Sunday, July 7, 2019

မီတာခတိုးမြှင့်ခြင်းကို အစိုးရ ပြန်လည်သုံးသပ်ရန် ၂၃ ပါတီ ဆွေးနွေးတောင်းဆိုရန်စီစဉ်ဟုဆို

 မီတာခနှင့်ပတ်သက်ပြီး ပြည်သူများအကျပ်အတည်းဖြစ် ပါက နိုင်ငံရေးပါတီ ၂၂ ခုနှင့် ညှိ နှိုင်းဆောင်ရွက်ပြီး အစိုးရက ပြန် လည်စဉ်းစားသုံးသပ်ရန် တောင်း ဆိုမည်ဖြစ်ကြောင်း ပြည်ခိုင်ဖြိုး ပါတီဗဟိုကော်မတီအဖွဲ့ဝင် ဦး လှသိန်းက ပြောသည်။ ‘‘ကျွန်တော်တို့ ဒါလေးကို တော့ လုပ်ဖို့ရှိတယ်။ ကျွန်တော် တို့နဲ့ ရင်ဘတ်ချင်းနီးတဲ့ပါတီတွေ နဲ့ ဆွေးနွေးတိုင်ပင်ရဦးမယ်’’ ဟု ဦးလှသိန်းကပြောသည်။



‘‘အစိုးရဘက်က မီတာခကို ပြန်လျှော့သွားမယ်ဆိုရင်တော့ ဆွေးနွေးညှိနှိုင်းစရာမရှိတော့ဘူး ပေါ့။ မလျှော့ဘဲနဲ့ ဒီအတိုင်းတက် နေရင် ကုန်ဈေးနှုန်းတွေ တက် မယ်။ ပြည်သူတွေ ထိခိုက်မယ်။ အောက်ခြေ ကုန်ဈေးနှုန်းတွေတက်မယ်ဆိုရင်တော့ ကျွန်တော် တို့က အစိုးရကို တောင်းဆိုဖို့ အစီအစဉ်ရှိပါတယ်’’ဟု  ပြည်သူ့ အကျိုးပြုကျောင်းသားများပါတီ ဥက္ကဋ္ဌ ဦးမင်းမင်းထွန်းက ပြော သည်။

ထို့အတူ တိုင်းရင်းသားစည်း လုံးညီညွတ်ရေးပါတီကလည်း ပြည်သူများ အခက်အခဲရှိနေပါက မီတာခတက်ခြင်းကို ပြန်လည် ပြင်ဆင်ရေး ညှိနှိုင်းဆွေးနွေးဆုံး ဖြတ်မည်ဖြစ်ကြောင်း ပါတီအ ထွေထွေအတွင်းရေးမှူး ဦးသိန်း ထွန်းက ပြောသည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာနက ဇူလိုင် ၁ ရက်ကစတင် ကာ လျှပ်စစ်မီတာခများ တိုးမြှင့် ကောက်ခံပြီး အမြို့မြို့အနယ်နယ် တွင် ဆန္ဒပြမှုများ ဆက်တိုက်ဖြစ် ပေါ်ခဲ့သည်။ ဆန္ဒပြမှုများတွင်ပြည်ခိုင်ဖြိုးပါတီဝင်နှင့်အမျိုးသား ရေးတက်ကြွလှုပ်ရှားသူ အများစု ပါဝင်သည်ကို တွေ့ရသည်။

ဆန္ဒထုတ်ဖော်မှုတွင် ပြည် ခိုင်ဖြိုးပါတီဝင်များပါဝင်နေခြင်း သည် လူသားတစ်ဦး၏ အခွင့်အ ရေးအရ လုပ်ဆောင်ခြင်းသာဖြစ် ကြောင်း ပါတီဗဟိုကော်မတီအ ဖွဲ့ဝင်ဦးလှသိန်းက ပြောသည်။

မီတာခတိုးမြှင့်ကောက်ခံ ခြင်းကိစ္စဆန္ဒထုတ်ဖော်နေခြင်းကို ပြည်ခိုင်ဖြိုးပါတီက လမ်းညွှန် ဆောင်ရွက်ခြင်း မဟုတ်ကြောင်း ပါတီက ငြင်းဆိုသည်။ အစိုးရအနေဖြင့် လျှပ်စစ်မီ တာခတိုးမြှင့်ခြင်းသည် ပြည်သူ များ၏ ၀င်ငွေနှင့် သင့်တင် လျောက်ပတ်မှုရှိ၊ မရှိ စဉ်းစား သင့်သည်ဟု ၎င်းကပြောသည်။

No comments:

Post a Comment