Wednesday, July 3, 2019

ဆန္ဒပြသူများ ပါလီမန်အဆောက်အအုံအတွင်း ဝင်ရောက်စီးနင်းမှုကို ဟောင်ကောင်ခေါင်းဆောင်ရှုတ်ချ

 ဇူလိုင် ၁ ရက် ညက ပါလီမန်အဆောက်အအုံ ကို ဝင်ရောက်စီးနင်း ဖျက်ဆီးခဲ့ သည့် ဆန္ဒပြသူများကို ဟောင် ကောင်ဒေသခေါင်းဆောင် မစ္စစ် ကယ်ရီလမ်းက ရှုတ်ချခဲ့သည်။ ဆန္ဒပြပွဲတစ်ခုမှ ခွဲထွက်လာ ပြီးနောက် ဆန္ဒပြသူများသည် ဥပဒေပြုကောင်စီ (LegCo) အ ဆောက်အအုံကို နာရီများစွာကြာ ဝင်ရောက်စီးနင်းခဲ့သည်။ ယင်းဖြစ်ရပ်သည် အမှန် တကယ်ဝမ်းနည်းစရာကောင်းပြီး လူအမြောက်အမြား တုန်လှုပ်ခဲ့ သည်ဟု လမ်းက ပြောသည်။


‘‘LegCo အဆောက်အအုံထဲ ချိုးဖောက်ဝင်ရောက်တဲ့သူတွေ ကို ပြင်းပြင်းထန်ထန် ရှုတ်ချပါ တယ်။ ဘာလို့လဲဆိုတော့ ဟောင် ကောင်မှာ တရားဥပဒေစိုးမိုးမှု ထက် အရေးကြီးတာ ဘာမှမရှိလို့ ပါ’’ဟု လမ်းက ပြောသည်။

ဇူလိုင် ၁ ရက်က ဟောင်ကောင်ဒေသကို ဗြိတိန်က တရုတ် အစိုးရထံသို့ လွှဲပြောင်းပေးအပ်မှု ၂၂ နှစ်မြောက် အခမ်းအနား ကျင်းပရာ ဟောင်ကောင်ပြည်သူ များက ဆန္ဒပြပြီး ရဲတပ်ဖွဲ့နှင့် ထိပ်တိုက်တွေ့ဆုံခဲ့သည်။

သို့သော် အဓိကဆန္ဒပြပွဲ တစ်ခုမှ ဒါဇင်နှင့်ချီသော ဆန္ဒပြ သူများ ခွဲထွက်လာကာ LegCo အ ဆောက်အအုံထဲသို့ မှန်တံခါးများ ခွဲ၍ ဝင်ရောက်ခဲ့သည်။

ထို့နောက် ဆန္ဒပြသူများက ဟောင်ကောင် အမှတ်အသား တံဆိပ်ကို ဖျက်ဆီးခြင်း၊ ကိုလိုနီ အလံဟောင်းလွှင့်ထူခြင်း၊ နံရံ များတစ်လျှောက် မှုတ်ဆေးဖြင့် စာသားများ ရေးသားခြင်းနှင့် ပရိ ဘောဂများကို ရိုက်ခွဲခဲ့ကြသည်။

No comments:

Post a Comment