Wednesday, July 3, 2019

အဖြေသိနေတဲ့ ပုစ္ဆာ

အခုရက်ပိုင်း လျှပ်စစ်မီး မီတာခတွေ တိုးမြှင့်ကောက်ခံမှာနဲ့ ပတ်သက်ပြီး ပြည်သူအများကြား ဝေဖန်သံ၊ မကျေမနပ်ပြော ဆိုသံတွေကို ကျယ်ကျယ်ကြားနေ ရသလို မီတာခတိုးလည်း ဘာဖြစ် လဲ အဆင်ပြေသလို လုပ်သွား ရုံပေါ့လို့ စိတ်အေးလက်အေးနဲ့  ဘာမှမဖြစ်သူတွေလည်း ရှိနေပါ တယ်။ လူ့စိတ်၊လူ့မနောအမျိုးမျိုး၊ လူတန်းစား ပေါင်းစုံဆိုတော့ လည်း စကားများအစုံကြားရတာ လည်း မဆန်းပါဘူး။ ပြီးခဲ့တဲ့နွေ ကာလအတွင်းက  ရေအားလျှပ် စစ်ထုတ်လုပ်ဖို့အတွက် ဆည် တွေမှာရှိတဲ့ လက်ကျန်ရေတွေ  လျော့နည်းတာ၊ မိုးဦးကာလ ရောက်ပေမယ့်လည်း ဆည်ရေ ဝင်ရောက်မှု နည်းပါးတာတွေ ကြောင့် လျှပ်စစ်မီးကို အလှည့် ကျပေးတဲ့စနစ်နဲ့ သုံးကြရပါ တယ်။ အလှည့်ကျပေးတဲ့စနစ်မှ  မကြာသေးဘူး မီတာခတွေတိုး တယ်ဆိုတော့ အခြေခံလူတန်း စားတွေ ဆူညံပူညံတွေဖြစ်ကုန်ပါ တယ်။

အခြေခံလူတန်းစားတွေဖြစ် ပြီး ဝင်ငွေနည်းပါးကြသူတွေပြော ကြဆိုကြတာ နားလည်လို့ရပေ မယ့်ဝင်ငွေများတဲ့ လုပ်ငန်းရှင် တွေပါ ပြောနေကြတာတွေ့ရ တော့နည်းနည်းတော့ အံ့ဩရပါ တယ်။ လက်ရှိမြန်မာနိုင်ငံဟာ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်တဲ့အနေအထားအရ တစ်နိုင်ငံ လုံးအတိုင်းအတာဆိုရင်  ဇွန်လ ၁၈ ရက်က အမြင့်ဆုံးလျှပ် စစ်ဓာတ်အား ထုတ်လုပ်မှု ၂,၉၆၃ ဒသမ ၁ မဂ္ဂါဝပ်ဖြစ်ပြီး သုံးစွဲမှုမှာ  နေပြည်တော်မှာ ၁၃၉ ဒသမ ၄ မဂ္ဂါဝပ်၊ ရန်ကုန်မှာ ၁,၂၉ဝ မဂ္ဂါဝပ်၊မန္တလေးမှာ ၅၆၁ မဂ္ဂါဝပ်၊ တခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ၁,၁၂၁ မဂ္ဂါဝပ် ရှိပါတယ်။ ဇွန်လ ၁၉ ရက်က အမြင့်ဆုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုမှာ ၂,၉၆၃ မဂ္ဂါဝပ် ဖြစ်ပြီး သုံးစွဲမှုများမှာ နေပြည် တော်က ၁၃၆ မဂ္ဂါ ဝပ်၊ ရန်ကုန် က ၁,၃ဝ၄ မဂ္ဂါဝပ်၊ မန္တလေးက  ၅၈၁ ဒသမ ၃ မဂ္ဂါဝပ်၊ တခြား တိုင်းဒေသတွေနဲ့ ပြည်နယ်တွေ မှာ ၁,ဝ၉၈ မဂ္ဂါဝပ်ရှိကြောင်း သိရပါတယ်။

ဘယ်လိုပဲဆိုဆို  တစ်နိုင်ငံ လုံး အတိုင်းအတာအရတော့  လျှပ်စစ်ထုတ်လုပ်မှုက အမြဲ လျော့နည်းနေတာကို  တွေ့ရပါ တယ်။ တိုးတက်လာတဲ့ခေတ် ကာလအနေအထား၊ တစ်နေ့တ ခြားဆိုးရွားလာတဲ့ ရာသီဥတု အောက်မှာ လျှပ်စစ်အားသုံးစွဲ မှုတွေကတော့ အဆမတန်မြင့် တက်နေပါတယ်။ လျှပ်စစ်မီး မီတာတပ်ဆင်ထားတဲ့ အိမ်တိုင်း လိုလိုမှာ ဟင်း၊ ထမင်းကို လျှပ် စစ်နဲ့ ချက်ပြုတ်ကြော်လှော်လာ တယ်။ အဝီစိရေ၊ တွင်းရေကို  လျှပ်စစ်နဲ့တင်ပြီး အသုံးပြုလာကြ တယ်။ ပူအိုက်နေတဲ့ရာသီဥတု ကို အန်တုဖို့ Air Con, Air Cooler, Water Cooler, Freezer တွေ ကိုသုံးလာကြတယ်။အဝတ်လျှော် စက်တွေ အသုံးပြုမှု ပျံ့နှံ့လာသ လိုအဝတ်တွေကို လျှပ်စစ်နဲ့မီးပူ တိုက်မှ  ဝတ်တတ်လာကြတယ်။ ဝင်ငွေနည်းပါးတဲ့ အိမ်ထောင်စု မှာတောင်အနည်းဆုံး ရေခဲ သေတ္တာ၊ ပန်ကာ၊ မီးပူစတာတွေ အသုံးပြုမှုများပါတယ်။ ဒီအနေ အထားမှာ  ထုတ်လုပ်နိုင်တဲ့လျှပ် စစ်ပမာဏထက် သုံးစွဲနေမှုက ပိုများနေတာ ပြောစရာမလို အောင်သိသာနေပါတယ်။ ရှေး တုန်းကလို ရေချမ်းအိုးထဲက ရေ ကို မသောက်ချင်ကြတော့ဘူး။ ရေခဲရေမှ  အမောပြေတယ်ထင် လာကြတယ်။

ဒီအထဲမှာမှ စက်မှုလုပ်ငန်း သုံး လျှပ်စစ်သုံးစွဲမှုကလည်း  အဆမတန်မြင့်တက်နေပါတယ်။ ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေ မှာ စက်ရုံသုံးလုပ်ငန်းလည်ပတ် နေတဲ့ လျှပ်စစ်အားကိုမပြောနဲ့၊ နယ်မြို့လေးတွေမှာတောင် လျှပ် စစ်မရှိရင် လုပ်ငန်းတွေ မလည် ပတ်တော့ပါဘူး။ ဟိုးအရင်က  ကျွန်မတို့ ဒေသထွက် သနပ်ခါး ကျောက်ပြင်၊ မီးဖိုချောင်သုံး  ကျောက်ငရုတ်ဆုံလေးတွေကို လက်ရိုက်တုတ်နဲ့ ထုဆစ်လုပ် ကိုင်နေရာကအခုဆိုရင် လျှပ်စစ် နဲ့သွယ်ဆက်ပြီး စက်တွေနဲ့လုပ် ကိုင်လာကြပါတယ်။ အလုပ်ပြီး မြောက်မှု၊ လူသက်သာမှု၊ ပစ္စည်း အရည်အသွေးကောင်းမှုတွေ ပို လာပါတယ်။ ဒီတော့ လျှပ်စစ်ကို  အချိန်ပိုင်းပေးနေတဲ့ အချိန်မှာ တောင် မီးမလာချိန်ကို ကျန်အ လုပ်လုပ်ပြီးမီးလာချိန်မှ ကောက်  လုပ်ကြတာတောင် နေ့တွက် ကိုက်နေကြပါတယ်။ ပြောရမယ် ဆိုရင် မီးက ဘယ်လိုအနေအ ထားနဲ့လာလာ  လာတဲ့အချိန်အ လုပ်လုပ်တာတောင် တွက်ရေး ကိုက်နေကြတော့ ဒီလျှပ်စစ်မီးကို  လူတိုင်း မပစ်ပယ်ထားနိုင်ပါဘူး။

ရှေးခေတ်က မီးကိုမတွေ့ ခင် သားစိမ်း၊ ငါးစိမ်းစားလူရိုင်း ဘဝကနေ မီးကိုစတွေ့ချိန် ကင် စား၊ ချက်စားလုပ်တတ်ရာက  လူနေမှုတစ်ဆင့်မြင့်တက်လာပြီး ဘဝတွေတောင် အများကြီးကွာ ခြားသွားခဲ့ဖူးပါတယ်။ ဒီနေ့ခေတ် မှာတော့ လျှပ်စစ်မီးမှမရှိရင် တိုး တက်မှုတွေ  အကုန်နောက်ကျ ကုန်မှာအသေအချာပါ။

နိုင်ငံတစ်ခု တိုးတက်ဖို့ လျှပ် စစ်ဓာတ်အားဟာ အရေးကြီးဆုံး  ကဏ္ဍကနေ  ပါဝင်နေပါတယ်။ အသေချာဆုံးကတော့ လျှပ်စစ်မီး  ဟာမရှိရင် လုံးဝကိုမဖြစ်တဲ့အရာ ပါ။ ကိုယ်ပိုင်မီးစက်နဲ့ ဒီဇယ်ထည့် ပြီးမောင်းရင် တစ်ဂါလန်ကို ခြောက်နာရီ၊ ခုနစ်နာရီသာ မောင်းနိုင်ပါတယ်။ ဒီဇယ်တစ် ဂါလန်ကို  ငွေကျပ်လေးထောင် လောက်ပေါက်တော့ ခုနစ်နာရီ လောက်အသုံးပြုရင် ငွေလေး ထောင်ကုန်မှာပါ။ ဒါပေမဲ့ စိတ်ရှိ တိုင်းလုပ်ငန်းသုံးဖို့ ဓာတ်အား မလုံလောက်ပါဘူး။ လက်ရှိ ကျွန်မအိမ်မှာ တီဗီ၊ စလောင်း၊ ထမင်းဟင်းချက်၊ အဝတ်လျှော်  စက်၊ Air Con၊ ဆိုင်အတွက် မျက်နှာကြက်ပန်ကာခြောက်လုံး၊ ရေခဲသေတ္တာ၊ Air Cooler၊ Water Cooler၊ ကျန်တဲ့ လျှပ်စစ်အား သွင်းပစ္စည်းအမျိုးမျိုးသုံးတာအ ပြင်  အဝီစိတွင်းကနေတစ်နေ့ သုံး၊ လေးခါ လျှပ်စစ်နဲ့ရေတင်ပါ တယ်။

တစ်လကို  နှစ်သောင်းခွဲ ဝန်းကျင်ကျပါတယ်။ ခု ဈေးတက် ရင် တစ်လလေးသောင်းကျော်၊ငါးသောင်းလောက်ကျမယ်ထင် ပါတယ်။ တစ်ရက်ကို တစ်ထောင့် ငါးရာ၊ နှစ်ထောင်လောက်အကုန် ခံပြီး လုပ်ငန်းသုံးလို့ရနေပါတယ်။ လုပ်ငန်းကြီးရင် ကြီးသလောက် တော့ ကုန်ကျမှာပါ။ ဒါပေမဲ့ လုပ် ငန်းရဲ့ဝင်ငွေနဲ့ အချိုးချကြည့် ရင်လူတိုင်း တွက်ခြေကိုက်ပါ တယ်။ ဒီတော့ ဒီလိုသူရော ကိုယ် ပါ  မသုံးလို့မရ အသုံးပြုရမယ့်အ နေအထားတွေမှာ ဟိုလူ့လက်ညှိုး ထိုး ဒီလူ့လက်ညှိုးထိုးပြီးမီတာခ  တက်ရကောင်းလားလို့ ဘုပြော နေခြင်းဟာအဖြေမဟုတ်ပါဘူး။

လိုအပ်နေတဲ့ ရှုထောင့်အစုံစုံ ကနေ ဝိုင်းဝန်းဆင်ခြင်သုံးသပ်ပြီး  ကောင်းမွန်တဲ့ ရလဒ်ဖြစ်အောင်  အဖြေရှာခြင်းကသာ အမှန်ဆုံး ဖြစ်ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲနီးကပ် လာချိန်မှာ ပြည်သူတွေမုန်းနိုင်တဲ့ ဒီလိုမီတာခတွေ တိုးမြှင့်ကောက် ခံတာဟာ မဖြစ်မနေအမှန်တ ကယ်လိုအပ်လို့  ကောက်ခံတယ် ဆိုတာ သိသာပါတယ်။

ဒီနေရာမှာ တစ်ချက်ရှိပါ တယ်။ လုပ်ငန်းဆိုင်ရာပါဝါမီတာ သုံးအားတွေရဲ့အမှန်တကယ်အ သုံးပြုတဲ့မီတာခတွေ လျှပ်စစ်ဝန် ကြီးဌာနကို ထိထိရောက်ရောက်  ရောက်ရှိဖို့လည်း လိုအပ်ပါတယ်။ ဒါမှသာ ခုလိုမီတာခတွေတက် လာချိန် သာမန်အသုံးပြုတဲ့ ပြည် သူတွေ မနစ်နာနိုင်မှာဖြစ်ပါ တယ်။ တန်းတူအခွင့်အရေးဆို တာ ဒီလိုအရာတွေလည်း ပါဝင် နေပါတယ်။

နောက်တစ်ချက် လျှပ်စစ် သုံးပြည်သူအများကို ပြောပြချင် ပါတယ်။ လက်ဖက်ရည်တစ်ခွက် ငါးဆယ်၊ တစ်ရာကနေလေးရာ၊ ငါးရာဖြစ်တော့ အပြုံးမပျက်၊ လက်ဖက်ရည်ဆိုင် အထိုင်မပျက် ခဲ့ကြဘူးမဟုတ်လား။ နောက်ပြီး ခုခေတ်အိမ်တစ်အိမ်မှာ ဈေး တက်သွားမယ့် လျှပ်စစ်မီတာခ ထက် ပိုတောင်များနေသေးတဲ့  တိတ်တိတ်ပုန်း ထွက်ငွေတစ်ခု လည်းရှိနေပါသေးတယ်။ အဲဒါ ကတော့ မိသားစုဝင်ငါးဦးဆို လက်ကိုင်ဖုန်းငါးလုံးရှိတဲ့ ဒီခေတ် ထဲမှာ နေ့စဉ်ထွက်နေတဲ့ဖုန်းဘီလ် ဖိုးပါပဲ။ လူတစ်ယောက်ကို ဖုန်း ဘီလ်နှစ်ရက်မှ တစ်ထောင်ဖိုး သုံးတယ်ထားပါ။ အိမ်တစ်အိမ် မှာ တစ်ရက်ကို ဖုန်းဘီလ်ဖိုးအ နည်းဆုံးနှစ်ထောင်နဲ့ သုံးထောင် ကြားရှိပါတယ်။ ဒါ လုံးဝအသုံးအ နည်းဆုံး လက်လုပ်လက်စားအိမ် တစ်အိမ်ရဲ့အနေအထားကို ပြော ပြတာပါ။ဒီထက် ပိုကုန်တဲ့အိမ် ချည်းပါ။ ဒီတော့ မီတာခတက် တာက ပြဿနာကြီးတစ်ခုတော့ မဟုတ်တာ သိသာပါတယ်။

ကျွန်မတို့နိုင်ငံဟာ  သဘာဝ တရားကြီးက လက်ဆောင်ပေး ထားတဲ့ သဘာဝသယံဇာတတွေ  အများကြီးပါ။ တချို့သယံဇာ တတွေက အချောထည်လုပ်ပြီး နိုင်ငံတကာပို့နိုင်ရင် နိုင်ငံ့ဝင်ငွေ အများကြီးပါ။ ဒီလို အချောထည် လုပ်ဖို့ နည်းပညာလိုအပ်ပါတယ်။ အဲဒီနည်းပညာကို အသုံးပြန်ချဖို့ ရာမှာလည်း လျှပ်မီးလိုအပ်ပါ တယ်။ ဒါကြောင့် လျှပ်စစ်မီး မီတာခတက်တာက ပြဿနာ  မဟုတ်ပါဘူး။ ဒီလျှပ်စစ်မီးကို ဘယ်လို ပေါများအောင် လုပ်ရ မယ်ဆိုတာကသာ အဓိကပြဿ နာဖြစ်နေပါတယ်။

တကယ်တော့ လျှပ်စစ်မီး လုံလုံလောက်လောက် အသုံးပြု နိုင်ဖို့က အရေးကြီးတယ်ဆိုတာ ကျွန်မတို့အားလုံး သိပြီးသားပါ။ ဒါကြောင့် အဖြေသိနေတဲ့ပုစ္ဆာအ တွက်နည်းမှန်ဖို့ ကြိုးစားသင့်နေ တာမို့ မီတာခဈေးတက်တာအ ပေါ်မှာ ငြိုငြင်စိတ်နဲ့ ကျန်တဲ့အ တွေးအမြင်တွေကို ပိတ်လှောင် မထားစေချင်ပါဘူး။။

No comments:

Post a Comment