Sunday, July 7, 2019

ဂျပန်အထက်လွှတ်တော်ရွေးကောက်ပွဲတွင် အာဘေး၏ အာဏာရညွန့်ပေါင်းက အမတ်နေရာအများစု အနိုင်ရဖွယ်ရှိ

ယခုလအတွင်း ကျင်းပမည့် ဂျပန်အထက်လွှတ်တော်ရွေးကောက်ပွဲတွင် ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၏ အာဏာရညွန့်ပေါင်းက အမတ်နေရာအများစုကို ချုပ်ကိုင်နိုင်ဖွယ်ရှိပြီး ゞင်း၏ အာဏာချုပ်ကိုင်မှုကို  အားကောင်းစေမည်ဖြစ်ကြောင်း ဂျပန်မီဒီယာများက ဇူလိုင် ၆ ရက်တွင် ဖော်ပြခဲ့သည်။ ဇူလိုင် ၂၁ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် အာဘေး၏ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) နှင့် ゞင်း၏ မဟာမိတ်ပါတီ Komeito တို့သည် အမတ် ၁၂၄ နေရာရှိသော အထက်လွှတ်တော်၌ အမတ် နေရာအများစုဖြစ်သော ၆၃ နေရာကျော်ကို ရရှိဖွယ်ရှိကြောင်း Kyodo News က ゞင်း၏ သဘောထားစစ်တမ်းကို ကိုးကား၍ ခန့်မှန်းခဲ့သည်။



ဇူလိုင် ၄ ရက်နှင့် ၅ ရက်တွင် သဘောထား စစ်တမ်းကောက်ယူခဲ့သည့် Kyodo က အာဏာရပါတီများသည် အမတ် ၇၇ နေရာ အထိရရှိရန် အခြေအနေကောင်းနေကြောင်းလည်း ဖော်ပြခဲ့သည်။ ထိုရွေးကောက်ပွဲတွင် အာဏာရညွန့်ပေါင်းသည် အမတ်နေရာအများစုကို အလွယ်တကူရရှိမည်ဟု ခန့်မှန်းကြောင်း အဆာဟိရှင်ဘွန်းနှင့် အခြားသတင်းစာများကလည်း ခန့်မှန်းခဲ့သည်။


လွှတ်တော်နှစ်ရပ်ပေါင်း အမတ်အရေအတွက်ကို လက်ရှိ ၂၄၂ ဦးမှ သုံးဦးတိုးမြှင့်ရန် ပါလီမန်က ပြီးခဲ့သောနှစ်တွင် မဲခွဲဆုံးဖြတ်ခဲ့သည်။

အထက်လွှတ်တော်ဟု တရားဝင်ခေါ်ဆိုသော House of Councillors သည် ဂျပန်၏ လွှတ်တော်နှစ်ရပ်တွင် သြဇာအာဏာနည်းပါးပြီး အထက်လွှတ်တော်မှ အမတ်နေရာထက်ဝက်ကို သုံးနှစ်တစ်ကြိမ် ရွေး ကောက်ပွဲပြုလုပ်၍ ရွေးချယ်လေ့ရှိသည်။

၂၀၁၂ ခုနှစ် နှောင်းပိုင်းတွင် အာဏာရရှိခဲ့ပြီးနောက်ပိုင်း ငြိမ်းချမ်းရေးလိုလားသည့် ဂျပန်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန် ကြိုးပမ်းနေသော အာဘေးသည် ပါလီမန်တွင် ထိုဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင်နိုင်ရန်အတွက် လိုအပ်သော အမတ်နေရာ သုံးပုံနှစ်ပုံကို ထိန်းချုပ်နိုင်ရန် ရည်မှန်းနေသည်။

ယခုရွေးကောက်ပွဲသည် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြင်ဆင်ရန်အတွက် ဆွေးနွေးမှုတွင် တာဝန်ခံသည့် ဥပဒေပြု အမတ်များနှင့် ပါတီများကို ရွေးချယ်မှု ပြု မပြုကို ဆုံးဖြတ်ရမည်ဖြစ်ကြောင်း အာဘေးက ဇူလိုင် ၄ ရက်တွင် မဲဆွယ်မိန့်ခွန်း၌ ပြောကြားခဲ့သည်။ အာဘေး၏ LDP ပါတီ ဦးဆောင်သော ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင် ဆင်ရေးလိုလားသည့် အင်အားစုသည် ပါလီမန်တွင် အမတ်နေရာအများစုဖြစ်သည့် သုံးပုံနှစ်ပုံကို ရရှိရန် အမတ်နေရာ ၈၅ နေရာအထိ ရရှိရန် နီးကပ်လာဟု ဂျပန်မီဒီယာများက ခန့်မှန်းခဲ့သည်။

လွှတ်တော်နှစ်ရပ်စလုံးတွင် အမတ်နေရာ သုံးပုံနှစ်ပုံအထိ အများစုရရှိထားလျှင်ပင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရာတွင် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ၌ ထောက်ခံမှု အများစုရရှိရန်လည်း လိုအပ်သည်။

လာမည့် အောက်တိုဘာတွင် စားသုံးသူ အခွန်တိုးမြှင့်ရန် စီစဉ်ထားမှုနှင့် ယိုင်နဲ့နေသော နိုင်ငံ၏ ပင်စင်စနစ်တို့သည် ရွေးကောက်ပွဲမတိုင်မီ  ကိုယ်စားလှယ်လောင်းများက အဓိကမဲဆွယ်နေသည့် အကြောင်း အရာများတွင် ပါဝင်ခဲ့သည်။ အိုဆာကာတွင် ပြီးခဲ့သောလ၌ ဂျီ-၂၀ ထိပ်သီးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့မှု အပါအဝင် ဂျပန်၏ သံတမန်ရေးကို အာဘေးက အလေးပေး၍ မဲဆွယ်စည်းရုံးခဲ့သည်။   

No comments:

Post a Comment