Wednesday, July 3, 2019

ဝေဠုကျော်၏ ရုံးချိန်းကင်းလွတ်ခွင့် လျှောက်ထားမှု တရားရုံး ပယ်ချ

သရုပ်ဆောင် ဝေဠုကျော်၏ ရုံးချိန်းကင်းလွတ်ခွင့် လျှောက်ထားမှုအပေါ် သင်္ဃန်းကျွန်းမြို့နယ်တရားရုံးက ယနေ့ (ဇူလိုင် ၃ရက်)တွင် ပယ်ချကြောင်း အမိန့်ချမှတ်ခဲ့သည်။ သရုပ်ဆောင်ဝေဠုကျော်အား မော်ဒယ်သင်းသင်းက ကာမလိမ်လည်ရယူမှု ပုဒ်မ (၄၁၇) ဖြင့် တရားစွဲဆိုထားသောအမှုကို ယနေ့တွင် ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်တရားရုံး၌ ၁၂ ကြိမ်မြောက် ရုံးချိန်းခေါ်ယူခဲ့သည်။ ရုံးချိန်းကင်းလွတ်ခွင့်နှင့် ပတ်သက်၍ ဝေဠုကျော်ဘက်မှ တရားရုံးသို့ လျှောက်ထားမှုမှာ အကြောင်းအရာ ခိုင်လုံမှုမရှိ၍ တရားရုံးက ပယ်ချခဲ့ခြင်းဖြစ်သည်။ သရုပ်ဆောင် ဝေဠုကျော်အနေဖြင့် ပရဟိတလုပ်ငန်းများ လုပ်ဆောင်နိုင်ရန်အတွက် ရုံးချိန်းကင်းလွတ်ခွင့်ပြုရန် ပြီးခဲ့သည့် မေ ၂၄ ရက်တွင် တရားရုံးသို့ တင်ပြခဲ့ခြင်းဖြစ်သည်။ ယနေ့ရုံးချိန်းတွင် မော်ဒယ်သင်းသင်းဘက်မှ တင်သွင်းသည့် သက်သေအသံဖိုင်ကို စစ်ဆေးခဲ့ပြီး လာမည့်ရုံးချိန်းကို ဇူလိုင် ၁၈ ရက် တွင် ပြန်လည်ချိန်းဆိုခဲ့သည်။

No comments:

Post a Comment