Wednesday, July 3, 2019

ရန်ကုန်-ပဲခူး-မော်လမြိုင် ရထားလမ်းပိုင်းပြုပြင်ပြီးပါက ရန်ကုန်-မော်လမြိုင် ရထားပြေးဆွဲချိန် ခြောက်နာရီခွဲဖြင့် ပြေးဆွဲနိုင်ရန် ရည်မှန်းထားဟုဆို

ရန်ကုန်-ပဲခူး-မော်လမြိုင် ရထားလမ်း ပိုင်းပြုပြင်ပြီးပါက ရန်ကုန် - မော်လမြိုင် ရထားပြေးဆွဲချိန် ခြောက်နာရီခွဲဖြင့် ပြေးဆွဲနိုင်ရန် ရည်မှန်းထားကြောင်း မြန်မာ့မီးရထား ရုံးချုပ် (နေပြည်တော်) မှ ဦးကျော်ကျော်မျိုး  (General Manager (Operating) Operating Department ) က ဇွန် ၃၀ ရက်က မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ မော်လမြိုင် ဘူတာအစည်းအဝေးခန်းမတွင် ပြုလုပ်သော တရားမဝင် မီးရထားလမ်းကူးများ၌ ဖြစ်ပွားတတ်သော မတော်တဆမှုများကာကွယ်ရေးအတွက် မီဒီယာများမှတစ်ဆင့် အသိပညာပေးဆောင်ရွက်ခြင်း အစီအစဉ်တွင် ပြောကြားခဲ့သည်။

“ဟိုးအရင်တုန်းက ရန်ကုန်-မုတ္တမကို ခြောက်နာရီခွဲနဲ့ ပြေးဆွဲခဲ့ဖူးပါတယ်။ အခုဆောင်ရွက်နေတဲ့ ရည်မှန်းချက်ကတော့ ခြောက်နာရီခွဲနဲ့ ပြန်လည်ပြေးဆွဲနိုင်ဖို့ ရည်ရွယ်ချက်နဲ့ လုပ်နေတာပါ။ တစ်ဖက်လည်းလမ်းကို အဆင့်မြှင့်တင်နေသလိုပဲလက်ရှိ မီးရထားလမ်းမှာ တပ်ဆင်ထားတဲ့ အချက်ပြစနစ်တွေကလည်း တော်တော့ကို ဟောင်းနွမ်းနေပါပြီ။ အဲဒီတော့ လမ်းအချက်ပြစနစ်တွေကိုလည်း ပြင်မယ့်အစီအစဉ်တွေရှိ ပါတယ်။ လုပ်ငန်းတွေ အားလုံးဆောင်ရွက်ပြီး သွားရင်တော့ ရန်ကုန် -မော်လမြိုင် မီးရထားကို ခြောက်နာရီခွဲနဲ့ ပြန်လည်ပြေးဆွဲနိုင်ဖို့  ဒါကရည်မှန်းချက်ဖြစ်ပါတယ်” ဟု ဦးကျော်ကျော်မျိုးက ပြောကြားသည်။

ゞင်းကဆက်လက်ပြီး “အဲဒီအပြင်ကို ရန်ကုန်-ပဲခူး-မော်လမြိုင် မီးရထားလမ်းပိုင်းမှာ ရန်ကုန်-ပဲခူးလမ်းပိုင်းဟာ ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းပြုပြင်တော့ အပိုင်းတစ်ပိုင်းအနေနဲ့ ပါဝင်ပါတယ်။ အခု ၂၀၁၉ ခုနှစ် အောက်တိုဘာလလောက်ကျရင် ရန်ကုန်- ပဲခူးရထားလမ်းပိုင်းမှာအစုန်၊ အဆန်လမ်း နှစ်လမ်းရှိတော့ တစ်လမ်းကို ပိတ်ပြီးတော့ ပြင်ပါတယ်။ ပြီးရင် နောက်တစ်လမ်းကိုပိတ်မယ်၊ ပြင်မယ်။ အဲဒီအစီအစဉ်ရှိပါတယ်။ အဲဒီအချိန်မှာတော့ ရထားသွားလာမှုတွေ နှောင့်နှေးဖို့ ရှိပါတယ်။ ရန်ကုန်-ပဲခူးရထားလမ်းပိုင်းလည်းပြင်ပြီးမယ်။ ပဲခူး-မော်လမြိုင် ရထားလမ်းပိုင်းလည်း ပြင်ပြီးသွားရင်တော့ ရန်ကုန်နဲ့ မော်လမြိုင်ကို ခုတ်မောင်းချိန် အချိန် ခြောက်နာရီခွဲနဲ့ ပြန်လည်ပြေးဆွဲနိုင်မှာ ဖြစ်ပါတယ်”ဟု ပြောကြားသည်။


လက်ရှိတွင် ရန်ကုန်-မန္တလေး၊ ရန်ကုန်- ပြည်နှင့် မကြာသေးခင်ကလည်း မန္တလေး-မြစ်ကြီးနား ရထားလမ်းပိုင်းများတွင် လေအိတ်ရထားများ ပြေးဆွဲနေပြီးဖြစ်ကြောင်းနှင့် ရန်ကုန်-ပဲခူး-မော်လမြိုင် ရထားလမ်းပိုင်းပြင်ဆင်ပြီးပါက လေအိတ်ရထားတွဲများ၊ ခေါင်းတွဲများဖြင့် ပြေးဆွဲရန် စီစဉ်ဆောင်ရွက်ထားကြောင်း ဦးကျော်ကျော်မျိုးကပြောကြားသည်။

ပဲခူး-မော်လမြိုင်ရထားလမ်းပိုင်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းဖြစ်သည့် ကိုးချောင်း ဆက်သံလမ်းလုပ်ငန်းကို လွန်ခဲ့သည့် သုံးနှစ်စတင်ဆောင်ရွက်ခဲ့ကြောင်း၊ ပဲခူးမှ မော်လမြိုင်အထိ ကိုးချောင်းဆက် သံလမ်းလုပ်ငန်း ဆောင်ရွက်ပြီးသွားပြီ ဖြစ်ပါကြောင်း၊ လက်ရှိ သထုံ-မော်လမြိုင် ရထားလမ်းပိုင်းမိုင် ၄၀ ခန့်တွင် လမ်းခင်းကျောက်ထည့်သွင်းခြင်း လုပ်ငန်းကဆောင်ရွက်ရန် ကျန်ရှိနေသေးကြောင်းနှင့် လာမည့်ပွင့်လင်းရာသီ၌ လုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားအတိုင်းအမှတ် (၈) (မော်လမြိုင်) တိုင်းအင်ဂျင်နီယာဦးမျိုးဇော်ထူးက ပြောကြားသည်။

ゞင်းကဆက်လက်ပြီး “ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်တုန်းက စံချိန်တင်မိုးရေချိန်နဲ့  ရေကြီးရေလျှံမှုတွေဖြစ်ပွားခဲ့တဲ့အတွက် ဘီးလင်းနဲ့ သထုံကြားမှာ တံတားနှစ်စင်းရေနဲ့မျောပါ သွားတဲ့အပြင် ရထားလမ်း တာပေါင်တွေလည်း ပျက်စီးမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။ လက်ရှိမှာ ကျွန်တော်တို့ ဘီးလင်းမြို့နယ် ရွှေလှေကျေးရွာနဲ့သထုံမြို့နယ် ဒုံဝန်းကျေးရွာကြား မှာပေ ၂၀ဝ၀ လောက်တာပေါင်ဖို့တဲ့ လုပ်ငန်း တွေ ဆောင်ရွက်ဖို့ ကျန်နေပါတယ်။ နောက် အဲဒီနေရာမှာ ပေ ၃၀ဝ ခန့်ရှိတဲ့ တံတားတစ်စင်းတည်ဆောက်ဖို့လည်း ဆောင်ရွက်နေပါတယ်” ဟု ပြောကြားသည်။

ထို့ပြင် သထုံမြို့နယ် ဒုံဝန်းကျေးရွာအနီး၌လည်း တံတားတစ်စင်း၏ ရေလယ်တိုင်တစ်တိုင်မှာ ရေတိုက်စားပြီး ပြုတ်သွားသဖြင့်တိုင် အသစ်ပြန်လည်အစားထိုးရန် ဆောင်ရွက်နေပါကြောင်း၊ ရထားလမ်းပိုင်း အဆင့်မြှင့်တင်ရာ၌ သတ်မှတ်ကာလအတွင်း မပြီးရခြင်းမှာလည်း ယင်းအကြောင်းအချက်များပါဝင်ပါကြောင်း၊ လုပ်ငန်းများအားလာမယ့် ပွင့်လင်းရာသီ၌ အပြီးဆောင်ရွက်သွားမှာဖြစ်ကြောင်း နှင့် လုပ်ငန်းများအားလုံး ဆောင်ရွက်ပြီးစီးသွားပါက ၂၀၂၀ ပြည့်နှစ်၌ ရထားများကို မိုင်နှုန်းမြှင့် မောင်းနှင်နိုင်တော့မှာဖြစ်ကြောင်း ဦးမျိုးဇော်ထူးက ဆက်လက်ပြောကြားသည်။

No comments:

Post a Comment