Sunday, July 7, 2019

သိန်း ၆၅၀၀ ကုန်ကျသည့် စမုံချောင်းကူးတံတား သွားမရသဖြင့် နိုင်ငံ့အကြီးအကဲများထံ တိုင်ကြားမည်

66164251_2965337193605278_4410785852255371264_nမန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ် ဆူးပန်းရွာနဲ့ ခင်ပန်းရွာ ရွာ ၂ ရွာ ကြားမှာ နိုင်ငံတော်ဘဏ္ဍာငွေ သိန်း ၆၅၀၀ အကုန်အကျခံ တည်ဆောက်ထားတဲ့ စမုံချောင်းကူးတံတားပေါ်က သွားလာမရလို့ နိုင်ငံတော်အကြီးအကဲတွေကို တိုင်ကြားသွားမယ်လို့ ဒေသခံတွေက ဇူလိုင်လ ၆ ရက်နေ့က ပြောပါတယ်။  ဆူးပန်းရွာနေ ဦးဆန်းဝင်းက “ဒီတံတားကြီး ပြီးစီးပါပြီ ဆိုပြီး ကျောက်စာတိုင်ထူတယ်၊ ဖွင့်ပွဲလုပ်တယ်။ အဲဒါတွေက တနှစ်ကျော်သွားပြီ ဒီတံတားပေါ်က ကူးသန်းသွားလာလို့ မရသေးပါဘူး။ ချဉ်းကပ်လမ်းလည်း မပြီးသေဘူး၊ မနှစ်ကတနှစ်လုံး စမုံရေတွေ လာတယ်။
ဒီတံတားပေါ်က မသွားရတော့ အခက်အခဲဖြစ်တယ်။ အခုဆို မိုးရွာလာပြီ၊ ချောင်းရေလာရင် လနဲ့ချီပြီးလာတယ်၊ ကူသန်းသွားလာဖို့ ခက်ပြီ။ နိုင်ငံတော်ငွေတွေ အလဟဿ ဖြစ်နေတယ် ဆိုတာ ခံစားရလို့ ကျေးလက်တောင်သူတွေရဲ့ လက်မှတ်ထိုးနဲ့ နိုင်ငံတော် အကြီးအကဲတွေဆီ တိုင်ကြားသွားမှာပါ”လို့ ပြောပါတယ်။

၂၀၁၇ ခုနှစ် အောက်တိုဘာ ၂၄ ရက်မှာ မိုးများပြီး စမုံချောင်းရေကြီးတာကြောင့် ရေထဲ မျောပါသွားခဲ့ပါတယ်။ တံတားအသစ် ပြန်တည်ဆောက်တဲ့နေရာ တံတားချဉ်ကမ်းလမ်းဟာ တောင်သူမြေထဲမှာ ရှိနေတဲ့အတွက်  တောင်သူက ထရံကာထားလို့ သွားလာလို့မရ ဖြစ်နေတာပါ။

တံတားနဲ့ မလွတ်တဲ့ မြေပိုင်ရှင်ကို ညှိနှိုင်းခဲ့တာ အဆင်ပြေခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အဆင်မပြေဖြစ်ပြီး ဝင်းထရံခတ်သွားတာ ဘယ်လိုမှ ညှိနှိုင်းပေးလို့ မရဘူးဖြစ်နေတယ်လို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိုးမင်းထက်က ပြောပါတယ်။

စမုံချောင်းကူးတံတားကို အစိုးရရံပုံငွေနဲ့ သိန်းပေါင်း ၆၅၀၀ လောက် အကုန်အကျခံ တည်ဆောက်ထားပါတယ်။ တံတားအရှေ့ဘက်မှာ ကျေးရွာ ၂၀ နဲ့ တံတားအနောက်ဘက်က ကျေးရွာ ၃၀ လောက် ဒီတံတားကို အသုံးပြုနေကြပါတယ်။

အခုအခါမှာ ရေမလာသေးလို့ စမုံချောင်းထဲက ဖြတ်သန်းသွားလာလို့ ရနေပါသေးတယ်။ အဲ့ဒီချောင်းကို ကားကြီးကားငယ် ၁၅၀ လောက်နဲ့ ဆိုင်ကယ် ၂၀၀၀ ကျော်လောက် လယ်ယာလုပ်ငန်းခွင်ဝင် နွားလှည်း ၁၀၀ကျော် ဖြတ်သန်းသွားလာနေပါတယ်။

No comments:

Post a Comment