Wednesday, July 3, 2019

ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံ စီမံကိန်းနှင့် ပတ်သက်၍ လမ်းတံတားဥပဒေပုဒ်မ ၂၂၊ ၂၃ ဖြင့် အမှုဖွင့် ဖမ်းဆီးခံထားရသည့် ဒေသခံသုံးဦးကို ပုသိမ်ကြီးမြို့နယ် တရားရုံးက အလုပ်နှင့်ထောင်ဒဏ် တစ်နှစ်နှစ်လ ချမှတ်

အလုပ်နှင့်ထောင်ဒဏ် တစ်နှစ်နှစ်လ ချမှတ်ခံခဲ့ရသည့် ဒေသခံများကို တွေ့ရစဉ်မနၱေလးတိုင္းေဒသျကီး၊ ပုသိမ်ကြီးမြို့နယ်၊ ဒဟတ္တောကျေးရွာအုပ်စု အောင်သပြေကျေးရွာ အနီးတွင် တည်ဆောက်လျက်ရှိသည့် တစ်နေ့လျှင် တန်ချိန် ၅၀ဝ၀ ကျ ကျောက်မီးသွေး စွမ်းအင်သုံး ဘိလပ်မြေစက်ရုံ စီမံကိန်း (Alpha) သွားရာလမ်းအဖြစ် အသုံးပြုလျက်ရှိသည့် အောင်သပြေ-သရက်ကိုင်း ကျေးရွာချင်းဆက် လမ်းပေါ်သို့ ခြံစည်းရိုးကာရံခဲ့သည် ဟုဆိုကာ မန္တလေးတိုင်းဒေသကြီး လမ်းများ၊ တံတားများ ဥပဒေ ပုဒ်မ ၂၂၊ ၂၃ ဖြင့် အမှုဖွင့် ဖမ်းဆီးခံထားရသည့် ဒေသခံသုံးဦးကို ပုသိမ်ကြီးမြို့နယ် တရားရုံးက အလုပ်နှင့်ထောင်ဒဏ် တစ်နှစ်နှင့်နှစ်လ ချမှတ်ခဲ့သည်။

လမ်းတံတား ဥပဒေ ပုဒ်မ ၂၂၊ ၂၃ တို့ဖြင့် အောင်သပြေကျေးရွာမှ ဦးသိန်းပိုင်၊ ဒေါ်မြ၊ သရက်ကိုင်းကျေးရွာမှ ဒေါ်မြမြတို့ကို ဇူလိုင် ၂ ရက် မွန်းလွဲပိုင်းက ပုသိမ်ကြီးမြို့နယ်တရားရုံး၌ အပြီးသတ် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ အပြီးသတ် အမိန့်ချမှတ်မည့် ရုံးချိန်းသို့ ဖမ်းဆီးခံထားရသည့် ဒေသခံများ၏ မိသားစုဝင်များနှင့် အောင်သပြေကျေးရွာ ဒေသခံများက လာရောက် ဝန်းရံခဲ့ကြသည်။

လမ်းတံတားဥပဒေ ပုဒ်မ ၂၂၊ ၂၃ တို့ဖြင့် ဒေသခံသုံးဦးကို ပုဒ်မ ၂၂ ဖြင့် အလုပ်နှင့်ထောင်ဒဏ် တစ်နှစ်၊ ပုဒ်မ ၂၃ ဖြင့် အလုပ်နှင့်ထောင်ဒဏ်နှစ်လ အသီးသီး ချမှတ်ခဲ့ခြင်းဖြစ်ပြီး ချုပ်ရက်များကို ထုတ်နုတ်ခံစားခွင့် ပေးခဲ့သည်။ အလုပ်နှင့်ထောင်ဒဏ် တစ်နှစ်နှစ်လ ချမှတ်အပြီးတွင် ထောင်ဒဏ်ချမှတ် ခံခဲ့ရသည့် ဒေသခံများက ゞင်းတို့မှာ မတရား အမှုဖွင့် ဖမ်းဆီးခံခဲ့ရပြီးနောက် အလုပ်နှင့်ထောင်ဒဏ် ချမှတ်ခဲ့ခြင်းမှာ တရားမျှတမှု မရှိကြောင်း ပြောဆိုခဲ့ကြသည်။


“ကျွန်မတို့ရဲ့ ယာမြေတွေကိုလည်း သိမ်းသွားသေးတယ်။ အခု ထောင်ဒဏ် ၁၄ လဆိုပြီးတော့ ချလိုက်ပါတယ်။ မတရားသဖြင့် အခုလို ထောင်ဒဏ်ချမှတ် လိုက်တာပါ။ ကျွန်မတို့ မတရားခံစား နေရပါတယ်။ ကျွန်မတို့ဟာ တောင်သူတွေပါ။ မြေပိုင်ယာပိုင်တွေပါ။ ကျွန်တော်တို့ တောင်သူတွေ အဖိနှိပ်ခံ ဘဝတွေကနေ ဘယ်တော့မှ လွတ်မှာလဲ” ဟု အလုပ်နှင့်ထောင်ဒဏ် တစ်နှစ်နှင့်နှစ်လ ချမှတ်ခံခဲ့ရသည့် ဒေသခံတောင်သူ သုံးဦးက ပြောကြားခဲ့ကြသည်။

ယင်းကဲ့သို့ အလုပ်နှင့်ထောင်ဒဏ် တစ်နှစ်နှစ်လ ချမှတ်ခံရသည့်အပေါ် တရားမျှတမှု မရှိကြောင်း ゞင်းတို့မှာ မတရားခံနေရပြီး အမိန့်ချမှတ်မှုမှာလည်း တစ်ဖက်စောင်းနင်း ဖြစ်နေကြောင်း၊ ゞင်းတို့ စိုက်ပျိုးထားသည့် သီးနှံများလည်း ပျက်စီးသွားကြောင်း၊ အမှုရင်ဆိုင်နေရစဉ် ကာလအတွင်း အခက်အခဲမျိုးစုံတို့ဖြင့် ကြုံတွေ့ခဲ့ရသည့်အပြင် လက်ရှိတွင်လည်း အခက်အခဲမျိုးစုံတို့ဖြင့် ကြုံတွေ့နေရကြောင်း ထောင်ဒဏ်ချမှတ် ခံခဲ့ရသည့် ဒေသခံများ၏ မိသားစုဝင်များက ပြောကြားခဲ့ကြသည်။

လမ်းတံတားဥပဒေ ပုဒ်မ ၂၂၊ ၂၃ ဖြင့် အလုပ်နှင့်ထောင်ဒဏ် တစ်နှစ်နှစ်လ ချမှတ်ခဲ့မှုအပေါ် အထက်တရားရုံးသို့ အယူခံ ဆက်လက်တက်ရောက် သွားမည်ဖြစ်ကြောင်း ဒေသခံ တောင်သူများဘက်မှ အခမဲ့ အမှုလိုက်ပါ ဆောင်ရွက်ပေးလျက်ရှိသည့် တရားလွှတ်တော်ရှေ့နေ ဦးစည်သူက ပြောကြားသည်။

“ဒီနေ့ အမိန့်ချလိုက်တဲ့ လမ်းတံတားဥပဒေပုဒ်မ ၂၂၊ ၂၃ အမှုမှာက တရားလိုနဲ့ လိုပြသက်သေတွေရဲ့ အဓိက ထွက်ဆိုချက်တွေ အပေါ်မှာ မူတည်ပြီးတော့ အမိန့်ချမှတ်သွားတာ တွေ့ရပါတယ်။ တရားခံဘက်ကနေပြီး ရှေ့နေငှားရမ်း ထားပြီးတော့ ရုံးတော်ရှေ့မှာ ခုခံချေပထားပါတယ်။ တရားခံဘက်က ခုခံချေပထားတာ၊ မေးမြန်းထားတာတွေနဲ့ ပတ်သက်ပြီး အမိန့်ချမှတ်တဲ့ အထဲမှာ တစ်စုံတစ်ရာမှ သုံးသပ်ဆုံးဖြတ်ထားတာ မပါဘူး။ ဒီအမှုမှာက အမှုနဲ့ပတ်သက်တဲ့ လယ်ဆည်ဝန်ကြီးတို့၊ အရင်မြို့နယ် အုပ်ချုပ်ရေးမှူးတို့ကို အမှုမှန် ပေါ်ပေါက်ရေးအတွက် ရုံးရှေ့မှာ စစ်ဆေးမှု မပြုခဲ့ရဘူး။ အဲဒီလို အမှုမှန်ပေါ်ပေါက်ရေးအတွက် စစ်ဆေးမှု မပြုလိုက်ရဘဲ အမိန့်ချမှတ်လိုက်တာဟာ ဥပဒေက တစ်ဖက်စောင်းနင်း ဖြစ်နေတယ်လို့ ယူဆရပါတယ်။ ဒီနေ့ အမိန့်ချလိုက်တာက လမ်းတံတားဥပဒေ ပုဒ်မ ၂၂ နဲ့ အလုပ်နဲ့ ထောင်ဒဏ် တစ်နှစ်၊ ပုဒ်မ ၂၃ နဲ့က အလုပ်နဲ့ထောင်ဒဏ် နှစ်လဆိုပြီးတော့ ချလိုက်တာပါ။ ဒီအမှုဟာ တစ်နေ့ထဲ တစ်ချိန်ထဲဖြစ်တာကို ပုဒ်မနှစ်ခုကို သီးခြားစီ အမိန့်ချမှတ်လိုက်တာ ဖြစ်တဲ့အတွက် တောင်သူတွေအတွက် များစွာနစ်နာရပါတယ်။ အခုလို အမိန့်ချမှတ်ခဲ့တာနဲ့ ပတ်သက်ပြီး တောင်သူတွေရဲ့ အခွင့်အရေးအတွက် အထက်တရားရုံးကို အယူခံ ဆက်တက်သွားမှာပါ” ဟု ဒေသခံများဘက်မှ အခမဲ့ အမှုလိုက်ပါ ဆောင်ရွက်ပေးခဲ့သည့် တရားလွှတ်တော်ရှေ့နေ ဦးစည်သူက ပြောကြားသည်။

လမ်းတံတားဥပဒေ ပုဒ်မ ၂၂၊ ၂၃ ဖြင့် အလုပ်နှင့်ထောင်ဒဏ် တစ်နှစ်နှစ်လ ချမှတ်ခံခဲ့ရသည့် ဒေသခံတောင်သူ သုံးဦးတို့မှာ ၂၀၁၈ ဇူလိုင်လအတွင်းမှ စတင်၍ အချုပ်ဖြင့်အမှုရင်ဆိုင်နေခဲ့ရခြင်းဖြစ်ပြီး ယခု ၂၀၁၉ ဇူလိုင် ၂ ရက်၌ အပြီးသတ်အမိန့်ချမှတ်ပြီးချိန်အထိ တစ်နှစ်ခန့် အချုပ်ဖြင့် အမှုရင်ဆိုင်ခဲ့ရကြောင်း သိရသည်။ ထိုသို့ အချုပ်ဖြင့် အမှုရင်ဆိုင်ခဲ့ရသည့် ရက်များအား မြို့နယ်တရားရုံးက ထုတ်နုတ်ခံစားခွင့် ပြုပေးခဲ့သဖြင့် နှစ်လခန့်သာ ပြစ်ဒဏ်ဆက်လက် ကျခံရမည်ဖြစ်ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး လမ်းများ၊ တံတားများ ဥပဒေပုဒ်မ ၂၂၊ ၂၃ တို့ဖြင့် အောင်သပြေကျေးရွာမှ ဒေါ်အေး၊ ဒေါ်မြမြ၊ ဦးသိန်းပိုင်၊ သရက်ကိုင်းကျေးရွာမှ ဒေါ်မြတို့ကို ပုသိမ်ကြီးမြို့နယ် ကျေးလက်လမ်းတံတား ဦးစီးဌာနမှ ဒေါ်မင်းမင်းမြင့်က တရားလိုပြုလုပ်၍ ၂၀၁၈ ခုနှစ် ဇူလိုင်လ အတွင်းက တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ဒေသခံ သုံးဦးတို့မှာ အာမခံမရရှိဘဲ အချုပ်ဖြင့် အမှုရင်ဆိုင် ခဲ့ရခြင်းဖြစ်ပြီး အသက် ၇၀ ကျော်အရွယ်ရှိ ဒေါ်အေးမှာ ကျန်းမာရေး မကောင်းမွန်သဖြင့် အာမခံ လျှောက်ထားကာ အာမခံဖြင့် အမှုရင်ဆိုင်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။ ထိုသို့အာမခံဖြင့် အမှုရင်ဆိုင်နေရာမှ ဒေါ်အေးမှာ ကျန်းမာရေး မကောင်းမွန်သဖြင့် တရားရုံးသို့ လာရောက် အမှုရင်ဆိုင်ရန် ပျက်ကွက်ခဲ့သည် ဟုဆိုကာ ပုသိမ်ကြီးမြို့နယ် တရားရုံးက ယခု ဇွန် ၁၈ ရက်က အာမခံကို ပြန်လည်ရုပ်သိမ်းခဲ့ပြီးနောက် ဒေါ်အေးကို ဖမ်းဝရမ်းထုတ်ပြန်ခဲ့ကြောင်း သိရသည်။ ဖမ်းဝရမ်း ထုတ်ပြန်ခံထားရသည့် ဒေါ်အေးကို ရာဇဝတ် အထွေထွေအမှု ဖွင့်လှစ်ထားပြီး သီးခြားအမိန့်ချမှတ်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

အာမခံ ပြန်လည်ရုပ်သိမ်းခြင်း ခံထားရပြီး ပုသိမ်ကြီးမြို့နယ် တရားရုံးက ဖမ်းဝရမ်းထုတ်ပြန်ထားသည့် အသက် ၇၀ ကျော်အရွယ် အဘွားအိုဒေါ်အေးမှာ လက်ရှိအချိန်တွင် ကျန်းမာရေး မကောင်းမွန်သဖြင့် အမှုရုံးချိန်းများကို လာရောက်နိုင်ခြင်း မရှိဘဲ ဆေးဝါးကုသမှုများ ခံယူနေရကြောင်း မိသားစုဝင်များနှင့် ဒေသခံများထံမှ သိရသည်။ ဖမ်းဝရမ်း ထုတ်ခံထားရသည့် ဒေါ်အေးမှာ ဇွန် ၅ ရက်က မန္တလေး ဗဟိုအကျဉ်းထောင်အတွင်း အငြင်းပွားဖွယ်ရာ ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့သည့် ကိုထွန်းမြင့်ဝင်း၏ မိခင်တစ်ဦးလည်းဖြစ်သည်။

No comments:

Post a Comment