Wednesday, July 3, 2019

ပိုက်ဆံအိတ်စက်ရုံရှေ့တွင် ဆန္ဒပြသောလုပ်သားများ အကြမ်းဖက်ခံရဟုဆို ဖြစ်ရပ်အရင်းအမြစ်ကို စုံစမ်းနေပြီး ဥပဒေအရ အရေးယူရန်အားပေးဟု စက်ရုံမန်နေဂျာပြော

 လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန်ရှိ တရုတ်နိုင် ငံသားပိုင် Hong Ri ပိုက်ဆံအိတ် စက်ရုံတွင် ဆန္ဒထုတ်ဖော်နေ သည့်အလုပ်သမားများအကြမ်း ဖက်ခံရကြောင်း အဆိုပါအလုပ် သမားများက ပြောသည်။ ယမန်နေ့ကပြုလုပ်သည့် အ လုပ်သမားများ၏သတင်းစာရှင်း လင်းပွဲတွင် အကြမ်းဖက်မှုအပေါ် ကိုယ်တိုင်ကြုံတွေ့ရသည့်ဖြစ်စဉ် နှင့် ဆန္ဒထုတ်ဖော်ရသည့်အ ကြောင်းရင်းများကို အလုပ်သ မားများက အဓိကထားပြောကြား ခဲ့သည်။



အလုပ်ရှင်၊ အလုပ်သမား ချုပ်ဆိုထားသည့် စာချုပ်ပါခံစား ခွင့်များကို အလုပ်ရှင်ဘက်က ဆောင်ရွက်ပေးခြင်းမရှိသဖြင့် ဇွန်လ ၂၇ ရက်ကစ၍ ငြိမ်းချမ်း စွာဆန္ဒပြပြီး ၂၈ ရက်ညတွင် အကြမ်းဖက်ခံခဲ့ရသည်ဟု Hong Ri ပိုက်ဆံအိတ်စက်ရုံအလုပ် သမားကိုဝဏ္ဏထွန်းက ရှင်းလင်း သည်။

‘‘လူမိုက်အယောက် ၂၀ မှာ ၁၅ ယောက်က စက်ရုံထဲဝင်ပြီး ကျန်ငါးယောက်က ကျွန်တော်တို့ ဆန္ဒပြတဲ့သူတွေရဲ့အနောက်မှာ ၀ိုင်းထားတယ်။ ၀င်သွားတဲ့ ၁၅ ယောက်က နောက် ၁၀ မိနစ် လောက်အကြာမှာ ပြန်ထွက်လာ ပြီးတော့ လက်ထဲမှာဓားတွေကိုင် ထားတယ်။ စက်ရုံအရှေ့က မီး တွေကိုပိတ်တယ်။ စက်ရုံဘက် လောက်မှာ ပြန်ရောက်လာပြီး သူ့ ရဲ့နောက်မှာ ကားနှစ်စီးနဲ့လူအ ယောက် ၂၀မျက်နှာဝကိုထိုးထား တဲ့ စီစီတီဗီကိုသူတို့ကဖြုတ် တယ်။ အဲဒီအချိန်မှာ ကျွန်တော် တို့အလုပ်သမားအဖွဲ့ထဲက ကောင်မလေးတစ်ယောက်ရဲ့ ဖုန်းတစ်ခုက မက်ဆေ့ခ်ျဝင်ပြီး ဖုန်းမီးပွင့်သွားတော့ သူတို့ကို ဓာတ်ပုံရိုက်ပါတယ်ဆိုပြီး ကျွန် တော်တို့အလုပ်သမားတွေကို စ ရိုက်တော့တာပဲ။ ဓားနဲ့ထိုးတဲ့သူ တွေကိုလည်း ထိုးတယ်’’ ဟု ကို ၀ဏ္ဏထွန်းက ပြောသည်။

အလုပ်သမား ၂၀ ခန့်ဒဏ် ရာရရှိပြီး ဒဏ်ရာရရှိသူများတွင် အမျိုးသားလေးဦးနှင့် အမျိုးသမီး ၁၆ ဦး ပါဝင်သည်။ အမျိုး သားလေးဦးသည် ဓားဒဏ်ရာ ကြောင့် ဆေးရုံတက်ခဲ့ရပြီး အမျိုး သမီးအများစုကို လူမိုက်ဆိုသူ များက ကန်ကျောက်ခြင်း၊ ပါး ရိုက်ခြင်းများ ပြုလုပ်ခဲ့သည်ဟု ဖြစ်စဉ်တွင်ပါဝင်သည့် အ လုပ်သမားကိုကျော်သက်လွင်က ဆိုသည်။

‘‘မိန်းကလေးတွေကို ပါး ရိုက်တယ်။ ဗိုက်ကြီးနေတဲ့ ကောင်မလေးတစ်ယောက်ကို ဆောင့်ကန်တယ်။ အဲဒါကြောင့် ကိုယ်ဝန်ပျက်ကျသွားတယ်။ တ ခြားယောက်ျားလေးနှစ်ယောက် ဆို ဓားနဲ့ခုတ်ခံရ၊ ထိုးခံရလို့ လှိုင် သာယာဆေးရုံမှာ အရေးပေါ် တက်ခဲ့ရတယ်’’ ဟု ကိုကျော် သက်လွင်က ထပ်လောင်းပြော  သည်။

ယခုဖြစ်စဉ်အပေါ် ကူညီနေ သော မြန်မာနိုင်ငံလုံးဆိုင်ရာအ လုပ်သမားသမဂ္ဂအဖွဲ့ဝင် ကိုရဲသူ ရက‘‘အခုဖြစ်သွားတဲ့ဖြစ်စဉ်မှာ အလုပ်ရှင်မှာအားလုံးတာဝန်ရှိ တယ်။ တာဝန်ယူရမယ်။ အခုထိ ကယောင်ကတမ်းဖြစ်နေတဲ့သူ တွေရှိတယ်။ ကျွန်တော်တို့အ လုပ်သမားတွေ နစ်နာမှုတွေအ တွက် လျော်ကြေးတောင်းသွား မယ်။ ရှေ့နေနဲ့တိုင်ပင်ပြီးလုပ် ဆောင်သွားမယ်။ ကျွန်တော်တို့ က ရဲစခန်းကိုစာတင်ပြီးတိုင် တယ်။ အခုထိတောင် လာရောက် ဆွေးနွေးမှုမရှိဘူး။ ကျူးလွန်သူ တွေလည်း ဖမ်းဆီးရမိမှုမရှိဘူး’’ ဟု ရှင်းလင်းသည်။

ဖြစ်စဉ်တွင် ကျူးလွန်ခဲ့သူ လူမိုက်များဆိုသောအဖွဲ့ကို တိုင်း ဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုက်ရိုက်အရေးယူဆောင်ရွက် ပေးရန်နှင့် လူမိုက်ဆိုသူများနှင့် အတူပါလာသည့် သင်္ကန်းဝတ် နှင့်နှစ်ဦးကိုလည်း မြို့နယ်သံဃ နာယကအဖွဲ့က စိစစ်ပေးရန် ကိုရဲသူရက တောင်းဆိုသည်။

Hong Ri စက်ရုံမန်နေဂျာ ဦးကျော်ဇေယျက ‘‘ကျွန်တော်တို့ က အလုပ်ရှင်၊ အလုပ်သမားညှိ နှိုင်းနေဆဲဖြစ်စဉ်မှာ ဒီလိုဖြစ်သွား တယ်။ အဲဒီမတိုင်ခင် ကျွန်တော် က သက်ဆိုင်ရာအလုပ်သမား ဌာနတွေဆီကို လွှတ်လိုက်တယ်။ စက်ရုံက အလုံးစုံနိုင်ငံခြားရင်းနှီး မြှုပ်နှံမှုနဲ့ဆိုတော့ ဥပဒေနဲ့အညီ အကောင်းဆုံးဆိုတာ ကျွန်တော် ပြောတယ်။ သက်ဆိုင်ရာကို တင် ပြတယ်ဆိုတဲ့စာရွက်ကို ငါ့ပေး၊ လုပ်ငန်းရှင်ကို တင်ပြပေးမယ်လို့ ကျွန်တော်ပြောပြခဲ့ပါတယ်’’ ဟု ဖြစ်စဉ်အပေါ်ရှင်းလင်းသည်။

အလုပ်သမားများအပေါ်အ ကြမ်းဖက်သည့်ဖြစ်စဉ်၏ အဓိက အရင်းအမြစ်ကို ရှာဖွေနေ ကြောင်း၊ ဥပဒေအတိုင်းဖော် ထုတ်ရန်နှင့် ထိထိရောက်ရောက် အရေးယူပေးရန် အားပေး ကြောင်း ဦးကျော်ဇေယျက ဆို သည်။

‘‘ဘယ်သူက ဘယ်လိုလုပ် တာလဲဆိုတာ ကျွန်တော်လည်း အဓိကအရင်းအမြစ်ကိုရှာနေ တယ်။ မှန်ရင်တော့ သူဌေးကို လည်း ကျွန်တော်မေးနေတယ်။ အခင်းဖြစ်တဲ့နေရာမှာ ကျွန်တော် လည်းမသိ၊ ကျွန်တော်လည်းမရှိ ဘူး။ သူဌေးကလည်း မသိဘူး’’ ဟု ၎င်းကဆက်လက်ပြောကြား သည်။

အကြမ်းဖက်ခံခဲ့ရသည့် အ လုပ်သမား ၂၀ ဦးက လက်မှတ် ရေးထိုးကာ လှိုင်သာယာမြို့နယ် ရဲစခန်းတွင် ဇွန်လ ၂၉ ရက်၌ သွားရောက်အမှုဖွင့်ခဲ့ကြောင်း၊ လတ်တလောတွင် ပုဒ်မ ၃၂၃ အ ပါအ၀င် ပုဒ်မသုံးခုဖြင့် အမှုဖွင့် ဆောင်ရွက်နေကြောင်း ရဲတပ်ဖွဲ့ က အကြောင်းပြန်ထားသည်ဟု အလုပ်သမားကိုကျော်သက်လွင် က ပြောသည်။

လှိုင်သာယာမြို့နယ်ရဲစခန်း မှတာဝန်ကျအရာရှိတစ်ဦးက ယင်းဖြစ်စဉ်အပေါ် ဒုရဲအုပ်အမှု စစ်တစ်ဦးဖြင့် ဖြစ်စဉ်တွင်ပါဝင် သူများကို စုံစမ်းဆောင်ရွက်နေ ပြီး အခြားအချက်အလက်များကို ထုတ်ဖော်ပြောဆို၍ မရသေး ကြောင်း ပြောကြားသည်။ Hong Ri ပိုက်ဆံအိတ်စက် ရုံတွင် အလုပ်သမားစုစုပေါင်း ၅၀၀ ခန့်ရှိပြီး ၃၀၀ ကျော်သည် အလုပ်ရှင်၊ အလုပ်သမားချုပ်ဆို ထားသောစာချုပ်ပါအချက်အ လက်များထဲမှ သောက်ရေပြဿ နာ၊ ခွဲခြားဆက်ဆံမှု၊ လူမှုဖူလုံ ရေး၊ ရှောင်တခင်ခွင့်၊ အိုတီနှင့် နစ်နာကြေးကိစ္စရပ်များကို မကျေ နပ်သဖြင့် ဇွန်လ ၂၇ ရက်ကစတင် ဆန္ဒပြခဲ့သည်။

No comments:

Post a Comment