Sunday, July 7, 2019

" ပထမဦးဆုံး ဦးခေါင်းစွပ်တပ်ပြီး ဂိုးသမား ကျော်ဇင်ထက် ဘောလုံးကစားခဲ့ "

ရှမ်းအသင်းနှင့်ပွဲတွင် ဦးခေါင်းထိခိုက်မိ၍ အရေးပေါ်ကုသမှု ခံယူရသည့် ဂိုးသမား ကျော်ဇင်ထက် သည် (ယနေ့) ရန်ကုန်နှင့် ရတနာပုံပွဲတွင် ပထမဦးဆုံး ဦးခေါင်းစွပ် (Hard Guard) တပ်ဆင်၍ ဘောလုံးကစားခဲ့သည်။ ယနေ့ YUFC ကွင်းတွင် ယှဉ်ပြိုင်သည့် ယင်းပွဲ၌ ကျော်ဇင်ထက်သည် ဦးခေါင်းစွပ်ဖြင့် ပွဲချိန်ပြည့် ပါဝင်ကစားခဲ့သည်။ ယင်းပွဲတွင် ရန်ကုန်အသင်းက တိုက်စစ်မှူး သန်းပိုင်၏ သွင်းဂိုးကြောင့် ရတနာပုံကို ၁-၀ ဂိုးဖြင့် အနိုင်ရခဲ့သည်။


ကျော်ဇင်ထက်သည် ပြီးခဲ့သည့် ရန်ကုန်နှင့်ရှမ်းပွဲတွင် ဇင်မင်းထွန်းနှင့် ဘောလုံး ယှဉ်လုခိုက် ဦးခေါင်း ထိခိုက်မိခဲ့ပြီး ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ကာ ကုသခဲ့ရသည်။ လက်ရှိတွင် ဒဏ်ရာ ပြန်လည် သက်သာသော်လည်း ဆရာဝန်၏ ညွှန်ကြားချက်ကြောင့် ဦးခေါင်းစွပ် တပ်ဆင်၍ ကစားခြင်း ဖြစ်သည်။ ကျော်ဇင်ထက်သည် မြန်မာ့ဘောလုံးတွင် ပထမဦးဆုံး ဦးခေါင်းစွပ် တပ်ဆင်ကစားသည့် ဂိုးသမား အဖြစ် မှတ်တမ်းဝင်ခဲ့သည်။

No comments:

Post a Comment