Sunday, July 7, 2019

LGBT တွေအတွက် ခွန်အားပေးချင်တဲ့ ဂျွန်လွင်

 ဖိနှိပ်ခံနေရသည့် LGBT များဘက်မှ ရပ်တည် လိုသည့် ရည်ရွယ်ချက်ဖြင့် ဒီဇိုင် နာမင်းခန့်၏ ဖက်ရှင်ရှိုးတွင် ကိုယ်တိုင်ပါဝင်ခြင်းဖြစ်ကြောင်း ဂျွန်လွင်ကပြောသည်။ ဖက်ရှင်ရှိုးတွင် Rainbow အလံကိုကိုင်ဆောင်၍ တင် ဆက်ခဲ့သည့် အကြောင်းကို ဂျွန်လွင်က ‘‘ကျော်ဇင်ဝင်းသေ ဆုံးသွားတာကိုလည်း ခံပြင်း တယ်။ လူတွေရဲ့ ကိုယ့်ကိုယ် ကိုယ်အားငယ်မှုတွေကိုလည်းခွန်  အားပေးချင်လို့လုပ်ဖြစ်တာပါ’’ ဟု ပြောသည်။


ယင်းနေရာတွင် လုပ်ဆောင် ရန် မော်ဒယ်တစ်ဦးကိုသင်ကြား ပေးခဲ့သော်လည်း အဆင်မပြေ သဖြင့် ပွဲစီစဉ်သူအပါအ၀င်ရင်း နှီးသူများက ၎င်းကိုယ်တိုင်လုပ် ဆောင်ရန် တိုက်တွန်းခြင်း ကြောင့် ပါဝင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါ ဖက်ရှင်ရှိုးကိုဇူလိုင်    ၅ ရက်ကပြုလုပ်သည့် L’oreal Paris ၏ Red Carpet ပွဲတွင်တင် ဆက်ပေးခဲ့ခြင်းဖြစ်ပြီး ဂျွန်လွင်၏ တင်ဆက်မှုကို တတ်ရောက်လာ သူများက အားပေးခဲ့သည်။ ယင်းပွဲကို ယခုနှစ်တွင် (၆) ကြိမ်မြောက် ပြုလုပ်ခြင်းဖြစ်ပြီး နာမည်ကြီး အနုပညာရှင်များ ကလည်း ပွဲတက်ဖက်ရှင်များ သေချာပြင်ဆင်၍ တက်ရောက်ခဲ့ သည်။ယင်းပွဲသို့ တက်ရောက်လာသူများအနက်မှ Best Of Beauty  ဆုငါးဆုကို ရွေးချယ်ပေးခဲ့ပြီး ဆု ရရှိသူများ၏ ဒီဇိုင်နာများနှင့် မိတ်  ကပ်ပညာရှင်များကိုပါ ဆုချီးမြှင့် ခဲ့သည်။

No comments:

Post a Comment