားရေးအင်အားစုများ အပါအဝင် အဖွဲ့အစည်းအချို့က ကန့်ကွက်ဆန္ဒထုတ်ဖော်မှုများ၊ ကန့်ကွက်စာ ထုတ်ပြန်ခြင်းများ ပြုလုပ်လျက်ရှိပြီး ယင်းသည် ဥပ ဒေကြမ်းကို သေချာမဖတ်၍ဖြစ် ပေါ်နေခြင်းဖြစ်ကြောင်း ဦးဇော် ဌေးက ပြောသည်။



”ကလေးသူငယ်အခွင့်အ ရေးများဆိုင်ရာ ဥပဒေကြမ်း။ ဒါနဲ့ပတ်သက်လို့ ဆန္ဒပြမှုပေါင်း ၂ဝ ကျော် ဖြစ်နေတယ်။ အဲဒီနှစ် ဆယ်ကျော်ဖြစ်နေ တဲ့သူတွေကိုလည်း ကျွန်တော်တို့ ပွင့်ပွင့်လင်း လင်းပြောချင်တယ်။ တချို့သော အဖွဲ့အစည်းတွေလည်း စတိတ် မန့်တွေထုတ်တယ်။ ဒီဟာကို သေချာဖတ်ပါ။ ဆိုလိုတာက ဒီပုဒ်မတွေမှာ သူတို့ပြောထားတဲ့ ဟာတွေက တလွဲတွေဖြစ်နေ တယ်။ တလွဲတွေဆိုတာ ဘယ်လိုတလွဲ လဲဆိုတော့ ကျွန်တော်တို့သတင်းစာမှာ စပြီးတော့ ပြည်သူလူထုက ဥပဒေပိုင်းဆိုင်ရာ အကြံ ဥာဏ်တွေပေးဖို့ သတင်းစာတွေ မှာထုတ်ပြန် တယ်။ အကြံဉာဏ် ပေးဖို့အတွက်။ အဲဒီထုတ်ပြန်တဲ့ အချိန်မှာဆွဲထား တဲ့ပြဋ္ဌာန်းချက် တွေဟာ အခုကျွန်တော်တို့ ဥပ ဒေကြမ်း အဆင့်ရောက် လာတဲ့အချိန်မှာ ဒါမျိုးတွေမဟုတ်တော့ ဘူး”ဟု ၎င်းင်းက ပြောသည်။

ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်း (၂ဝ၁၉) တွင် မွေးစာရင်းနှင့်ပတ်သက်၍ ပြဋ္ဌာန်းထားသည့်အချက်နှင့် ကလေး သူငယ်မွေးစားခြင်းနှင့်ပတ်သက် ၍ ပြဋ္ဌာန်းထားချက်များအပေါ် ဝေဖန်နေကြခြင်းဖြစ်သည်။ ယင်းဥပဒေပြဋ္ဌာန်းချက်များ အရ နိုင်ငံခြား သားများကို အလွယ်တကူ မြန်မာနိုင်ငံသားဖြစ်ခွင့်ရစေမည်ဟု ကန့်ကွက် သူများ ကဆိုသည်။

ယင်းထင်မြင်ယူဆချက်မှာမှားယွင်းပြီး နိုင်ငံသားဖြစ်ခွင့်အတွက် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေအရသာဆုံးဖြတ်မည် ဖြစ်ကြောင်း ဦးဇော်ဌေးက ရှင်း ပြသည်။

”နံပါတ်(၁)ရှင်းချင်တာ မွေးစာရင်း၊ မွေးစာရင်းစာရွက် ပေါ်မှာဘာ ပါလဲဆိုတော့ ကျွန် တော်တို့အနီနဲ့ရေးထားပါတယ်။ ဘာရေးထား လဲဆိုတော့ ဤလက်မှတ်သည် နိုင်ငံသားဖြစ်မှုအတွက် သက်သေခံ အလျဉ်းမ ဖြစ်စေရလို့ပါပါတယ်။ ဆိုလိုတာက ဒါသည်နိုင်ငံသားဖြစ်ခြင်း၊ မဖြစ်ခြင်းနဲ့မ ဆိုင်ဘူး။ မွေးဖွားတဲ့အထောက် အထားအချက် အလက် သာဖြစ်တယ်ဆိုတာကို ဆိုလိုတဲ့သဘောဖြစ်ပါတယ်။

နံပါတ် (၂)အချက်က မွေးစားတဲ့ ကလေး ပေါ့နော်။ ဥပမာ ကျွန်တော်တို့ နိုင်ငံသားဟုတ်သည်ဖြစ်စေ။ မဟုတ်သည်ဖြစ်စေ ဒီကလေးတစ် ယောက်ကို ဒီနိုင်ငံသားမိဘတွေက မွေးစားလိုက်ရင် နိုင်ငံသား ဖြစ်မလားပေါ့။ အဲဒါနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ ပုဒ်မ ၂၂ က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်းပေါ့နော်။ ပုဒ်မ ၂၂ မှာ ဘာဖော်ပြထားလဲ ဆိုတော့ မွေးဖွားကြောင်းမှတ်ပုံတင်သည့် ကလေးသူငယ်တိုင်းသည် နိုင်ငံသားဖြစ်မှု ဆိုင်ရာ အခွင့်အရေးကို တည်ဆဲဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ရရှိစေရမည်။ ဆိုလိုတာက ဒီမွေးစာရင်း မှတ်ပုံတင်တဲ့ကလေးဟာ မွေးစားတယ်ပဲဖြစ်ဖြစ် ဘယ်ရောက်ရောက် ပေါ့နော်။ သူ့ရဲ့ နိုင်ငံသားဖြစ်မှုဆိုင်ရာ အခွင့်အရေး ကဘာနဲ့သွားမလဲဆိုတော့ တည်ဆဲဥဒေနဲ့သွားမယ်။ တည်ဆဲဥပဒေက ဘာဥပ ဒေလဲဆိုတော့ ၁၉၈၂ မြန်မာနိုင်ငံ သား ဥပဒေဖြစ်ပါတယ်”ဟု ၎င်းင်းကဆိုသည်။

No comments:

Post a Comment