Wednesday, July 3, 2019

ရော်နယ်ဒို ပရိသတ်တွေရဲ့ လှောင်ပြောင်ခြင်း ခံနေရတဲ့ မက်ဆီ

တွစ်တာကတဆင့် ရော်နယ်ဒိုရဲ့ ပရိသတ်တွေက မက်ဆီကိုလှောင်ပြောနေခဲ့တာ ဖြစ်ပြီး ဘရာဇီးက ၂-၀ နဲ့ အာဂျင်တီးနားကို နိုင်တာ မဟုတ်ပဲ ရော်နယ်ဒိုကသာ မက်ဆီကို ၂-၀ နဲ့ နိုင်တာလို့ လှောင်ပြောင်နေခဲ့တာပါ။ ဘရာဇီးအသင်းကို ဆီမီးဖိုင်နယ်မှာ ၂-၀ နဲ့ ရှုံးနိမ့်ပြီး ကိုပါအမေရိကဆုဖလားနဲ့ ထပ်မံဝေးကွာခဲ့ရပြန်တဲ့ လီယွန် နယ်မက်ဆီကို အဓိက ပြိုင်ဖက်လို့ယုံကြည်ထားတဲ့ရော်နယ်ဒိုရဲ့ ပရိသတ်တွေက လှောင်ပြောင်မှုတွေ ပြုလုပ်ခဲ့ ကြတယ်လို့ Fox Sports Asia သတင်းဌာနကဖော်ပြလာပါတယ်။



အခုလို မက်ဆီကို ရော်န်ဒို ပရိသတ်တွေ လှောင်ပြောင်ရတာကတော့ မက်ဆီအနေနဲ့ ဘာစီလိုနာအသင်းနဲ့အ တူအောင်မြင်ပေမယ့် အာဂျင်တီးနားနဲ့အသင်းနဲ့အတူ အောင်မြင်မှု တစ်စုံတစ်ရာ ဖန်တီးနိုင်ခြင်းမရှိတဲ့အတွက် ဖြစ်ပါတယ်။

ဒီအချိန်မှာရော်နယ်ဒိုကတော့ ပေါ်တူဂီအသင်းနဲ့အတူ ဆုဖလား၂ ဆုအထိ ရယူပိုင်ဆိုင်ထားနိုင်ပြီ ဖြစ်တာကြောင့်လည်း ရော်နယ်ဒို ပရိသတ်တွေက မက်ဆီကို လှောင်ပြောင်နေခဲ့တာပါ။

တွစ်တာကတဆင့် လှောင်ပြောမှုတွေမှာတော့ ရော်နယ်ဒိုကို အခြား ဘယ်ကစားသမားမှ လာမနှိုင်းယှဉ်နဲ့လို့ ပြောသူပါဝင်သလို၊ရော်နယ်ဒိုနဲ့ မက်ဆီကြားက နိုင်ငံအသင်း စွမ်းဆောင်ရည်တွေကို နှိုင်းယှဉ်ပြတဲ့သူလည်း ပါဝင်တာတွေ့ရပါတယ်။

ဒါ့အပြင် ဘရာဇီးက အာဂျင်တီးနားကို ၂-၀ နဲ့ နိုင်တာ မဟုတ်ပဲ ရော်နယ်ဒိုရဲ့ ပေါ်တူဂီက မက်ဆီရဲ့ အာဂျင်တီး နားကို ၂-၀ နဲ့ နိုင်တာသာ ဖြစ်တယ်လို့ လှောင်ပြောင် ပြောဆိုမှုတွေလည်း တွေ့ရပါတယ်။

ရော်နယ်ဒိုကတော့ ၂၀၁၆ မှာ ဥရောပဖလားကို ပေါ်တူဂီအသင်းနဲ့ ဆွတ်ခူခဲ့သလို ၂၀၁၉ ခုနှစ်မှာလည်း ပေါ်တူဂီအသင်းနဲ့ နေးရှင်းလိဂ်ဆုဖလားကို ထပ်မံ ဆွတ်ခူးထားပါသေးတယ်။

မက်ဆီအနေနဲ့ အာဂျင်တီးနားအသင်းနဲ့အတူ ၂၀၁၄ ကမ္ဘာ့ဖလားတုန်းကလည်း ဗိုလ်လုပွဲတက်လျက်နဲ့ ဂျာမနီကို အရေးနိမ့်ပြီး ဆုဖလားနဲ့ဝေးကွာခဲ့သလို ၂၀၁၅ နဲ့ ၂၀၁၆ ခုနှစ်တွေမှာ ချီလီအသင်းကို နှစ်နှစ်ဆက် ကိုပါအမေရိကဖလား ဗိုလ်လုပွဲမှာ အရေးနိမ့်ခဲ့ပြန်ပါတယ်။

No comments:

Post a Comment