Wednesday, July 3, 2019

ကမ္ဘာ့လားကို အာဆီယံ ၁၀ နိုင်ငံ ပူးပေါင်း ကျင်းပလို့ မရတဲ့ အကြောင်းကို မလေးရှားဘောလုံးအဖွဲ့ ချုပ်ဥက္ကဌ ထောက်ပြ

၂၀၃၄ ကမ္ဘာ့ဖလားကို အာဆီယံ နိုင်ငံတွေ ပူးပေါင်းကျင်းပမယ်လို့ သဘောတူညီခဲ့ကြတာ ဖြစ်ပြီး ကျင်းပနိုင်ဖို့ အတွက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ကို တင်ပြတောင်းဆိုမှုတွေ ပြုလုပ်သွားရပါမယ်။ အာဆီယံ ဒေသတွင်းမှာ ၂၀၃၄ ကမ္ဘာ့လားကို အိမ်ရှင်အဖြစ် ပူးပေါင်းကျင်းပကြမယ်လို့ ပြီးခဲ့တဲ့ ၃၄ ကြိမ်မြောက် အာဆီယံ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးမှာ သဘောတူညီခဲ့ကြပါတယ်။ ဒီအဆိုအရ အာဆီယံ ဒေသတွင်းက နိုင်ငံ ၁၀ နိုင်ငံပေါင်းပြီး ကမ္ဘာ့ဖလားကို ကျင်းပဖို့တော့မဖြစ်နိုင်ပဲ အများဆုံး ၄ နိုင်ငံအထိသာ ပူးပေါင်း ကျင်းပနိုင်မယ်လို့ မလေးရှားဘောလုံးအဖွဲ့ချုပ် ဥက္ကဌက ထောက်ပြခဲ့တာ ကို Fox Sports Asia သတင်းဌာနကဖော်ပြလာပါတယ်။



“ကမ္ဘာ့ဖလားကို အိမ်ရှင်လုပ်မယ်ဆို ဥပမာ အခုလာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားကို အမေရိကန်၊ကနေဒါနဲ့ မက္ကဆီတို့ ၃ နိုင်ငံ ပူးပေါင်းကျင်းပမယ်၊ဒါဆို သူတို့က အိမ်ရှင်ဖြစ်လို့ အလိုအလျောက် ခြေစစ်ပွဲအောင်သွားမယ်။ အာဆီယံမှာတော့ နည်းနည်းကွဲပြားမယ်၊ ၁၀ နိုင်ငံစလုံး အိမ်ရှင်လုပ်ပြီး၁၀ နိုင်ငံ စလုံး ခြေစစ်ပွဲအောင်ဖို့ပေးဖို့တော့ အဆင်ပြေမယ်မထင်ဘူး။ နိုင်ငံတိုင်းကတော့ ခြေစစ်ပွဲအောင်တာ လိုချင်မှာ ပဲ၊ တကယ်လို့သာာ၅နိုင်ငံကနေ ၆ နိုင်ငံထိ အိမ်ရှင်ပူးပေါင်းလုပ်တယ်ဆိုရင်တောင် ဂျပန်နဲ့တောင်ကိုရီးယားတို့ ပါဝင်ခွင့် ရတော့မှာမဟုတ်ဘူး။ ဒါကိုလည်း သဘောတူမယ်မထင်ဘူး။” လို့မလေးရှား ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ က The Straits Time သတင်းဌာနကို ပြောသွားတယ်လို့သိရပါတယ်။

ဒါကြောင့် အများဆုံးအနေနဲ့ ၃နိုင်ငံကနေ ၄ နိုင်ငံအထိသာ ပူးတွဲ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပနိုင်ဖို့ရှိနေပြီး ဒီ နည်းလမ်းကသာ ကမ္ဘာ့ အကြီးကျယ် အခမ်းနားဆုံး ပြိုင်ပွဲကြီးကို အာဆီယံဒေသတွင်း ယူဆောင်ပေးလာနိုင်မယ်လို့ မျှော်လင့်တယ်လို့လည်း မလေးရှား ဘောလုံးအဖွဲ့ချုပ် ဥက္ကဌက ယုံကြည်ထားပါတယ်။

မလေးရှားဘောလုံးအဖွဲ့ချုပ်အနေနဲ့ ကမ္ဘာ့ဖလားလို ၀င်ခွင့်ခက်ခဲတဲ့ ပြိုင်ပွဲမျိုးကို အိမ်ရှင်လုပ်ပြီး သမိုင်းတ လျှောက် ကမ္ဘာ့ဖလား ပထမဆုံး ၀င်ခွင့်ရရှိရေးအတွက် အစွမ်းကုန်ကြိုးစားသွားမယ်လို့လည်း ပြောကြားခဲ့ပါသေးတယ်။

No comments:

Post a Comment