Sunday, July 7, 2019

လှိုင်သာယာမြို့နယ်အတွင်း ဆိုင်ကယ်စီးနင်းမှုများကို အရေးယူမည်

လှိုင်သာယာမြို့နယ် အတွင်း ဆိုင်ကယ်စီးနင်းမှုများ အရေးယူမည့်အစီအစဉ်ကို အသိ ပေး အကြောင်းကြားထား ကြောင်းယင်းမြို့နယ်ရပ်ကျေး အုပ်ချုပ်ရေးမှူးအချို့က ပြော သည်။  လှိုင်သာယာမြို့နယ်၏ တ ရားဥပဒေစိုးမိုးရေးဆိုင်ရာ ညှိနှိုင်း  အစည်းအဝေးဆုံးဖြတ်ချက်အရ ဆိုကာ  ဆိုင်ကယ်စီးနင်းမှုများ  အရေးယူမည့် အသိပေးစာကို ယင်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံး က ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး များသို့ ဖြန့်ဝေထားခြင်းဖြစ် သည်။



‘‘မနေ့ (ဇူလိုင် ၅ ရက်) က ကျွန်တော်တို့ဆီတရားဝင်စာ ရောက်ပါတယ်။ ရပ်ကွက်ထဲအ သိပေးဖို့ဆိုပြီးပါတယ်။ အရေး ယူမယ့်ပြစ်မှုပြစ်ဒဏ်တွေထည့် သွင်းဖော်ပြထားတယ်။ လော လောဆယ်ဖမ်းဆီးတာတော့မရှိ သေးဘူး။ နောက်ပိုင်းရပ်ကွက် တစ်ခုချင်းအလိုက်စီမံချက်သ ဘောလုပ်သွားမယ်ပုံပဲ’’ ဟု လှိုင် သာယာမြို့နယ်၊ (၂၀) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဇော်ဦးကပြော သည်။  အဆိုပါ အသိပေးစာတွင် လိုင်စင်မဲ့ဆိုင်ကယ်များကို ပြည် သူ့ဘဏ္ဍာအဖြစ်သိမ်းယူမည်ဖြစ် ပြီး လိုင်စင်ရှိဆိုင်ကယ်များကို ဖမ်းမိပါက နယ်ကျော်စီးနင်းမှု အတွက် စည်ပင်ဒဏ်ငွေကျပ် တစ်သိန်းပေးဆောင်ရမည်ဟု ဖော်ပြထားသည်။

ယခင်က လိုင်စင်ရှိဆိုင် ကယ်များ ဖမ်းဆီးရမိပါက နယ်ကျော်စီးနင်းမှုအတွက် ဒဏ်ငွေကျပ်ငါးသောင်းသာသတ်မှတ်ခဲ့သော်လည်း  ယခုအခါစည်ပင်  ဥပဒေအသစ်အရ ကျပ်တစ်သိန်း အထိ  တိုးမြှင့်ခဲ့ခြင်းလည်းဖြစ် သည်။  ထို့အပြင် ဆိုင်ကယ်ဘေးတွဲ ဖြင့် မောင်းနှင်ပါက နယ်ကျော်စီး နင်းခြင်း ဒဏ်ငွေအပြင် မော် တော်ယာဉ်ဥပဒေအရ ထပ်မံအ ရေးယူခံရမည်ဖြစ်ပြီး ဘေးတွဲများ   ကို အပြီးသိမ်းဆည်းမည်ဟု   ဆက်လက်ဖော်ပြထားသည်။  ‘‘ညွှန်ကြားစာအတိုင်းပါပဲ’’ ဟု လှိုင်သာယာမြို့နယ်အုပ်ချုပ်  ရေးမှူးရုံးတာဝန်ရှိသူတစ်ဦးက ပြောသည်။  ရန်ကုန်တိုင်းဒေသကြီးတွင်  စည်ပင်သာယာနယ်နိမိတ်အ တွင်း ဆိုင်ကယ်စီးနင်းခွင့်ကို ၁၉၉၁ ကတည်းကတားမြစ်ထား သည်။

No comments:

Post a Comment