Wednesday, July 3, 2019

ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်နှင့်အဖွဲ့ သြစတေးလျသံရုံး ဒုတိယအတွင်းဝန်အား လက်ခံတွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်နှင့်အဖွဲ့သည် မြန်မာနိုင်ငံဆိုင်ရာ သြစတေးလျသံရုံး ဒုတိယအတွင်းဝန် Ms.Lucinda အား လက်ခံတွေ့ဆုံခဲ့ကြသည်။ အဆိုပါတွေ့ဆုံမှုကို ဇူလိုင်လ ၃ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်က နေပြည်တော်ရှိ ပြည်ခိုင်ဖြိုးပါတီဌာနချုပ် အစည်းအဝေးခမ်းမ၌ ပြုလုပ်ခဲ့ရာ ဒေါက်တာနန္ဒာလှမြင့်နှင့်အတူ ပါတီဗဟိုပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦး၊ ပါတီဗဟိုကော်မတီဝင် ဦးရဲထွဋ်အောင်တို့က သြစတေးလျသံရုံး ဒုတိယအတွင်းဝန်အား လက်ခံတွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။

No comments:

Post a Comment