Sunday, July 7, 2019

လားရှိုးတွင် အသက် ၁၀ နှစ်အရွယ် မိန်းကလေးတစ်ဦးအား အဓမ္မပြုကျင့်မှု ဖြစ်ပွား

Image may contain: one or more people, people standing, people walking and outdoorရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ဇူလိုင်လ ၆ ရက်၊ ညနေပိုင်းက အသက် ၁၀ နှစ်အရွယ် မိန်ကလေးတစ်ဦး အား အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့ပြီး ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရမိထားပြီးဖြစ်ကြောင်း သိရသည်။ လားရှိုးမြို့၊ ရပ်ကွက် (၉) နေ ဒေါ်စန်းစန်းအေး၏နေအိမ်တွင် ဇူလိုင်လ ၆ ရက်၊ ညနေ ၆ နာရီခွဲခန့်က ၎င်း၏သမီးငယ် ဖြစ်သူ ရှိနေစဉ် ဒေါ်စန်းစန်းအေးနှင့် ရင်းနှီးသူတစ်ဦး၏ မောင်ဝမ်းကွဲ တော်စပ်သူ သန့်ဇင် ဆိုသူ ဆိုင်ကယ်ဖြင့်ရောက်လာပြီး ငါးချိန်ရန် ခေါ်ခိုင်းသည်ဟုဆိုကာ ဒေါ်စန်းစန်းအေး၏ သမီးငယ်အား ခေါ်ဆောင်သွားပြီး မြို့ရှောင်လမ်းဘက် တောစပ်တစ်နေရာအရောက်တွင် သားမယားအဖြစ် ပြုကျင့်ခဲ့ပြီးနောက် နေအိမ်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


ယင်းနေ့ ည ၇ နာရီခွဲခန့်တွင် ဒေါ်စန်းစန်းအေး ဈေးရောင်းရာမှ ပြန်လာစဉ် သမီးငယ်ဖြစ်သူအား မေးမြန်းရာ အဆိုပါဖြစ်စဉ်အား သိရသဖြင့် သမီးဖြစ်သူအား လိမ်လည်ခေါ်ဆောင်ပြီး သားမယားအဖြစ် ပြုကျင့်ခဲ့သူ သန့်ဇင်အား အရေးယူပေးရန် လားရှိုးမြို့မရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ကြောင်း သိရသည်။

သို့ဖြစ်၍ ထွက်ပြေးတိမ်းရှောင်နေသော ပြစ်မှုကျူးလွန်သူ သန့်ဇင် (၁၉ နှစ်) အား ပိတ်ဆို့ရှာဖွေမှုများ ပြုလုပ်ခဲ့ရာ ယနေ့ ဇူလိုင်လ ၇ ရက်တွင် ဖမ်းဆီးရမိခဲ့ပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၇၆/၃၆၃ တို့ဖြင့် အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment