Wednesday, July 3, 2019

အသက်မပြည်သေးသည့် ကျောင်းသူမိန်းခလေးများအား လိင်ပိုင်းဆိုင်ရာ ကျူးလွန်နေသည့် ကျေးရွာ အုပ်ချုပ်ရေးမှူး အား ဖမ်းဝရမ်းထုတ်

ထိုင်းနိုင်ငံ ဖန်းငါးခရိုင် အုန်းတော (ထုန့် မဖေါက်)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး နိုင် Supasak Phokbut ဆူပဆပ် ဖုတ်ကဘွတ် ကို ဖန်းငှားတရားရုံးက ဖမ်းဝရမ်းထုတ်ပြီး သူ့ အိမ်ကို သွားရောက်ရှာဖွေရာမှာ တရားခံ ဟာ ထွက်ပြေးသွားခဲ့ပြီး သူ့ မိသားစုပါ နေအိမ်မှာမရှိတော့တာတွေ့ ရပါတယ်။ ထိုင်းလူမှူကွန်ယက်မှာ ဖေါ်ပြနေတဲ့ မိန်းခေလးငယ်တစ်ဦးကို ကားပေါ်မှာ ပွတ်သတ်နမ်းနေတဲ့ ထိပ်ပြောင် လူကြီး ရုပ်သံထဲက သူဟာဟာ အုန်းတောကျေးရွာ အုပ်ချုပ်မှူးဖြစ်ကြောင်း ရဲတပ်ဖွဲ့ ကအတည်ပြုခဲ့ပါတယ်။



ရဲတပ်ဖွဲ့ က ဖမ်းဝရမ်းမထုတ်ခင် တရားခံဟာ လေဖြတ်သွားလို့  ကျန်းမာေ၇းကြောင့် သူတာဝန်မှ နုတ်ထွက်စာ တင်ပြီး တိမ်းေ၇ှာင်သွားခဲ့ပြီးဖြစ်ပါတယ်။

ရုပ်သံရိုက်ကူးတဲ့ သက်သေ မိန်းခလေး (လိင်ပိုင်းဆိုင်ရာကျူးလွန်ခံရသူ) အလယ်တန်း ကျောင်းသူ ကိုတော့ လုံခြုံရေးအရ မြို့ နယ် အမျိုးသမီးအဖွဲ့ တွေက စောင့်ေ၇ှာက်ပေးထားပါတယ်။

တရားခံဟာ ခုလိုမျိုး ကျေးရွာကျောင်းက မိန်းခလေးကို ကားပေါ်ခေါ်သွားပြီး လိင်ပိုင်းဆိုင်ရာ ကျူးလွန်နေတာ အကြိမ်ကြိမ်ရှိနေပြီဖြစ်ပေမယ့် ဘယ်သူကမှ ရဲကိုမတိုင်ရဲကြပါဘူး။ ရုပ်သံကိုယ်တိုင်ရိုက်သူ မိန်းခလေးကိုလည်း မြို့ က ပညာရေးရုံးမှာ ပညာရေး ထောက်ပံ့စရိတ် လျှောက်ပေးမယ်ဆိုပြီး ကားနဲ့  လာခေါ်သွားခဲံတာပါ။

ဆိုရှယ်ကွန်ယက်ဟာ လက်စောင်းထက်တဲ့ ဓါးသွားတစ်ခုလိုပါ၊ အာဏာရှိပြီး ထင်ရာလုပ်နေသူကို ရက်ပိုင်းအတွင်းမှာ တရားခံပြေးဖြစ်အောင်
ဖေါ်ထုတ်နိုင်ခဲ့ကြပါတယ်။နောက်ဆုံးသတင်းအရ ထွက်ပြးနေတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးဟာ သတ်သေဘို့  မိမိကိုယ် သေနတ်အတိုနဲ့  ပစ်ခဲ့တယ်လို့  လည်း သိရပါတယ်။

No comments:

Post a Comment