Sunday, July 7, 2019

ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းမှာ ပါဝင်ခဲ့ခြင်းက ပုဂံအတွက် ဘာတွေ ကောင်းကျိုးဖြစ်စေသလဲ

ပုဂံ ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေကို ယူနက်စကို အဖွဲ့ကြီးက ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် နေရာတစ်ခုအဖြစ် စာရင်းသွင်း အသိအမှတ် ပြုလိုက်ပါပြီ။
ဒီအတွက် ပုဂံဟာ အခုလို ကောင်းကျိုးတွေ ခံစားရရှိတော့မှာ ဖြစ်ပါတယ်။
ကမ္ဘာ့အမွေအနှစ် နေရာအဖြစ် သတ်မှတ်ခံရတဲ့ နယ်မြေအတွက် ရှေးမူမပျက် ပြုပြင်ထိန်းသိမ်းမှုတွေကို နိုင်ငံတကာရဲ့ ပိုမို အာရုံစိုက် ကူညီမှုတွေ ရှိလာပါမယ်။
ကမ္ဘာလှည့် ခရီးသွား ဝင်ရောက်မှု တိုးတက်လာပါမယ်။

ဒီအချက်က ပုဂံဒေသကိုရော၊ နိုင်ငံရဲ့ စီးပွားရေးကဏ္ဍမှာပါ အကျိုးကျေးဇူး ရှိစေမှာ ဖြစ်ပါတယ်။
ပြုပြင်ထိန်းသိမ်းမှု စရိတ်စကနဲ့ ကျွမ်းကျင်မှုဆိုင်ရာ ရန်ပုံငွေ အထောက်အပံ့တွေလည်း ရရှိမှာ ဖြစ်ပါတယ်။
ကမ္ဘာ့ အမွေအနှစ်အဖြစ် သတ်မှတ်ခံရတဲ့ သဘာဝ နယ်မြေတစ်ခုဖြစ်စေ၊ လူသားတွေ ဖန်တီးခဲ့တဲ့ ကမ္ဘာ့အံ့ဖွယ် စာရင်းဝင် နေရာတစ်ခုဖြစ်စေ တည်ရှိနေခြင်းက သက်ဆိုင်ရာ နိုင်ငံကို ဂုဏ်သိက္ခာ မြင့်တက်စေပါတယ်။
ကမ္ဘာ့အမွေအနှစ် နေရာတစ်ခုကို ထိန်းသိမ်းဖို့အတွက် ယူနက်စကိုနဲ့ နီးနီးကပ်ကပ် ထိတွေ့ ဆွေးနွေးမှုတွေလည်း တိုးပွားစေပါတယ်။
ဂျနီဗာ သဘောတူညီမှုအရ ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ခံရတဲ့ နေရာတွေဟာ စစ်မက်ဖြစ်ပွားနေတဲ့ ကာလမှာ အလွဲသုံးစား အပြုခံရတာ၊ ဖျက်ဆီးခံရတာတွေ မရှိအောင် တားဆီး ကာကွယ်ရာ ရောက်စေပါတယ်။

No comments:

Post a Comment