Wednesday, July 3, 2019

မီတာခတက်၍ ရန်ကုန်မြို့ နှစ်နေရာတွင် ဆန္ဒထုတ်ဖော် ယနေ့ ရန်ကုန်တောင်ပိုင်းခရိုင်မြို့နယ် ခုနစ်ခု၌ ဆန္ဒပြမည် ပုဇွန်တောင်ဆန္ဒပြပွဲကို မြို့နယ်ပြည်ခိုင်ဖြိုးဥက္ကဋ္ဌ ဦးဆောင်

လျှပ်စစ်မီတာခနှုန်းထား များ တိုးမြှင့်ကောက်ခံမည့်အပေါ် ကန့်ကွက်ဆန္ဒပြမှုကို ယမန်နေ့က ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ် နှင့် သာကေတမြို့နယ်တွင် စတင်ခဲ့သည်။ ပုဇွန်တောင်မြို့နယ် ပြည်သူ ၅၀ ကျော်က မြို့နယ်အတွင်း လှည့်လည်ပြီး မြို့နယ်လျှပ်စစ် ဓာတ်အားပေးရေး ရုံးရှေ့ထိ ချီတက်ဆန္ဒပြခဲ့သည်။ အဆိုပါ ကန့်ကွက်ဆန္ဒပြမှုကို ပုဇွန်တောင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစိုးမင်းသန်းကဦးဆောင်ခြင်း ဖြစ်သည်။


ဆန္ဒပြသူများက ‘‘ပြည်သူ့ ဆန္ဒမပါသော မီတာခတိုးမြှင့်မှု အလိုမရှိ၊ လျှပ်စစ်မီတာတိုးမြှင့် ကောက်ခံမှု ချက်ချင်းရပ်၊ ပြည် သူ့ဆန္ဒအရေးပေးရေး တို့အရေး’’  စသည်တို့ အော်ဟစ်တောင်းဆို ခဲ့သည်။

‘‘ပြည်သူလူထုရဲ့ သက်သာ ချောင်ချိမှုအပေါ် လက်ရှိ NLD အစိုးရအနေနဲ့ ဖော်ဆောင်ပေးစေ ချင်တယ်။ ဒီလိုတိုးမြှင့်ကောက်ခံ တာဟာ အဓိကတော့ဗျာ ကောက်ခံရမယ့်အခြေအနေ၊ ကောက်ခံရမယ့် အဆင့်ကို မရောက်သေးဘူး လို့ မြင်တယ်။ ကောက်ခံတဲ့အပေါ် မှာကော ဒေါ်အောင်ဆန်းစုကြည် သိရဲ့လား။ အဓိကကတော့ ဒါပဲ’’ဟု ဆန္ဒပြပွဲဦးဆောင်သော ဦးစိုးမင်းသန်းက ပြောသည်။ သို့သော်ကန့်ကွက်ဆန္ဒပြမှုသည် ပြည်ခိုင်ဖြိုးပါတီအနေဖြင့်   ပြုလုပ်ခြင်းမဟုတ်ကြောင်း ၎င်းကပြောသည်။

အလားတူ မီတာခတက်ခြင်း အပေါ် သာကေတမြို့နယ်တွင် လည်း အင်အား ၁၀၀ ကျော်ဖြင့် စီတန်းလှည့်လည် ဆန္ဒပြခဲ့သည်။

ထို့အပြင် မန္တလေးမြို့တွင် မီတာခတက်ခြင်းနှင့်ပတ်သက်ပြီး  ဆန္ဒထုတ်ဖော်မှု မြန်မာနိုင်ငံစက် မှုလက်မှုနှင့် ၀န်ဆောင်မှုလုပ် ငန်းပေါင်းစုံ အလုပ်သမား သမဂ္ဂ များအဖွဲ့ချုပ်ရုံး၌ ယမန်နေ့က ပြုလုပ်ခဲ့သည်။

လျှပ်စစ်မီတာခ တိုးမြှင့် မှုအ ပေါ် ကျေနပ်မှုမရှိ၍ ကန့်ကွက်ဆန္ဒပြရန် စီစဉ်နေကြောင်း တက်ကြွလှုပ်ရှားသူ ကိုမြတ်ကျော်က ပြောသည်။

‘‘လက်ရှိ အခြေအနေက မီ တာခတွေ တိုးလိုက်ဖို့ မဖြစ်တဲ့အ ခြေအနေလို့ မြင်တယ်။ ရာသီဥ တုအရကလည်း မိုးတွင်းဖြစ်နေ တယ်ဗျာ။ မိုးတွင်းဆိုတာ တိုင်း သူပြည်သားတွေက ရှာရဖွေရ တာ ခက်ခဲတဲ့ကာလလို့ ပြောရ မယ်။ အချိန်ကိုက်များ လုပ်သ လားလို့ စဉ်းစားမိတယ်။ ဟိုဘက် က မဘသကနေ အစိုးရကို ဆန့် ကျင်ဖယ်ရှားမယ်ဆိုတဲ့ အချိန်နဲ့ မီတာခတက်တဲ့အချိန်နဲ့ အခြေအ နေပေါင်းစုံဖြစ်လာတာကြီးက မရိုးသားစရာကြီး ဖြစ်နေတယ်။

မီတာခ တက်တာကြီးက တော့ ပြည်သူလူထုရဲ့ အရှိုက်ကို တည့်တည့်ထိတာကြီး ဖြစ်နေတာ ပေါ့’’ဟု ကိုမြတ်ကျော်က ပြော ကြားသည်။

လျှပ်စစ်မီတာခနှုန်းထား တိုးမြှင့်ကောက်ခံမှုနှင့်ပတ်သက်ပြီး ယနေ့(ဇူလိုင် ၂ ရက်) တွင် ရန်ကုန်တောင်ပိုင်းခရိုင်ရှိ ခုနစ်မြို့နယ်၌ ကန့်ကွက်ဆန္ဒပြမည်ဖြစ်သည်။

ခရမ်း၊ သုံးခွ၊ကျောက်တန်း၊ သန်လျင်၊ ဒလ၊ ကော့မှူးနှင့် ဒေါပုံမြို့နယ်တို့၌ ကန့်ကွက်ဆန္ဒ ပြမည်ဖြစ်သည်။

လျှပ်စစ်ဓာတ်အား ထုတ် လုပ်ဖြန့်ဖြူးမှု တိုးချဲ့ရေး၊ မဟာ ဓာတ်အားလိုင်းစနစ်မှ လျှပ်စစ်မီး မရရှိသေးသည့် ဒေသများ မီးရရှိ ရေးလုပ်ငန်းများ ဆောင်ရွက်နိုင် ရန် လျှပ်စစ်မီတာခနှုန်းထားများ ကို တိုးမြှင့်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ဇွန်လ ၂၅ ရက်တွင် ကြေညာသည်။

ထိုသို့ တိုးမြှင့်ရန် နယ်ပယ် အသီးသီးမှ ကိုယ်စားလှယ်များ နှင့် အဖွဲ့အစည်းများဖြင့် တွေ့ဆုံ ဆွေးနွေးကာ အကြံပြုချက်ရယူ ဆောင်ရွက်ခဲ့သည်ဟု ၀န်ကြီးဌာနက ထုတ်ပြန်ထားသည်။ တိုးမြှင့်နှုန်းထားကို  ဇူလိုင် ၁ ရက်တွင် စတင်ကောက်ခံမည် ဖြစ်ပြီး ပြည်ထောင်စုအစိုးရ၏ သဘောတူညီချက်ကို    ၂၀၁၉ ဧပြီက ရရှိပြီးဖြစ်သည်ဟု ထုတ် ပြန်ချက်၌ ဖော်ပြသည်။

No comments:

Post a Comment