Wednesday, July 3, 2019

တရုတ်နိုင်ငံသို့ ပို့ဆောင်ရန် တရားမဝင်သယ်ဆောင်လာသော မြင်း ၁ ကောင်နှင့် လား ၇ ကောင် ဖမ်းဆီးရမိ

ရှမ်းပြည်နယ်၊ လောက်ကိုင်မြို့နယ်၊ တာလင်ကေးကျေးရွာအနီး၌ ဇွန်လ ၃၀ ရက်နေ့ ည ၈ နာရီခွဲအချိန်တွင် နယ်မြေခံတပ်မှ တပ်မတော်သားများသည် နယ်မြေလုံခြုံရေးဆောင်ရွက်လျက် ရှိစဉ် လောက်ကိုင်မြို့၊ လော်ထုံကူကျေးရွာနေ လီကျားချန်း(၂၅)နှစ်ပါ ၂ ဦးအား မြင်းထီး (၁) ကောင်၊ လား(၇)ကောင်တို့နှင့်အတူ တွေ့ရှိဖမ်းဆီးရမိသဖြင့် စစ်မေးရာ အဆိုပါမြင်းနှင့် လားများ အား တရုတ်နိုင်ငံ၊ နန့်စန်မြို့သို့ တရားမဝင်ပို့ဆောင်ရန် သယ်ဆောင်လာခြင်းဖြစ်ကြောင်း သိရှိရ၍ အရေးယူပေးရန် တိုင်တန်းချက်အရ လီကျားချန်းပါ (၂) ဦးအား ရန်လုံကျိုင်းနယ်မြေ ရဲစခန်း (ပ)၃/၂၀၁၉၊ အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုအက်ဥပဒေပုဒ်မ ၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်း ရရှိသည်။

No comments:

Post a Comment