Wednesday, July 3, 2019

တီးတိန် ပန်းသီးအထွက်နှုန်းကောင်းသော်လည်း ရာသီဥတုဖောက်ပြန်မှုကြောင့် အလုံးသေးကာ ဝယ်လိုအားကျဆင်းနေ

 ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း အများဆုံး စိုက်ပျိုးပြီး ပြည်တွင်း၊ ပြည်ပ ဈေး ကွက်အထိအရောင်းအဝယ်ဖြစ်နေ သော ချင်းတောင်ပန်းသီးမှာ ယခု နှစ်ပန်းသီးအထွက်နှုန်း ကောင်းမွန် သော်လည်း ရာသီဥတုပူပြင်းမှု ကြောင့် ပန်းသီးအလုံးသေးငယ် ကာ ဝယ်လိုအားကျဆင်းသွား ကြောင်းသိရသည်။ ပန်းသီးကို ချင်းပြည်နယ် နေရာဒေသအနှံ့စိုက်ပျိုးဖြစ်ထွန်း မှုရှိသော်လည်း တီးတိန်မြို့နယ် ဗန်းတဲ့၊ ဆိုဇန်၊ ဆွောင်းပီး၊ လိုင် တွီး၊ ဒေါ်ရ်လွန်ဒေသများတွင် အများဆုံးစိုက်ပျိုးပြီး ဇွန်လဆန်း ချိန်မှစတင်၍ ပေါ်ဦးပေါ်ဖျား ပန်းသီးများကို ကလေးမြို့ဈေးကွက် သို့ အများဆုံးတင်ပို့ရောင်းချသည်။

""ပန်းသီးအထွက် နှုန်းကတော့ မကျဘူး။ အခုနွေရာသီမှာ အပူ ရှိန်ပြင်းတဲ့အချိန် ပန်းသီးအဖူးအ ပွင့်ထွက်ရလို့လားမသိဘူး၊

ပန်း သီးအလုံးသေးသွားတယ်။ ဈေး ကွက်မှာတော့ ဝယ်လိုအားကျဆင်း သွားတယ်။ ပြီးခဲ့တဲ့နှစ်တွေတုန်း က ပန်းသီးအလုံးလှ၊ အထွက်နှုန်း ကောင်းဆိုတော့ ဝယ်လက်ဖောက် သည်တွေတန်းစီနေတာပါ။ အခု နှစ်ပေါ်ဦးပေါ်ဖျားတော့ ဝယ်လို အားနည်းနေသေးတယ်။ ဇူလိုင်လ ပန်းသီးလှိုင်လှိုင်ပေါ်ချိန်ဆိုရင် တော့ မဆိုနိုင်ဘူး။""ဟု တီးတိန် မြို့နယ် ဗန်းတဲ့ကျေးရွာမှ ဦးဆွမ် ပေါက်က ဇွန် ၃၀ ရက်တွင် ပြော ကြားသည်။
ပြီးခဲ့သည့်ဆယ်စုနှစ်ဝန်းကျင် မှ အစပြု၍ဂျာမနီနှင့်တရုတ် စိုက် ပျိုးရေးပညာရှင်များ၏ အကူအ ညီနည်းစနစ်ဖြင့် တီးတိန်မြို့နယ် ၌ စိုက်ပျိုးထားသည့် ပန်းသီးပင် များကို ပြုပြင်ခဲ့ကြရာ အထွက်နှုန်း နှင့် အရောင်အသွေး အရောင် အဆင်းနှင့် အရသာတိုးတက် ကောင်းမွန်လာသည့်အတွက် တရုတ်နယ်စပ်၊ စင်ကာပူနှင့်အိန္ဒိယ နိုင်ငံများသို့ တင်ပို့ရောင်းချနိုင်ခဲ့ သည်။

ချင်းပြည်နယ်ထွက် အိုက်ဝါ သီး၊ အောသီး၊ ရူဘီသီး၊ဒေါင်သီး ရီကိုရီသီး၊ ဂျပ်နသီး၊ အစိမ်းသီး၊ ရောနသံသီးတို့ကို ကလေးဈေး ကွက်သို့ နေစဉ်တင်ပို့နေရာ အိုင်ဝါ သီးမှာ အရောင်းအဝယ်အသွက် ဆုံးဖြစ်ပြီး ယခုရက်ပိုင်းကလေး ဈေးကွက်တွင် အိုင်ဝါသီ တစ်ပိ ဿာငွေကျပ် ၃၀ဝ၀ဖြင့် အရောင်း အဝယ်ဖြစ်နေပြီး အစိမ်းသီး၊ ရောန သံသီးတို့မှာ တစ်ပိဿာ ၁၅၀ဝကျပ် ဝန်းကျင်ဖြင့် အရောင်းအဝယ်ဖြစ် ကြောင်းသိရသည်။

No comments:

Post a Comment