Wednesday, July 3, 2019

Samsung Galaxy A80 မြန်မာနိုင်ငံတွင် တရားဝင်မိတ်ဆက်

 တောင်ကိုရီးယားနိုင်ငံ အခြေစိုက်စမတ်ဖုန်းကုမ္ပဏီ ဆမ်ဆောင်းသည် ၎င်းတို့၏နောက်ဆုံး ပေါ် စမတ်ဖုန်း Galaxy A80 ကို မြန်မာနိုင်ငံဈေးကွက်တွင် စတင်ရောင်းချရန် ဇွန်လ ၃၀ ရက်က မန္တလေးမြို့၌ Galaxy Fan Party နှင့်အတူ တရားဝင်မိတ်ဆက်ခဲ့ သည်။ Galaxy A80 စမတ်ဖုန်း သည် ကင်မရာသုံးလုံးပါဝင်ပြီး ကျောဘက်ကင်မရာသာမက အရှေ့ဘက်ကင်မရာပါ ပြောင်းလဲအသုံးပြုနိုင်သော ဆမ်ဆောင်းကုမ္ပဏီ၏ ပထမဆုံးစမတ်ဖုန်းဖြစ်ကာ 48MP ကင်မရာ၊ 8MPမြင်ကွင်းကျယ်ကင်မရာနှင့် 3D ကင်မရာတို့ ထည့်သွင်းထား သည်။



ဖုန်းမျက်နှာပြင် ၆ ဒသမ ၄ လက်မရှိသော FHD+ SuperAMOLED Display တပ်ဆင်ထားပြီး သီချင်း၊ ရုပ်ရှင်နှင့် ဂိမ်းများအတွက် ကောင်းမွန်သည့် အသံထွက်များ ရရှိစေမည့် Dolby Atmos နည်းပညာ ထည့်သွင်းထားသည်။ Galaxy A80 စမတ်ဖုန်းတွင် ဖုန်းတွင်း မှတ်ဉာဏ် 128GB နှင့် RAM 8GB ပါဝင်ပြီး တစ်နေ့တာ လုံလောက်စွာ အသုံးပြုနိုင်မည့် 3700mAh ဘက်ထရီနှင့်အတူ 25W အထိ မြန်နှုန်းရှိသော Fast Charging စနစ်လည်း ပါဝင် သည်။  Galaxy A80 စမတ်ဖုန်းကို ကျပ် ၉၉၉,၀၀၀ ဖြင့် ဇူလိုင် ၂၂ ရက်က စ၍ ပြည်တွင်းဈေးကွက် တွင် ရောင်းချမည်ဖြစ်ကြောင်း ဆမ်ဆောင်းမြန်မာ၏  မိုဘိုင်းနှင့်အိုင်တီဌာန အကြီးအကဲ ကိုဇာနည်ဝင်းထက်က ပြောသည်။

No comments:

Post a Comment