Sunday, July 7, 2019

ကမ္ဘာ့ပထမဆုံးအဖြစ် ကြွက်များထံမှ HIV ပိုးကို သုတေသီများ ရာနှုန်းပြည့် ဖယ်ရှား

လေ့လာမှုအသစ်တစ်ရပ်တွင် ကုထုံးနှစ်ခုပေါင်းစပ်ကုသခြင်း ဖြင့် သုတေသီများကကြွက်များထံမှ HIV ဗိုင်းရပ်စ်များကို လုံးလုံး လျားလျားဖယ်ရှားပစ်နိုင်ခဲ့သည်။ ပထမကုထုံးမှာ ဗိုင်းရပ်စ်တားဆီးရေးကုထုံး၏ ရေရှည်သက် ၀င်သောထိရောက်မှုနှေးကွေးသည့် ထုတ်လွှတ်မှုပုံစံ ( LASER) ကုထုံးဖြစ်ပြီး ဒုတိယကုထုံးတွင် CRISPR-Cas 9 ဟုခေါ်သော မျိုးဗီဇပြုပြင်သော နည်းကိုသုံး၍ ဗိုင်းရပ်စ်မျိုးဗီဇကို ဖယ်ရှားပစ်ခြင်း ပါဝင်သည်။ Nature Communications စာစောင်တွင် လူသား HIV ပိုးပုံစံ ကို ကြွက်များဖြင့် နှစ်ဆင့်ချဉ်းကပ်ကုသမှု စမ်းသပ်ခဲ့ပုံကို သုတေသီများကဖော်ပြထားသည်။



မျိုးဗီဇပြောင်းလဲပစ်သော ကုထုံးပြီးနောက် LASER ဗိုင်းရပ်စ် တားဆီးရေးကုထုံးဖြင့်ကုသပြီးသော ကြွက်များ၏ ဆဲလ်များမှယင်း ဗိုင်းရပ်စ်ကို ကင်းစင်သွားစေပြီး ရောဂါရှိသော ကြွက်များ၏သုံးပုံ တစ်ပုံအထိတွင် တစ်သျှူးများမှ ရောဂါပိုးများကင်းစင်သွားကြောင်း သုတေသီများက ဖော်ပြထားသည်။

သို့သော် ယင်းနည်းလမ်းနှစ်ခုစလုံးဖြင့် မဟုတ်ဘဲတစ်ခုခုဖြင့်  သာကုသသော ကြွက်များသည် ကုသပြီးနောက်ဗိုင်းရပ်စ်များပြန် လည်ရှင်သန်မှု ၁၀၀ ရာခိုင်နှုန်းရှိကြောင်း သုတေသီများက ဖော် ထုတ်သိရှိခဲ့သည်။ ဖီလာဒဲလ်ဖီးယားမြို့တမ်ပဲလ်တက္ကသိုလ်ရှိ လီဝစ်ကတ်ဇ်ဆေးကျောင်း (LKSOM) မှ သုတေသီအဖွဲ့ခေါင်း ဆောင်ဒေါက်တာ ခါမဲလ်ခါလီလီက ယခုလေ့လာတွေ့ရှိမှုသည် HIV  ပိုးကိုနှိမ်နင်းရန်လမ်းစဖြစ်နိုင်သည်ဟုပြောသည်။ ခါလီလီ သည် LKSOM ၏ အာရုံကြောသိပ္ပံဌာန ပါမောက္ခဖြစ်ပြီး ဥက္ကဋ္ဌ  အဖြစ်လည်းတာဝန်ယူထားသည်။

ကုလသမဂ္ဂအဖွဲ့အစည်း UNAIDS ၏ နောက်ဆုံးစာရင်းများ   အရ ၂၀၁၇ အတွင်း ကမ္ဘာတစ်ဝန်းလူပေါင်း ၃၆ ဒသမ ၉ သန်း တွင် HIV ပိုးရှိနေပြီး ယင်းနှစ်အတွင်း ရောဂါကူးစက်ခံရသူ ၁ ဒသမ  ၈ သန်းရှိကြောင်းသိရသည်။

ရောဂါရှိသူ၏ ခန္ဓာကိုယ်တွင်းမှ အရည်များနောက်တစ်ဦး၏   ကိုယ်ထဲသို့ဝင်ရောက်ရာမှ တစ်ဆင့် HIV ပိုးကူးနိုင်သည်။ ယင်း ရောဂါပိုးက ကူးစက်ရောဂါများအားကာကွယ်ပေးသော ဆဲလ်များ   ကို တိုက်ခိုက်ပြီးယင်း ဆဲလ်များအတွင်းပွားများကာကိုယ်ခံအား စနစ်ကိုသိသာစွာအားနည်းလာစေသည်။ HIV ပိုးရှိပြီး ကုသမှုမခံယူ ပါက ကိုယ်ခံအားစနစ် ထိခိုက်ပျက်စီးစေသော AIDS ရောဂါ ဖြစ်လာနိုင်သည်။ AIDS  ရောဂါရှင်များသည် ကုသမှုမခံယူပါက သုံးနှစ်အတွင်း သေဆုံး နိုင်သည်။ HIV ပိုးရှိသူများသည် ဗိုင်းရပ်စ်တားဆီးရေးဆေးများ ပုံမှန် သုံးခြင်းဖြင့် AIDS ဖြစ်မလာအောင်ကာကွယ်နိုင်ပြီး အသက်ဆက် လက်ရှင်သန်နိုင်သည်။

No comments:

Post a Comment