Sunday, July 7, 2019

အကျဉ်းထောင်အတွင်း ဒဏ်ရာများနှင့် သေဆုံးခဲ့မှု လူသတ်မှုဖြင့် အမှုဖွင့်

မန္တလေးအိုးဘိုအကျဉ်းအထောင်အတွင်း ဒဏ်ရာများနှင့် သေဆုံးခဲ့သည့် ထွန်းမြင့်ဝင်း (ခ) ကိုထွန်း သေဆုံးမှုနှင့်ပတ်သက်၍ ဇူလိုင်လ ၆ ရက်နေ့ ညနေပိုင်းအချိန်က လူသတ်မှုဖြင့် အမှတ် (၂) ရဲစခန်းတွင် အမှုဖွင့်ခဲ့ကြောင်း သိရသည် ။ေ သဆုံးသူ ထွန်းမြင့်ဝင်း (ခ) ကိုထွန်း (၃၈) နှစ်သည် ဇွန်လ ၅ ရက်နေ့ နံနက်ပိုင်းအချိန် က သေဆုံးခဲ့ခြင်းဖြစ်ပြီး ဇွန်လ ၆ ရက်နေ့က မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး ရင်ခွဲရုံ မှ အောင်သပြေကျေးရွာသို့ ပြန်လည်သယ်ယူလာကာ ဇွန်လ ၇ ရက်နေ့ နေ့လည်ပိုင်းအချိန်တွင် သင်္ဂြိုလ်ခဲ့သည် ။



သေဆုံးသူ၏ မျက်နှာတွင် အရည်ပြားပွန်းပဲ့ဒဏ်ရာများ၊ နောက်ကျောတွင် တွေ့ရသည့်ဒဏ်ရာများနှင့် နားအနောက်ပိုင်းတွေင် တွေ့ရသည့် ဒဏ်ရာများ တွေ့ရှိရသော်လည်း အရက်ကြောင်၍ အကျဉ်းထောင်ဆေးရုံတွင် ဆေးကုသမှုခံယူရင်း သေဆုံးခဲ့ခြင်းဖြစ်ကြောင်း အိုးဘိုအကျဉ်းထောင်က ကနဦး ထုတ်ပြန်ခဲ့သည် ။

ထို့နောက် မိသားစုဝင်များ ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ ၊ မီဒီယာ ၊လူမှုကွန်ယက်စာမျက်နှာများ စသည်တို့မှ ဝေဖန်ထောက်ပြမှုများကြောင့် စုံစမ်းစစ်ဆေးတာတွေလုပ်သွားမယ်လို့ အကျဉ်းဦးစီးဌာန က ပြန်လည်ထုတ်ပြန်ခဲ့ပါတယ် ။

ယခုအခါ မှုခင်းဆရာဝန်ကြီး၏ စစ်ဆေးချက်အရ သေဆုံးသူမှာ လည်ပင်းတွင်ရရှိသောဒဏ်ရာကြောင့် ဦးနှောက်မှေးပါးအောက် သွေးသွန်ပြီး ဦးနှောက် ပိညှက်သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည် ။

ထို့အတွက်ကြောင့် အောင်မြေသာစံမြို့နယ် အမှတ် (၂) ရဲစခန်းမှူး ရဲအုပ်မျိုးညွှန့် က တရားလိုပြုလုပ်၍ အမှတ် (၂) ရဲစခန်းတွင် (ပ)၂၁၆/၂၀၁၉၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ အရ အမှုဖွင့်ပြီး ကျူးလွန်သူကို ဖော်ထုတ်နိုင်ရေးဆောင်ရွက်လျှက်ရှိသည် ။

အောင်သပြေကျေးရွာတွင်ဖြစ်ပွားသည့် ရဲတပ်ဖွဲ့ နှင့် ဒေသခံတို့၏ ပဋိပက္ခဖြစ်စဉ်တွင် ပါဝင်ခဲ့သည့် ထွန်းမြင့်ဝင်း (ခ) ကိုထွန်း အား ရာဇသတ်ကြီးပုဒ်မ ၄၃၆/၄၄၀/၃၃၆/၁၁၄ တို့ဖြင့် အမှုဖွင့်၍ အိုးဘိုအကျဉ်းထောင်အတွင်း ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည် ။

No comments:

Post a Comment