Wednesday, July 3, 2019

စစ်တွေမြို့မြောက်ဘက်ရှိ မြေဧက ၇၀ဝ၀ ၌ အမေရိကန်ဒေါ်လာ ၃၈ ဘီလျံ အကုန်အကျခံတည်ဆောက်မည့် မြို့သစ်စီမံကိန်း Sittwe Myanmar City 2030 ကို အဆိုပြုထားကြောင်း သိရ

ရခိုင်ပြည်နယ် စစ်တွေမြို့ မြောက်ဘက်ရှိမြေဧက ၇၀ဝ၀ ၌ SITTWE  MYANMAR CITY 2030 အမည်ရှိသည့် မြို့သစ်စီမံကိန်းတစ်ခုကို Gold Coast KTMG Development Co.,ltd က အကောင်အထည်ဖော်ရန် အဆိုပြုထားကြောင်း သိရသည်။ ယင်းစီမံကိန်းကို စစ်တွေမြို့မြောက်ဘက်ခြမ်းရှိ ကျေးတောရွာနှင့် ရွှေမင်းဂံကျေးရွာကြားက မြေဧက ၇၀ဝ၀ တွင် တည်ဆောက်ရန် အဆိုပြုထားခြင်းဖြစ်ကာ စီမံကိန်းဖြစ်လာရန်အတွက် မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်က ခွင့်ပြုချက်ယူရမည်ဖြစ်ကာ အစိုးရအဖွဲ့နှင့် လွှတ်တော်တို့၏ ထောက်ခံချက်လည်း ယူရမည်ဖြစ်ကြောင်း သိရသည်။



ယင်းနှင့်ပတ်သက်ပြီးရခိုင်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌဌက “သူတို့ဘက်က ချပြတာကတော့ကောင်းတယ်။ ရခိုင်ပြည်နယ်အတွက်လည်း ကောင်းတယ်ပေါ့။ ဒါပေမဲ့ ဧက ၇၀ဝ၀ ရဖို့ဆိုတာက စစ်တွေမြို့နယ်အနေနဲ့ အဲဒီနေရာမှာမရနိုင်ဘူး။ ပုဏ္ဏား ကျွန်းဘက်ခြမ်းကိုကူးပြီး လုပ်မှရတယ်။ နောက်ပြီး ကျေးရွာတွေ လယ်မြေတွေကို လယ်သမားတွေ ကျေနပ်တဲ့ပမာဏပေးနိုင်ဖို့ လိုတယ်။ ဒီလိုပေးနိုင်မှ ဖြစ်လာနိုင်မယ်။ နောက်ပြီး သူတို့က သက်ဆိုင်ရာက ခွင့်ပြုချက်တွေရရှိပြီးမှသာ နိုင်ငံခြားက ရင်းနှီးမြှုပ်နှံတဲ့ ကုမ္ပဏီတွေကို ဖိတ်ခေါ်မှာဖြစ်တယ်။ ၂၀၃၀ မှာ စတင်တည်ဆောက်မယ်လို့တော့ သူတို့ဘက်က ပြောသွားတယ်။ ဖြစ်လာမလာ စောင့်ကြည့်ရမှာပေါ့ ”ဟု ပြောကြားသည်။
Gold Coast KTMG Development Co.,ltd မှ ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် တည်ဆောက်မည့် စစ်တွေမြို့သစ်စီမံကိန်း SITTWE  MYANMAR CITY 2030 နှင့်ပတ်သက်၍  Gold Coast KTMG Development Co.,ltd ဇွန် ၂၆ ရက် နေ့ လယ်ပိုင်းက ရခိုင်ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမတွင် လာရောက်ရှင်းလင်းခဲ့ကြောင်း၊ ရှင်းလင်းပွဲသို့ ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဌ ဦးစံကျော်လှ၊ ဒုတိယ ဥက္ကဋ္ဌဌ ဦးမြသန်းနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ၊ အကြံပေးအဖွဲ့ဝင်များ၊ Gold Coast KTMG Development Co.,ltd မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

No comments:

Post a Comment