Sunday, July 7, 2019

”ရဲတိုက်ရဲ့ ပရိသတ်ပါလို့ပြောရင် ဂုဏ်မငယ်ရအောင် ပြန်လည်တည်ဆောက်သွားမှာပါ” ရဲတိုက်

ရဲတိုက်ရဲ့ပရိသတ်ပါလို့ ပြောရင် ဂုဏ်မငယ်ရအောင် ကိုယ့်နာမည်ကို ရအောင်ပြန်တည်ဆောက်သွားမှာပါလို့ သရုပ်ဆောင်ရဲတိုက်က ပြောပါတယ်။ ”အရင်က ကျွန်တော် ပရိသတ်အဟောင်းတွေကိုတော့ အများကြီးပြော စရာမရှိပါဘူး။ အခုပြောချင်တာက ကျွန်တော့်ရဲ့ ပရိသတ် အသစ်တွေ ကိုပြောချင်တာ။ ကျွန်တော့်ပရိသတ်ဖြစ်ရတဲ့အတွက် ကြောင့် ဂုဏ်ငယ် ရတယ်ဆိုတာမျိုးကို ကျွန်တော်အဖြစ်မခံပါဘူး။ ကျွန် တော်တို့က ရဲတိုက် ပရိသတ်ပါလို့ပြောလို့ အမြဲတမ်းအဆင်ပြေနေအောင် နာမည်တစ်ခုကို ရအောင်တည်ဆောက်သွားမှာပါ”လို့ ဆိုပါတယ်။



သရုပ်ဆောင်ရဲတိုက်မှာ အနုပညာလောကအတွင်းသို့ ပြန်လည် ဝင်ရောက်လာခဲ့ပြီး ပထမဦးဆုံးပြန်လည်သရုပ်ဆောင်ထားတဲ့ ”ဒဏ္ဍာရီမိုး” ရုပ်ရှင်ဇာတ်ကားကို ဇူလိုင် ၁၁ ရက်မှာ ရုံတင်ပြသတော့ မှာဖြစ်ပါတယ်။

”ဒီဇာတ်ကားလေးက ကျွန်တော့်ကို အရင်တုန်းကလိုပဲ ပျော်ရွှင်တက်ကြွ တဲ့ဘဝကိုပြန်ရမယ်လို့ ယုံကြည်ပါတယ်”လို့ ပြောပါတယ်။
ပရိသတ်တွေက ကွယ်လွန်သွားပြီဖြစ်တဲ့ သရုပ်ဆောင်ဒွေးရဲ့ သရုပ်ဆောင် ချက်တွေ၊ မျက်လုံးအကြည့်တွေနဲ့ တူတယ် လို့ပြောကြတဲ့အပေါ်ကိုလည်း ရဲတိုက်က အခုလိုပြောပါတယ်။

”အခုလို ပရိသတ်တွေက ကိုသားကြီးနဲ့နှိုင်းယှဉ်ကြတော့ အရမ်းကို ပျော်ပါတယ်။ ကိုသားကြီးဆိုတာကလည်း ကျွန်တော်ငယ် ငယ်က တည်းက အရမ်းကြိုက်ပြီး လေးစားရတဲ့ သရုပ်ဆောင် တစ်ယောက် လည်း ဖြစ်ပါတယ်။ အနုပညာရှင်တစ်ယောက်က အရမ်းကိုလေးစား ထိုက်ပြီး သူ့ရဲ့ဖန်တီးမှုတွေက အရမ်းကောင်းလာရင် သူနဲ့တူတဲ့ နောက်ထပ်ဆင်တူတစ်ယောက်မရှိသင့်ဘူးလို့ ထင်ပါတယ်။ ကိုသားကြီး က ဦးကျော်ဟိန်းနဲ့မတူတဲ့ပုံစံမျိုးကိုပဲ လုပ်ပါတယ်။ ကျွန်တော်ကတော့ ကိုသားကြီးကို လေးစားတဲ့အတွက် ကျွန်တော့်ပုံစံနဲ့ပဲ ရပ်တည်ပါတယ်။ သူ့အမူအရာတွေကို ခိုးမလုပ်ပါဘူး။ သူနဲ့ဆင်တူတဲ့ပုံစံတွေကိုလည်း မလုပ်ပါဘူး”လို့ ဆိုပါတယ်။ သရုပ်ဆောင် ရဲတိုက်အနေနဲ့ လတ်တလောအနုပညာလှုပ်ရှားမှု များ မရှိသေးဘူးလို့လည်း ဆိုပါတယ်။

No comments:

Post a Comment