Wednesday, July 3, 2019

အာဖဂန်ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဒိုဟာမြို့တွင် ပြန်လည်စတင်မည်

တာလီဘန်အဖွဲ့အပါအဝင် ပြိုင်ဘက်အာဖဂန်များသည် ဇူလိုင် ၇ ရက်တွင် ကာတာနိုင်ငံ၌ တွေ့ဆုံဆွေးနွေးသွားမည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့ရာ ယင်းသည် တာလီဘန်အဖွဲ့နှင့် ငြိမ်းချမ်းရေးသဘောတူညီချက်ရရှိရန် အမေရိကန်၏ သုံးလတာ ကြိုးပမ်းမှုအတွင်း အာဖဂန်နိုင်ငံရေးအခြေအနေ တိုးတက်စေရေးအတွက် အားထုတ်မှုသစ်တစ်ခု ဖြစ်လာခဲ့သည်။ ဇူလိုင် ၁ ရက်က ပြုလုပ်သော ရုပ်သံအင်တာဗျူးတစ်ခုအတွင်း သမ္မတဒေါ်နယ်ထရန့်က ゞင်းအနေဖြင့် အာဖဂန်နစ္စတန်ရှိ အမေရိကန်တပ်ဖွဲ့များကို ရုပ်သိမ်းလိုကြောင်း၊ သို့သော် အာဖဂန်တွင်အကြမ်းဖက်သမားများကို နှိမ်နင်းရန်အတွက် အင်အားတောင့်တင်းသော စစ်ဘက်ထောက်လှမ်းရေးအဖွဲ့ တစ်ဖွဲ့ကို တာဝန်ပေးအပ်ထားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။



ဇူလိုင် ၁ ရက်က အာဖဂန်နစ္စတန် ကာကွယ်ရေးဝန်ကြီးဌာနကို ပစ်မှတ်ထား၍ လူ ၁၀ ဦးသေဆုံးခဲ့ရသည့် ဗုံးခွဲတိုက်ခိုက်မှု လုပ်ဆောင်ခဲ့သောတာလီဘန်အဖွဲ့သည် အာဖဂန်သမ္မတ အာရှက်ဖ်ဂါနီနှင့် ဆွေးနွေးညှိနှိုင်းမှုပြုလုပ်ရန် ငြင်းဆိုထားသည်။ ထို့ပြင် ဒိုဟာမြို့တွင် အာဖဂန်အစိုးရတာဝန်ရှိသူများနှင့် တာလီဘန်အဖွဲ့အကြား ငြိမ်းချမ်းရေးဆွေး နွေးပွဲများပြုလုပ်နိုင်ရန် ယခင်က ကြိုးပမ်းထားမှုမှာလည်း ဆွေးနွေးပွဲတက်ရောက်မည့် သူများစာရင်းနှင့်ပတ်သက်၍ အငြင်းပွားမှု ဖြစ်ပေါ်ခဲ့ခြင်းကြောင့် ပျက်ယွင်းခဲ့ရသည်။


ဇူလိုင် ၇ ရက်၊ ၈ ရက်တွင် ဒိုဟာမြို့၌ ကျင်းပမည့် ဆွေးနွေးပွဲကို တက်ရောက်ရန်အတွက် ဖိတ်ခေါ်ကမ်းလှမ်းမှုများကို အတူတကွ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ဂျာမနီနိုင်ငံနှင့် ကာတာနိုင်ငံက ပြောကြားထားသည်။ အာဖဂန်နိုင်ငံသားများသည် ဆွေးနွေးပွဲ အတွင်း ကျောသား၊ ရင်သားမခွဲခြားဘဲ ゞင်းတို့၏ပုဂ္ဂိုလ်ရေးအရ လုပ်ဆောင်နိုင်စွမ်းရှိသည့် အတွင်း၌သာ ပါဝင်ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ အာဖဂန်နစ္စတန်နိုင်ငံသည် ငြိမ်းချမ်းရေးဆီသို့ ဦးတည်လျှောက်လှမ်းနိုင်သည့် အရေးကြီးသော အခွင့်အလမ်းတစ်ရပ်ကို ရရှိထားကြောင်း အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်အရေးအတွက် ဂျာမနီနိုင်ငံ အထူးကိုယ်စားလှယ်အဖြစ် ဆောင်ရွက်မည့် မာကက်စ်ပေါ့တ်ဇယ်က ပြောကြားခဲ့သည်။

အာဖဂန်မှ တပ်ဖွဲ့များကို ရုပ်သိမ်းရန် အမေရိကန်က စိတ်အားထက်သန်နေစဉ် တာလီဘန်အဖွဲ့က ယင်းအခြေအနေကို အခွင့်ကောင်းယူ၍ရသည်ဟု ယုံကြည်လျက် ゞင်းတို့၏ အကြမ်းဖက်တိုက်ခိုက်မှုများကို ရပ်တန့်ရန် ငြင်းဆိုထားခဲ့သည်။ ဇူလိုင် ၁ ရက် ဗုံးခွဲတိုက်ခိုက်မှုလုပ်ဆောင်ခဲ့ပြီးနောက် တာလီဘန်သေနတ်သမားများသည် ဗုံးပေါက်ကွဲမှုဖြစ်ပွားရာနေရာအနီးရှိ အဆောက်အအုံတစ်ခုကို ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ကာ အာဖဂန်အထူးတပ်ဖွဲ့ဝင်များနှင့် အပြန်အလှန် ပစ်ခတ်မှုလုပ်ဆောင်ခဲ့သည်။

တာလီဘန်တို့၏ ဗုံးခွဲတိုက်ခိုက်မှုနှင့် သေနတ်ဖြင့် ပစ်ခတ်မှုတို့ကြောင့် ကလေး ငယ် ၅၀ အပါအဝင် လူအများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ကလေးငယ် ၅၀ ဦးမှာ မှန်ကွဲ၊မှန်စများလွင့်စင်မှုကြောင့် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ဆိုသည်။

တာလီဘန်အဖွဲ့၏ မျက်နှာပြောင်တိုက် လုပ်ဆောင်သော ဗုံးခွဲတိုက်ခိုက်မှုသည် ငြိမ်းချမ်းရေးကို တောင်းဆိုနေကြသည့် အာဖဂန်နိုင်ငံသားများအား လျစ်လျူရှုသော အကြင်နာတရားမဲ့သည့်လုပ်ရပ်ကို ပြသနေခြင်း ဖြစ်ကြောင်း အိမ်ဖြူတော်က ရှုတ်ချခဲ့သည်။ သို့သော် အမေရိကန်အစိုးရအဖွဲ့သည် ဇွန် ၂၉ ရက်တွင် စတင်ကျင်းပခဲ့သည့် တာလီဘန်အဖွဲ့နှင့်ငြိမ်းချမ်းဆွေးနွေးပွဲ သတ္တမအကျော့ကို ရပ်ဆိုင်းလိုသည့် လုပ်ဆောင်မှုမျိုး မရှိခဲ့ပေ။   

No comments:

Post a Comment