Wednesday, July 3, 2019

အက်သလက်တီကိုနောက်တန်းလူ ဂိုဒင်ကို အင်တာမီလန်ခေါ်ယူ

 အက်သလက်တီကို နောက်တန်းလူ ဒီယေဂိုဂိုဒင်ကို သုံးနှစ်စာချုပ်ဖြင့် ခေါ်ယူခဲ့သည် ဟု အင်တာမီလန်ကအတည်ပြု သည်။ အက်သလက်တီကိုတွင်ကိုး နှစ်ကြာ ကစားပြီးနောက်ထွက်ခွာ မည်ဟု ဂိုဒင်က မေလ၌ ကြေညာ ခဲ့သည်။ ဥရုဂွေးလက်ရွေးစင်သည် အင်တာမီလန်သို့ ပြောင်းမည်ဟု မျှော်လင့်ထားပြီး အင်တာမီလန် က ယခုအခါယင်းကို အတည်ပြု သည်။ ၂၀၂၂ ဇွန်လ ၃၀ ရက်အထိ သက်တမ်းရှိသော စာချုပ်ကို ဒီ ယေဂိုဂိုဒင်နှင့် သဘောတူညီခဲ့ သည်ဟု အင်တာမီလန်က ထုတ် ပြန်ပြောကြားသည်။


ဂိုဒင် (၃၃) နှစ်သည် ၂၀၁၀ က ဗီလာရီးရဲလ်မှပြောင်းရွှေ့ပြီး နောက် အက်သလက်တီကိုဂန္ထဝင် တစ်ဦးဖြစ်လာသည်။ ၎င်းသည် အက်သလက်တီကိုနှင့်အတူ လာ လီဂါဖလား၊ ကိုပါဒယ်ရေးဖလား၊ ယူရိုပါလိဂ်ဖလားနှစ်ကြိမ်ရရှိပြီး ချန်ပီယံလိဂ် ဗိုလ်လုပွဲနှစ်ကြိမ် ရောက်ရှိခဲ့သည်။

ဂိုဒင်သည် ယမန်နှစ်က စီး ရီးအေ နံပါတ် (၄) နေရာရရှိပြီး နည်းပြကွန်တီလက်အောက်တွင် ပြန်လည်တည်ဆောက်မည့် အင် တာမီလန်သို့ ရောက်ရှိလာခြင်း ဖြစ်သည်။

No comments:

Post a Comment