Wednesday, July 3, 2019

အစိုးရနှင့် ဆက်ဆံမည့် မူဝါဒကို ရခိုင်အမျိုးသားပါတီ ရေးဆွဲမည်

အစိုးရ (သို့မဟုတ်) အာဏာရပါတီနှင့် ဆက်ဆံရေး ကဏ္ဍအတွက် မူဝါဒရေးဆွဲရန် စီ စဉ်ဆောင်ရွက်နေကြောင်း ရခိုင် အမျိုးသားပါတီ (ANP) ပြောရေး ဆိုခွင့်ရှိသူ ဒေါ်အေးနုစိန်ကပြော သည်။ ရခိုင်အမျိုးသားပါတီ(ANP) မူဝါဒရေးရာ ဦးဆောင်ကော်မတီ  အစည်းအဝေးကို ဇွန်လ ၃၀ ရက် က စတင်ကာ စစ်တွေမြို့ရှိ ပါတီ ဌာနချုပ်၌ လေးရက်တာ ပြုလုပ် နေစဉ် ထိုသို့ ထည့်သွင်းပြောကြား ခြင်းဖြစ်သည်။ အဆိုပါ ဆွေးနွေးပွဲ၌ နိုင်ငံ တကာဆက်ဆံရေးကဏ္ဍ၊ တရား ဝင် နိုင်ငံရေးပါတီများနှင့်ဆက်ဆံ ရေးကဏ္ဍ၊ အစိုးရ၊ အာဏာရပါ တီနှင့် ဆက်ဆံရေးကဏ္ဍနှင့်မူဝါဒ ရေးရာ ပါတီပြောရေးဆိုခွင့်ရှိသူ ကဏ္ဍအပါအဝင် ပါတီကိုယ်စား ပြု လွှတ်တော်ကိုယ်စားလှယ်များ ကဏ္ဍတို့ကို ထည့်သွင်းဆွေးနွေးခဲ့ ကြောင်း ANP က ထုတ်ပြန်သည်။



‘‘ကျွန်မတို့က အသေးစိတ်မူ ဝါဒတွေရေးဆွဲနေတုန်းပဲ ရှိပါ သေးတယ်။ ဘယ်လိုသွားမလဲ ဆိုတာ မူဝါဒရေးဆွဲပြီးမှပဲ ဆက် လက်ဆောင်ရွက်သွားမှာ ဖြစ်ပါ တယ်’’ ဟု ဒေါ်အေးနုစိန်ကပြော သည်။

ရခိုင်အမျိုးသားပါတီအနေ ဖြင့် ၁၉၈၂ နိုင်ငံသားဥပဒေနှင့် နိုင်ငံသားဖြစ်၊ မဖြစ် ကိစ္စကိုစိစစ် ပြီး နိုင်ငံသားဖြစ်သင့်ဖြစ်ထိုက်သူ များကို နိုင်ငံသားပေးရန်နှင့် နိုင်ငံ သားမဖြစ်သူများကို ကန့်သတ် ပေးရန် ကိစ္စနှင့်ပတ်သက်ကာ အစိုးရကို တိုက်တွန်းပြောဆိုမည့် မူဝါဒချမှတ်ထားပြီး အသေးစိတ် မူဝါဒကိုမူ မရရှိသေးကြောင်း ၎င်း က ဆိုသည်။

အဆိုပါ အစည်းအဝေးသို့ ပါတီမူဝါဒရေးရာ ဦးဆောင်ကော် မတီ အဖွဲ့ဝင်များဖြစ်သည့် ဒေါ်အေးနုစိန်၊ ဦးဘရှိန်၊ ဦးဦးလှ စော၊ ဦးစံကျော်လှ၊ ဦးထွန်း အောင်ကျော်၊ ဦးဖေသန်း၊ ဒေါက် တာတင်အောင်နှင့် ပါတီဥက္ကဋ္ဌ ဦးသာထွန်းလှ၊ အထွေထွေအ တွင်း ရေးမှူး ဦးခိုင်ပြည်စိုးတို့တက် ရောက်သည်။ ANP သည် မေလ ၃၀ ရက် နှင့် ဇွန်လ ၁ ရက်ကလည်း စစ် တွေမြို့၌ ပါတီညီလာခံ ကျင်းပ ပြီးနောက် ပါတီမူဝါဒရေးရာ ဦး ဆောင်ကော်မတီနှင့် ဗဟိုအလုပ်  အမှုဆောင်ကော်မတီတို့ကို အ သစ် ပြန်လည်ရွေးချယ်ထား သည်။  နုတ်ထွက်ထားသည့်ဒေါက် တာအေးမောင် တာဝန်ယူခဲ့သော ပါတီဥက္ကဋ္ဌနေရာ၌ ဦးသာထွန်းလှ ကို ရွေးချယ်ပြီး ဦးတင်ညို (ဒု ဥက္ကဋ္ဌ)၊ ဦးမြင့်နိုင် (ဒုဥက္ကဋ္ဌ)နှင့်  အထွေထွေအတွင်းရေးမှူးအဖြစ်  ဦးခိုင်ပြည်စိုးတို့ကို ရခိုင်အမျိုး သားပါတီက  တာဝန်ပေးထား သည်။

No comments:

Post a Comment