Wednesday, July 3, 2019

မီတာခ တိုးမြှင့်ကောက်ခံမှုဆန္ဒပြပွဲ ကြံ့ခိုင်ရေး ပါတီဝင်များ ဦးဆောင်ဟုဆို

Image may contain: 7 people, people smiling, crowd and outdoorImage may contain: 3 people, people standing, child, sky and outdoorလျှပ်စစ်ဓာတ်အား မီတာခ တိုးမြှင့်ကောက်ခံမှုကို ကန့်ကွက်သည့် အနေဖြင့် ဇူလိုင် ၃ ရက် နံနက်ပိုင်းတွင် လူဦီးရေ ၁၀၀ခန့်က တောင်ဥက္ကလာပမြို့နယ် အမှတ် ၉ ရပ်ကွက်၊ သူရလမ်းနှင့် သုမင်္ဂလာလမ်းထောင့် မြို့နယ်စည်ပင်ရုံးရှေ့မှ မြို့နယ်လျှပ်စစ်ဓာတ်အားပေးရုံးရှေ့ထိ လမ်းလျှောက်ဆန္ဒပြခဲ့ကြသည်။ ဆန္ဒပြပွဲကို မြို့နယ်အတွင်းရှိ ကြံ့ခိုင်ရေးပါတီဝင်များမှ ပြုလုပ်ခြင်းဖြစ်ပြီး ရပ်ကွက်နေပြည်သူများမပါဝင်ကြောင်း ဆန္ဒပြပွဲအား ထွက်ကြည့်ကြသည့် ရပ်ကွက်နေပြည်သူ့တချို့ကပြောသည်။ြ ပည်ခိုင်ဖြိုးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ ဒေါ်ဇာခြည်လင်း ကလည်း ဇူလိုင် ၂ ရက်နေ့ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၌ ပြုလုပ်ခဲ့သော ဆန္ဒပြပွဲတွင် ကိုယ်တိုင်ပါဝင်ခဲ့ပြီး ၎င်းအနေဖြင့် ပြည်သူလူထုကို ကိုယ်စားပြုခဲ့သူတဦးဖြစ်သည့်အတွက် မိမိကို တချိန်က မဲပေးခဲ့ကြသည့် ပြည်သူများ ကိုယ်စား ရှေ့ထွက်ခဲ့ခြင်းဖြစ်ကြောင်း ဧရာဝတီကို ပြောဆိုထားသည်။

No comments:

Post a Comment