Sunday, July 7, 2019

ဇွန်လလယ်ပိုင်းက ဈေးကျခဲ့သည့် ပဲတီစိမ်း အိန္ဒိယ ဝယ်လိုအားကြောင့် သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၁၀ဝ၀ဝ ကျော် ပြန်လည်မြင့်တက်

မန္တလေးဈေးကွက်တွင် ပြီးခဲ့သည့် ဇွန်လလယ်ပိုင်းက ကျဆင်းနေသော ပဲတီစိမ်း ဈေးနှုန်းများ အိန္ဒိယဝယ်လက်များ၏ ဝယ်လိုအားကြောင့် ယခုရက်ပိုင်းအတွင်း သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၁၀ဝ၀ဝ ကျော် ပြန်လည်မြင့်တက်လာကြောင်း မန္တလေး ပဲကုန်သည်များက ပြောကြားသည်။ “မန္တလေး ဈေးကွက်ထဲမှာ ဇူလိုင် ၅ ရက်ဈေး ပဲတီစိမ်းဈေးက ၁၀၂၀ဝ၀ ပေါက်တယ်။ ဇွန်လ အလယ်လောက်က ပဲတီစိမ်းဈေးက သုံးတင်းဝင်တစ်အိတ်ကို ၉၂၀ဝ၀  အထိ ဈေးပြုတ်ကျသွားပါတယ်။ မန္တလေး ဈေးကွက်ထဲကို နယ်ပေါင်းစုံကနေ ဝင်လာ တာ များတယ်။
တရုတ်ဝယ်လက်တွေက လည်း ဈေးကွက်သဘောအရ ဈေးချဝယ်မှု ကြောင့် ၁၀၈၀ဝ၀ ကနေ သုံးတင်းတစ်အိတ် ကို  ကျပ် ၉၂၀ဝ၀ အထိ ဈေးကျသွားတယ်။ ဒါပေမဲ့ အခုရက်ပိုင်း အိန္ဒိယဘက်ပို့ဖို့ တန် ချိန် ၁၅၀ဝ၀ဝ ရှိတာကြောင့် အိန္ဒိယဝယ် လက်တွေ မန္တလေးဈေးကွက် ဝင်ရောက် ဝယ်ယူမှုကြောင့် အစပထမ ဝယ်ယူရာတွင် အရေအတွက်မများဘဲ အခုရက်ပိုင်း အလုံး အရင်းဖြင့် မန္တလေးဈေးကွက်ထဲ ဝယ်နေယူ တယ်။ ပဲတီစိမ်းဈေးကလည်း လွန်ခဲ့တဲ့ ၁၅ ရက်စာရင် သုံးတင်းဝင်တစ်အိတ် ကို ၁၀ဝ၀ဝ လောက်အထိ တက်လာတယ်။ ပဲတီစိမ်းထွက် သည့် နယ်များမှာလည်း ဝယ်လက်တွေ ဆင်း ဝယ်နေတယ်လို့ သိရပါတယ်” ဟု မန္တလေးမြို့မှ ဦးစိုးဝင်းမြင့်(စိုးဝင်းမြင့်ပွဲရုံ)က ပြောကြားသည်။

အညာစ ပဲတီစိမ်းဈေးကွက်အတွင်း လှိုင်လှိုင်ဝင်ရောက်နေပြီး မြန်မာပြည်က ပဲတီစိမ်းကို တစ်နှစ်လုံး ယူနန်ပြည်နယ်ဘက်မှ နေ့စဉ်ဝယ်ယူနေကြောင်း၊ ဈေးအတက်အကျရှိပြီး နေ့စဉ်ပေါက်ဈေးဖြင့် ဝယ်လက် များက ဝယ်ယူနေကြောင်း သိရသည်။ ပဲတီစိမ်းမှာ စပါးကဲ့သို့ တစ်နှစ်ပတ်လုံး သီးထပ်စိုက်ပျိုးနိုင်သည့် သီးနှံဖြစ်ခြင်းကြောင့် ပြည်ပပို့ကုန်အဖြစ် မန္တလေး၊ စစ်ကိုင်းနှင့် မကွေးတိုင်းဒေသကြီးတို့တွင် အဓိကအားထားစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

မန္တလေး ဈေးကွက်သို့ ပခုက္ကူ၊ ရေစကြို၊ ကျေက်ဆည်၊ မြောင်၊ ချောင်းဦး၊ ရွှေဘိုနယ်၊ ပျော်ဘွယ်၊ ရမည်းသင်း၊ နေပြည်တော် တပ် ကုန်းနယ်တို့မှ မန္တလေးဈေးကွက်သို့ ပစ္စည်းဝင်ရောက်မှုများနေကြောင်း သိရသည်။

ပဲတီစိမ်း စိုက်တောင်သူများမှာ မတ်လမှ စတင်ကာစိုက်ပျိုးကြပြီး မေလလယ်တွင် စတင်ရိတ်သိမ်းပြီး ဇွန်လတွင် ပဲတီစိမ်းအများဆုံးထွက်ရှိကာ ဇူလိုင်လအထိ ရိတ်သိမ်းလေ့ရှိကြောင်း သိရသည်။       

No comments:

Post a Comment