Wednesday, July 3, 2019

တောင်ကြီးမြို့တွင် မြန်မာ-တရုတ် ကုန်ပစ္စည်းမိတ်ဆက်ပြပွဲကျင်းပ

 တောင်ကြီးမြို့ ရေ အေးကွင်းရပ်ကွက်ရှိ ကမ္ဘောဇ ကုန်သွယ်မှု ဗဟိုဌာနခန်းမတွင် မြန်မာ-တရုတ် ကုန်ပစ္စည်းမိတ် ဆက်ပြသပွဲကို ဇူလိုင် ၂ ရက်က စတင်ခင်းကျင်းပြသနေသည်။ြ မန်မာ-တရုတ် နှစ်နိုင်ငံအ ကြား စီးပွားရေးအခွင့်အလမ်းများ ပိုမိုတိုးချဲ့ရန်နှင့် ချစ်ကြည်ရင်းနှီး မှု၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံ မှုများ အပြန်အလှန်တိုးပွားစေ ရန်၊ အရည်အသွေးပြည့်မီသော တရုတ်နိုင်ငံထုတ်ကုန်ပစ္စည်းများ မြန်မာ့ဈေးကွက်သို့ မိတ်ဆက်ပေး ရန်နှင့် ရှမ်းပြည်နယ်ထွက်ကုန် ပစ္စည်းများကို တရုတ်နိုင်ငံသို့ ပြန်လည်မိတ်ဆက်ပေးရန် ယင်း ပြပွဲ  ကျင်းပခြင်းဖြစ်ကြောင်း ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ လျှပ် စစ်နှင့် စက်မှုဝန်ကြီး ဦးစိုင်းရှဲန် တစ်လုံက ပြောသည်။



‘‘ပြပွဲကျင်းပခြင်းဖြင့် ရှမ်း ပြည်နယ်ရဲ့ သဘာဝအလှတရား တွေကို ပြည်ပနိုင်ငံသားတွေ ပိုမို သိရှိလာပြီးတော့ ခရီးသွားလုပ် ငန်းကဏ္ဍ ပိုမိုးတိုးတက်လာမှာ ဖြစ်ပြီး ကဏ္ဍပေါင်းစုံ အလုပ်အ ကိုင်အခွင့်အလမ်း အကျိုးကျေးဇူး တွေရရှိကာ လုပ်ငန်းရှင်အချင်း ချင်း ဈေးကွက်ချိတ်ဆက်ဆောင် ရွက်နိုင်မှာဖြစ်တယ်’’ဟု ဦးစိုင်း ရှဲန်တစ်လုံက ပြောသည်။

ယင်းမိတ်ဆက်ရောင်းချပွဲကို မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၊ ကမ္ဘောဇကုန်သွယ်မှု ဗဟိုဌာနက ဦးဆောင်ကာ တရုတ်နိုင်ငံမှ ကွင်းမင်၊ ကွင်းမန်၊ မဲခေါင် စီးပွားရေး လုပ်ငန်းတို့၏ ပံ့ပိုးကူညီမှုဖြင့် ကျင်းပခြင်းဖြစ်ကြောင်း ပွဲကျင်းပရေးကော်မတီက ထုတ် ပြန်သည်။

အဆိုပါ ပြပွဲတွင် တရုတ် နိုင်ငံမှ လုပ်ငန်းရှင် ၂၅ ဦးနှင့် ရှမ်း ပြည်နယ်ဒေသရှိ လုပ်ငန်းရှင်ခုနစ်ဦးတို့က ထုတ်ကုန်ပစ္စည်းများ ခင်းကျင်းပြသထားသည်။

ပြပွဲတွင် အီလက်ထရွန်နစ် ပစ္စည်း၊ လက်မှုထုတ်ကုန်၊ အဝတ်အထည်၊ အစားအသောက်နှင့် အဆင့်မြင့်ရိုးရာ ထွက်ကုန်များ ပြသထားပြီး ဆိုင်ခန်း ၂၀၀ ကျော် ပါရှိသည်။ ပြပွဲကို ဇူလိုင် ၂ ရက်မှ ဇူလိုင် ၁၃ ရက်အထိ ကျင်းပမည် ဖြစ်သည်။

No comments:

Post a Comment