Wednesday, July 3, 2019

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ခရီးသွားလာမှုမြှင့်တင်ရေး၊ ယဉ်ကျေးမှုဖလှယ်ရေးနှင့် စီးပွားရေး ပူးပေါင်း လုပ်ဆောင်နိုင်ရန် ဆွေးနွေး

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ခရီးသွားလာမှုမြှင့်တင်ရေး၊ ယဉ်ကျေးမှုဖလှယ်ရေးနှင့် စီးပွားရေး ပူးပေါင်း လုပ်ဆောင်နိုင်ရန် မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၂၆လမ်း၊ ၆၆လမ်းနှင့် ၆၇လမ်းကြားရှိ Hilton Hotelတွင် ဇူလိုင် ၂ ရက်က ညှိနှိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။ အဆိုပါ ညှိုနှိုင်းဆွေးနွေးပွဲသို့ မန္တလေးတိုင်းအစိုးရအဖွဲ့မှ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာစိုးသန်း၊ လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ် ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူနှင့် အိန္ဒိယနိုင်ငံဘက်မှ ကောင်စစ်ဝန်ချုပ် Mr.Nandn Singh Bhaisora ၊ အာသံပြည်နယ် အစိုးရအဖွဲ့မှ စက်မှုလုပ်ငန်းနှင့်ကုန်သွယ်ရေးဝန်ကြီး Mr.Chandra Mohan Patoway တို့ တက်ရောက်ခဲ့ကြသည်။ အိန္ဒိယနိုင်ငံအနေဖြင့် မန္တလေးတိုင်းအတွင်း လာရောက် ရင်းနှီးမြှုပ်နှံရန်နှင့် လိုအပ်သည်များကို ကူညီသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က အဆိုပါ ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

No comments:

Post a Comment