Sunday, July 7, 2019

စွန့်ပစ်ခံ ကလေးငယ်များ စောင့်ရှောက်ပေးမယ့် ဂေဟာနဲ့ပတ်သက်ပြီးပြောပြခဲ့တဲ့ ခိုင်နှင်းဝေ

စွန့် ပစ်ခံကလေးငယ်များ စောင့်ရှောက်ပေးမယ့်ဂေဟာကို ယခုနှစ်အတွင်း ဆောက်လုပ်သွားမှာဖြစ်ပြီး ကလေးငယ်များအပြင် အဓမ္မပြုကျင့် ခံရသော အမျိုးသမီးများနဲ့ Single Mother တွေကိုပါ စိစစ်ပြီးလက်ခံသွားဖို့ရှိတယ်လို့ ခိုင်နှင်းဝေပရဟိတ အဖွဲ့တည် ထောင်သူ သရုပ်ဆောင် ခိုင်နှင်းဝေကပြောပါတယ်။



”ကိုယ်ဝန်ဆောင်တွေ လက်ခံဖို့ကတော့ အဓမ္မပြုကျင့်ခံရတဲ့ အမျိုးသမီးတွေ Single Mother တွေထဲမှာဆိုရင်လည်း တော်တော်ကို ငွေရေးကြေးရေး အဆင်မပြေတဲ့သူတွေကိုလည်း သေချာစိစစ်ပြီး လက်ခံသွားမယ်။ ကလေးတွေကိုတော့ ပိုပြီးဦးစားပေးလက်ခံသွား မှာပါ။ နေရာများလာရင်တော့ အဆင်ပြေရင် ပြေသလို တိုးချဲ့ လက်ခံသွားမှာပါ”လို့ ဆိုပါတယ်။

ယခုနှစ်အတွင်း ဂေဟာဆောက်လုပ်ရန်အတွက် လတ်တလောတွင် မိမိကိုယ်တိုင်လည်း မြေနေရာရှာဖွေနေပြီး မြေနေရာ အလှူရှင်များ ရှိရင်လည်း အလွန်ဝမ်းသာမိမယ်လို့ဆိုပါတယ်။

”ကလေးတွေအတွက် ဂေဟာဆောက်တာကို ဒီနှစ်ထဲမှာ အကောင်အထည် ဖော်နိုင်အောင် ကြိုးစားနေပါတယ်။ အခုလောလောဆယ်တော့ မြေနေရာလှူတဲ့ သူတွေရှိရင်လည်း အရမ်းဝမ်းသာမိမှာပါ။ မြေနေရာရပြီဆိုရင် ကိုယ်တတ်နိုင်သလောက် ဖြည်းဖြည်းချင်း တည်ဆောက်သွားလို့ရပါတယ်”လို့ ခိုင်နှင်းဝေက ပြောပါတယ်။

လက်ရှိ ကလေးငယ်တွေထားရှိထားတဲ့ သန်လျင်က အဆောက်အအုံမှာ နေရာကျပ်တည်းနေတဲ့အတွက် ကလေးတွေကို ထပ်မံလက်ခံပေးဖို့ အခက်အခဲရှိ နေတယ်လို့လည်း သိရပါတယ်။

No comments:

Post a Comment