Wednesday, July 3, 2019

ဂျာမဏီ အမျိုးသမီးကာကွယ်ရေးဝန်ကြီး ဥရောပကော်မရှင်ဥက္ကဋ္ဌအဖြစ် ခန့်အပ်

၂၈ နိုင်ငံ ပါဝင်တဲ့ EU ဥရောပသမဂ္ဂ ခေါင်းဆောင်သစ်တွေကို အနည်းဆုံး နောင် ငါးနှစ်ကြာ သက်တမ်းအထိ ရွေးချယ်လိုက်ပြီ ဖြစ်တဲ့အတွက် EU အဖွဲ့ဝင်တွေကြား သောင်မတင်ရေမကျဖြစ်မှုကို အဆုံးသတ်စေခဲ့ပါတယ်။ ဂျာမဏီ ကာကွယ်ရေးဝန်ကြီး Ursula von der Leyen ကို ဥရောပကော်မရှင် ဥက္ကဋ္ဌအဖြစ်နဲ့ ဘယ်လ်ဂျီယန်ဝန်ကြီးချုပ် Charles Michel ကို EU ကောင်စီဥက္ကဋ္ဌအဖြစ် ရွေးချယ်ခဲ့ကြောင်း လက်ရှိ ဥရောပကောင်စီဥက္ကဋ္ဌ Donald Tusk အင်္ဂါနေ့က ကြေညာခဲ့ပါတယ်။ ငွေကြေး ကျွမ်းကျင်ပညာရှင် ပြင်သစ်နိုင်ငံက Christine Legarde ကို ဥရောပ ဗဟိုဘဏ်ဥက္ကဋ္ဌအဖြစ် ခန့်အပ်လိုက်ပြီး ယာယီ စပိန်နိုင်ငံခြားရေးဝန်ကြီး Josep Borrell ကို ဥရောပနိုင်ငံခြားရေးရာ အကြီးအကဲအဖြစ် ရွေးချယ်လိုက်ပါတယ်။ ဥရောပ ပါလီမန် ဥက္ကဋ္ဌရာထူးကိုတော့ Strasbourg မှာ ဒီနေ့ ဗုဒ္ဓဟူးနေ့ လွှတ်တော်အမတ်တွေက ရွေးချယ်ကြမှာ ဖြစ်ပါတယ်။

No comments:

Post a Comment